Saturday, May 11, 2019

လွှတ်တော်ဒုတိယဥက္ကဋ္ဌ အနေဖြင့် လွှတ်တော်အစည်းအဝေး၌ မေးခွန်းမေးမြန်းခြင်းမှာ မသင့်လျော်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မွန်ပြည်နယ်လွှတ်တော်သို့ စာပေးပို့ခဲ့ဟုသိရ

လွှတ်တော် ဒုတိယဥက္ကဋ္ဌဌအနေဖြင့် လွှတ်တော်အစည်းအဝေး၌ မေးခွန်းမေးမြန်း ခြင်းမှာ မသင့်လျော်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မေ ၉ ရက် ညနေပိုင်းက မွန်လွှတ်တော်သို့ စာပေးပို့ ခဲ့ဟု မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဌ ဒေါ်တင်အိ၏ ပြောကြားချက်အရ သိရသည်။ “မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌဌဖြစ်တဲ့ ဒေါက်တာအောင်နိုင်ဦးဟာ ချောင်းဆုံမြို့ နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေအ မှတ် (၁) က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်တယ်။ ကိုယ်စားလှယ်တိုင်းသည် မေးခွန်းမေးခွင့်ရှိပါတယ်။ လွှတ်တော် ဒုဥက္ကဋ္ဌဌလည်း ကိုယ်စားလှယ်ပဲလေ။ ကိုယ်စား လှယ်တိုင်းဟာ မေးခွန်းမေးခွင့်ရှိပါတယ်” ဟု မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဌဖြစ်သူ ဒေါ်တင်အိက ပြောကြားသည်။



မွန်ပြည်နယ်ဝန်ကြီးချုပ်ထံမှ ပေးပို့ လာသည့် စာမှာ လွှတ်တော်ရုံးဝင်စာ၊ ထွက်စာ ဌာနတွင်ရှိကြောင်း၊ ဝန်ကြီးချုပ်မှာ အုပ်ချုပ် ရေးအာဏာ၊ လွှတ်တော်သည် ဥပဒေပြုရေး အာဏာဖြစ်သည့်အတွက် သီးခြားစီသာဖြစ် ကြောင်း၊ ဝင်ရောက်စွက်ဖက်ခွင့် မရှိကြောင်း၊ အပြန်အလှန်လေးစားမှု ရှိရမည်ဖြစ်ကြောင်း နှင့် ဒေါက်တာအောင်နိုင်ဦးအနေဖြင့် လွှတ်တော်အစည်းအဝေးအတွင်း မေးမြန်းခဲ့ သည့် မေးခွန်းများသည် လွှတ်တော်ဆိုင်ရာ နည်းဥပဒေများနှင့်အညီဖြစ်ကြောင်း ဒေါ်တင်အိ က ဆက်လက်ပြောကြားသည်။ အဆိုပါ မွန်ပြည်နယ်ဝန်ကြီးချုပ်မှ မွန် ပြည်နယ်လွှတ်တော်သို့ ပေးပို့ခဲ့သော လွှတ်တော် ဒုဥက္ကဋ္ဌဌအနေဖြင့် လွှတ်တော် အစည်းအဝေး၌ မေးခွန်းမေးမြန်းခြင်းမှာ မသင့်လျော်ကြောင်း ရေးသားထားသည့် စာအား မေ ၁၀ ရက် နံနက်ပိုင်းအချိန်က ပြန်လည်ယူသွားကြောင်း မွန်ပြည်နယ်လွှတ်တော်ရုံးထံမှ သိရ သည်။

လက်ရှိပြုလုပ်လျက်ရှိသော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃) ကြိမ် မြောက်ပုံမှန်အစည်းအဝေး၌ ဒေါက်တာ အောင်နိုင်ဦးမှ မေးမြန်းခဲ့သည့် ရေးမြို့နယ် မြောက်ပိုင်းရှိ Southern Myanmar Development Co., Ltd (SMD)မှ လုပ်ဆောင်ခဲ့ သည့် ငွေကျပ်သိန်း ၁၀ဝ၀ဝ တန်လုပ်ငန်း ဖြစ်သော အောင်သပြေ-နှစ်ကရင် ကျေးရွာ ချင်းဆက်လမ်းပိုင်းနှင့်ပတ်သက်သည့် မေး ခွန်းအား မွန်ပြည်နယ်ဝန်ကြီးချုပ်မှ ပြန်လည် ဖြေကြားရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ညွှန်ကြားချက်အရ တင်ဒါကင်း လွတ်ခွင့်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်း ဖြေကြားခဲ့သည့်အတွက် ဝေဖန်မှု များဖြစ်ပေါ်နေကြောင်းသိရသည်။

မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌဌ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁)မှကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာ အောင်နိုင်ဦးမှာ ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်အစည်းအဝေး (၁၃) ကြိမ်၌ မေး ခွန်းပေါင်း ၄၀ ကျော်မေးမြန်းခဲ့သည့်အပြင် အဆိုပေါင်းငါးခုထက်မနည်း တင်သွင်းထား ကြောင်း မွန်ပြည်နယ်လွှတ်တော်ရုံးထံမှ သိရသည်။ 

No comments:

Post a Comment