Saturday, May 11, 2019

တစ်နှစ်ကျော်အရွယ် ကလေးကို ညှဉ်းပန်းသည့် အဘွားနှင့် အဒေါ်ကို စတင်ရုံးထုတ် သက်ဆိုင်ရာက တရားလို ဆက်လုပ်စေလိုဟု အမှုတိုင်ကြားသူပြော

တစ်နှစ်နှင့်ကိုးလအရွယ် ကလေးငယ်ကို ညှဉ်းပန်းနှိပ်စက် သည့် အဘွားနှင့်အဒေါ်ကိုထောင် ဒဏ် ၁၀ နှစ်မှ တစ်ကျွန်းအထိ ကျခံနိုင်သည့်ပုဒ်မဖြင့် မြောက် ဥက္ကလာပမြို့နယ် တရားရုံးတွင် မေလ ၁၀ ရက်က ရုံးထုတ်ခဲ့ သည်။ ကလေးငယ်ကို ကျောက် စည်ကန်အတွင်း ရေနှစ်နေသည့် ဗီဒီယိုဖိုင်လူမှုကွန်ရက်တွင် ပျံ့နှံ့ လာပြီးနောက် နှိပ်စက်ညှဉ်းပန်း သူအဘွားနှင့်အဒေါ်ကို မြောက် ဥက္ကလာပရဲစခန်းက ဧပြီ ၂၁ ရက် တွင် ဖမ်းဆီးပြီး ကလေးသူငယ် ဥပဒေဖြင့် ကနဦးအမှုဖွင့်ခဲ့သည်။



ထို့နောက် မြောက်ဥက္ကလာ ပတရားရုံးသို့ တရားစွဲတင်ရာတွင် လူသတ်မှုကျူးလွန်ရန် အား ထုတ်သည့်ပုဒ်မ ၃၀၇ သို့ ပြောင်း လဲပြီး ယမန်နေ့က ပထမအကြိမ် ရုံးထုတ်ခဲ့သည်။ တရားလိုဘက် မှ ရှေ့နေပါဝါတင်ခဲ့ပြီး စွပ်စွဲခံရ သူများက ရှေ့နေမငှားရသေး၍ တရားရုံးချိန်းကို မေလ ၁၆ ရက် သို့ ပြောင်းလဲ ချိန်းဆိုခဲ့သည်။

ယခုအမှုတွင် တရားလို ဒေါ်နိုင်နိုင်မော်သည် စွပ်စွဲခံရသူ များ၏ နေအိမ်နောက်ကျောတွင် အိမ်ငှားနေထိုင်သူဖြစ်ပြီး အမှိုက် လှည်းတွန်းသည့် အလုပ်လုပ်ကိုင် သူဖြစ်သည်။ ထို့ကြောင့် ယခုကဲ့ သို့ တရားရုံးသို့ အပတ်စဉ်လာ ရောက်အစစ်ခံရန် အခက်အခဲရှိ သည်ဟု ၎င်းကပြောသည်။ ‘‘ဖြစ်နိုင်ရင်တော့ တာဝန်ရှိ တဲ့လူတစ်ယောက်ယောက်က တ ရားလိုလုပ်ပြီး စွဲစေချင်တယ်’’ ဟု ဒေါ်နိုင်နိုင်မော်က ပြောသည်။

လက်ရှိအချိန်တွင် နှိပ်စက် ခံရသည့် တစ်နှစ်နှင့်ကိုးလအရွယ် ကလေးငယ် မောင်းမင်းချစ်သူကို လူမှုဝန်ထမ်းက ခေါ်ယူစောင့် ရှောက်ထားပြီး မိခင်နှင့်ဆက် သွယ်ရန် ကြိုးစားနေသည်ဟု မြောက်ဥက္ကလာပမြို့နယ်ရဲတပ် ဖွဲ့က ပြောကြားထားသည်။

‘‘အမှုကလည်း ကြာမှာ။ အုပ်ချုပ်ရေးမှူးက ဖြစ်ဖြစ်၊ လူ ကယ်ပြန်ကပဲဖြစ်ဖြစ် တရားလို လုပ်ပြီး တရားစွဲရင်တော့ သူ့အ တွက် ပိုအဆင်ပြေမှာပါ’’ ဟု ဒေါ်နိုင်နိုင်မော်နှင့် နီးစပ်သူတစ်ဦး က ပြောသည်။

မောင်မင်းချစ်သူ၏ ဖခင်နှင့် မိခင်နှစ်ဦးစလုံးသည် နေအိမ်တွင် နေထိုင်ခြင်းမရှိဘဲ အဘွားနှင့်အ ဒေါ်တို့က နေအိမ်တွင် နေ့ပေါင်း များစွာ ရေနွေးပူဖြင့်ပက်ခြင်း၊ အိမ်သာရေသောက်ခိုင်းခြင်း၊ကြိုး တုတ်ရိုက်ခြင်းစသည့် နှိပ်စက် ညှဉ်းပန်းမှုများ ရှိခဲ့သည်ဟု တ ရားလိုဒေါ်နိုင်နိုင်မော်က ပြော ကြားထားသည်။  ဒေါ်နိုင်နိုင်မော်က ကလေးငယ်ကို အဘွားနှင့် အဒေါ်တို့က ရေနစ်နေသည့် ဗီဒီယိုဖိုင်ကို ဖုန်းဖြင့် ခိုးယူရိုက်ကူးကာ ရဲတပ်ဖွဲ့ထံတိုင်ကြားခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment