Saturday, May 11, 2019

ပြည်အကျဉ်းထောင်ရှေ့တွင် ရဲတပ်ဖွဲ့ဝင်များကို တာဝန်ချထားဟုဆို

 ပြည်အကျဉ်းထောင်ရှေ့ တွင် ရဲတပ်ဖွဲ့ဝင်များကို တာဝန် ချထားကြောင်း ပြည်ခရိုင်ရဲတပ် ဖွဲ့မှ ရဲမှူးစိုးမြင့်က ပြောသည်။ အကျဉ်းထောင်များတွင် ဆန္ဒပြမှု ဖြစ်ပေါ်နေသောကြောင့် ပြည်အကျဉ်းထောင်၏ အခြေအ နေကို စောင့်ကြည့်ပေးရခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။ ‘‘ပြည်အကျဉ်းထောင်က တော့ အေးအေးဆေးဆေးရှိပါ တယ်။ အတွင်းပိုင်းမှာတော့ အ ကျဉ်းဦးစီးက တာဝန်ယူထားပါ တယ်။ အပြင်ပိုင်းမှာ ရဲတပ်ဖွဲ့က စောင့်ကြည့်ပေးတဲ့ သဘောပါ’’ ဟု ရဲမှူးစိုးမြင့်က မေလ ၁၀ ရက် နံနက်၌ ပြောသည်။



နိုင်ငံတော်သမ္မတ၏ လွတ် ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား များ လွှတ်ပေးပြီး နောက်ပိုင်း မေလ ၈ ရက်က ဘားအံထောင်၊ ကလေးထောင်တို့တွင် လွတ်ငြိမ်း ချမ်းသာခွင့်ရရှိရေး ဆူပူဆန္ဒပြမှု များ ဖြစ်ပွားခဲ့သည်။ ယင်းနောက် မေလ ၉ ရက် တွင် ပုသိမ်ထောင်၊ သာယာဝတီ ထောင်၊ မြစ်ကြီးနားထောင်၊ ရွှေ ဘိုထောင်၊ ထားဝယ်ထောင်တို့ ၌ ဆက်လက်ဖြစ်ပွားသည်။ ရွှေဘို ထောင် ဆူပူမှုတွင် တာဝန်ရှိသူများက နှိမ်နင်းရာ အကျဉ်းသားလေးဦး သေဆုံးသည်။ နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်များကို အကြောင်းပြု၍ အကျဉ်း ထောင်ခုနစ်ခု၌ ဆူပူမှု ဖြစ်ပွားရာ တွင် ချိတ်ဆက်မှုနှင့် သွေးထိုးလှုံ့ ဆော်မှုများရှိနေကြောင်း သုံးသပ် ရရှိ၍ အကျဉ်းထောင်ဆူပူမှုများ နှင့် ပတ်သက်ပြီး အဖြစ်မှန်ပေါ် ပေါက်ရေး ထိရောက်စွာ စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက မေလ ၉ ရက်၌ သတင်းထုတ်ပြန်သည်။

No comments:

Post a Comment