Saturday, May 11, 2019

လူမှုဖူလုံရေးအာမခံအလုပ်သမားများ OSC အထူးကုဆေးရုံတွင် မေလ ၁၁ ရက်ကစ၍ ဆေးကုသခွင့်ရမည်

လူမှုဖူလုံရေးအာမခံ  အလုပ်သမားများသည် မြောက် ဥက္ကလာပမြို့နယ်ရှိ OSC အထူး ကုဆေးရုံတွင် မေလ ၁၁ ရက်(ယနေ့)ကစ၍ ဆေးကုသခွင့်ရရှိမည်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ဦးမောင်မောင်အေးက ပြောသည်။ လူမှုဖူလုံရေးအဖွဲ့နှင့် OSC အထူးကုဆေးရုံတို့ဆေးဝါးကုသ မှုဆိုင်ရာသဘောတူစာချုပ်ချုပ် ဆိုပြီးနောက် ရှေ့ပြေးစီမံချက်အ နေဖြင့် ယင်းဆေးရုံအနီးတစ်ဝိုက်  တွင် နေထိုင်သည့်လူမှုဖူလုံရေး အာမခံအလုပ်သမားများသည်  ပြင်ပလူနာအဖြစ်ဆေးကုသမှုစ တင်ခံယူနိုင်မည်ဖြစ်ကြောင်း ၎င်း ကဆိုသည်။
‘‘အစပိုင်းကတာ့ အဲဒီဆေး ရုံအနီးတစ်ဝိုက်က အလုပ်သမား   တွေအတွက်ရည်ရွယ်တာပေါ့။   အဲဒီမှာကိုယ်တို့က စောင့်ကြည့် မယ်။ ကုသမှုပိုင်းကသတ်မှတ် ချက်တွေနဲ့ကိုက်ညီလားပေါ့။ အ ဆင်ပြေပြီဆိုတဲ့အခါကျတခြား မြို့နယ်တွေကအလုပ်သမားတွေ ကလည်း အဲဒီဆေးရုံမှာ ဆေးကု သမှုခံယူချင်ပါတယ်ဆိုရင်ခွင့်ပြု  ပေးဖို့အထိအစီအစဉ်ရှိတယ်’’ ဟု  ဦးမောင်မောင်အေးက ပြော သည်။ OSC အထူးကုဆေးရုံသည်  မြောက်ဥက္ကလာပမြို့နယ် မယ် လမုဘုရားအနီးတွင်ရှိပြီး မေလ  ၁၁ ရက်တွင် လူမှုဖူလုံရေးလုပ် သားများကို ကုသပေးမည့်ဆေး ခန်းဖွင့်လှစ်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

လူမှုဖူလုံရေး - OSC ဆေး ခန်းတွင် အလုပ်သမားများအနေ  ဖြင့် ငွေကြေးပေးဆောင်စရာမလို ဘဲ ပြင်ပလူနာအဖြစ်ဆေးကုသမှု  ခံယူနိုင်ပြီး နောင်တွင် ဆေးရုံ တက်ကုသနိုင်သည့်အဆင့်အထိ   တိုးမြှင့်ဆောင်ရွက်ရန်စီစဉ်ထား ကြောင်း ဦးမောင်မောင်အေးက ပြောသည်။ထိုသို့ဆေးကုသမှုခံယူသည့်  လုပ်သားများအတွက် ကုန်ကျစရိတ်ကို လူမှုဖူလုံရေး အဖွဲ့က  ကျခံပေးခြင်းဖြစ်သည်။

ယခုကဲ့သို့ OSC အထူးကု ဆေးရုံနှင့် ကျန်းမာရေးဝန်ဆောင်   မှုပေးခြင်းသည် လူမှုဖူလုံရေးအ ဖွဲ့၏  ပထမဆုံးစမ်းသပ်မှုဖြစ်ပြီး   လုပ်ငန်းအောင်မြင်ပါက အခြား    ပုဂ္ဂလိက ဆေးရုံများနှင့်ပူးပေါင်း  ဆောင်ရွက်ရန်ရှိကြောင်း အလုပ်  သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်း ဆွေက ပြောကြားထားသည်။ လူမှုဖူလုံရေး အဖွဲ့တွင် လက်ရှိအချိန်အထိ အာမခံလုပ် သားတစ်သန်းကျော် ရှိပြီဖြစ် ကြောင်းယင်းအဖွဲ့က ထုတ်ပြန် ထားသည်။

No comments:

Post a Comment