Saturday, May 11, 2019

ပရိသတ်တွေ အတွက် သရုပ်ဆောင်ဖြစ်ချင်တဲ့ မေဘရဏီသော်

“ပန်းနှစ်ပွင့်စီးချင်း” ရုပ်သံဇာတ်လမ်းတွဲနဲ့ လူသိများလာတဲ့ အလှမယ် မေဘရဏီသော်က ပရိသတ်တွေအသိအမှတ်ပြုတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ လက်ရှိအချိန်ထိ ကြိုးစားနေဆဲဖြစ်တယ်လို့ ဖွင့်ဟလာပါတယ်။ အစောပိုင်းကတော့ သရုပ်ဆောင်ဖြစ်ဖို့ ယုံကြည်မှု မရှိခဲ့ပေမယ့် ပရိသတ်တွေရဲ့ အားပေးမှု ကို တခဲနက် ရလာချိန်မှတော့ သရုပ်ဆောင်ကောင်းဖြစ်ဖို့ ကြိုးစားချင်စိတ်တွေ ဖြစ်လာတယ်လို့ မေဘရဏီသော်က ပြောပါတယ်။



လတ်တလောမှာတော့ “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားမှာသရုပ်ဆောင်နေခြည်ဦး နဲ့အပြိုင်သရုပ်ဆောင်ရမှာဖြစ်ပြီး ဒီဇာတ်ရုပ်ဟာ သူ့အတွက်ခက်ခဲနိုင်တယ်လို့လည်းဆိုပါတယ်။

မေဘရဏီသော်အနေနဲ့လည်း နောက်ထပ်လည်း ဇာတ်လမ်းတွဲတွေ လက်ခံရိုက်ကူးနေသလို ပရိသတ်တွေဆီက အပြုသဘောဆောင်တဲ့ဝေဖန်မှုတွေကိုလည်း အမြဲတမ်းနားထောင်နေတယ်လို့လည်း မေဘရဏီသော်က ပြောလာပါတယ်။

No comments:

Post a Comment