Saturday, May 11, 2019

‘ပြုံးရွှင်ရေပျော်ရဲ့လား’ ရုပ်ရှင်မှာ အကယ်ဒမီမှန်းပေးကြလို့ ပျော်ရွှင်နေတဲ့ အေးမြတ်သူ

 ‘ပြုံးရွှင်ရေပျော်ရဲ့လား’ ရုပ်ရှင်ဇာတ်ကားတွင် စိန်တင်ဇာတ်ရုပ်ဖြင့် အကယ်ဒမီမှန်းပေး ကြသဖြင့် ကျေးဇူးတင်ကြောင်း သရုပ်ဆောင်အေးမြတ်သူက ပြောသည်။ ‘‘စိန်တင်အဖြစ်နဲ့ အားထုတ် ခဲ့ရတဲ့ဟာလေးတွေကို အသိအ မှတ်ပြုပေးတဲ့အတွက်လည်း ကျေးဇူးတင်တယ်။ ကိုယ့်ကားရုံ တင်တာနဲ့ အကယ်ဒမီမှန်းပေး ကြတယ်။ ဒါပေမဲ့ စောပါသေး တယ်။ စိန်တင်အဖြစ်နဲ့ အသိအ မှတ်ပြုပေးတဲ့အတွက် အားလုံး အားလုံးကိုကျေးဇူးတင်ပါတယ်’’ ဟု ၎င်းကပြောသည်။



ယင်းဇာတ်ကားကို ဒါရိုက် တာဝင်းထွန်းထွန်းက ရိုက်ကူး ထားပြီး သရုပ်ဆောင်များအနေ ဖြင့် ၎င်းအပါအ၀င် နေတိုး၊ ကျော်ကျော်ဗို၊ ရွှေမှုံရတီနှင့် တင်မောင် ဆန်းမင်းဝင်းတို့ ပါဝင်ထားကာ လက်ရှိတွင် သုံးပတ်မြောက်အထိ ရုံတင်ပြသနေသည်။

‘‘စိတ်တွေရိုင်းစိုင်းကြမ်း တမ်းခဲ့ရတယ်။ ပုံပန်းသဏ္ဌာန်ကို ပိုပေါ်လွင်အောင် ကွမ်းစားတာ ဘာညာရှိပေမယ့် သူ့ရဲ့သန္ဓေကို ကြမ်းကြမ်းတမ်းတမ်းကြီး ဖြစ် အောင်နေထားတယ်။ အနေအ ထားကပြောရရင် ရုန့်ရင်းကြမ်း တမ်းတဲ့အမူအရာတွေနဲ့ နေခဲ့ဖူး တယ်။ စိတ်ကိုလည်း ကြမ်းကြမ်း တမ်းတမ်း ကြီးထားခဲ့ဖူးတယ်’’ဟု အေးမြတ်သူက ပြောသည်။

သရုပ်ဆောင်နေတိုးနှင့် တွဲ ဖက်ရိုက်ကူးသည့် ဇာတ်ကားရှား ပါးသဖြင့် ယင်းဇာတ်ကားတွင် အတူတကွ ရိုက်ကူးခွင့်ရ၍ ၀မ်းသာနေကြောင်း ၎င်းကဆိုသည်။

‘‘အရှေ့မှာ ဇော်က ကနေ သည်ကိုလည်း အေးမြတ်သူအ ရမ်းသဘောကျတယ်။ ဆရာအ ကြည်တော်က ရယ်ဆိုလည်း အရမ်းရယ်ရပြီး ငိုဆိုရင်လည်း အရမ်းငိုရတယ်။ ပြုံးရွှင်ကလည်း အကုန်လုံး အရမ်းကြိုက်ကြပြီး သဘောကျလိမ့်မယ်လို့ ထင် တယ်။ ကိုနေတိုးနဲ့က တွဲတာ တော်တော်ရှားတယ်ရှင့်။ အေး မြတ်သူနဲ့လည်း ဆုံခဲတယ်။ ပြုံး ရွှင်ဇာတ်ကားမှာ ဆုံခွင့်ရတယ်။ ပူးပေါင်းပါဝင်ခွင့်ရတယ်။ တစ် စိတ်တစ်ဒေသ ပါဝင်ခွင့်ရတဲ့အ တွက် ၀မ်းသာပါတယ်’’ဟု အေး မြတ်သူက ပြောသည်။

ယင်းဇာတ်ကားတွင် စိန် တင်ကာရိုက်တာကို ၎င်း၏အမာ ခံ ပရိသတ်များက အကယ်ဒမီမှန်း ပေးသော်လည်း    ရောက်လာ သည့် ဇာတ်ရုပ်တိုင်းကို ပရိသတ်လက်ခံအောင် သရုပ်ဆောင်မည့် စိတ်တစ်ခုတည်းဖြင့် လက်ခံရိုက် ကူးဖြစ်ကြောင်း ၎င်းကပြော သည်။ ‘‘အေးမြတ်သူဆီ ဇာတ်ရုပ် တစ်ခုရောက်လာကတည်းက ဒါ က အကယ်ဒမီရတဲ့ ဇာတ်ရုပ် လား၊ မရတဲ့ဇာတ်ရုပ်လားဆိုပြီး မှန်းမထားဘူး။ အကယ်ဒမီရ အောင် လုပ်လိုက်မယ်လို့တော့ မရှိဘူး။ ဒီဇာတ်ကောင်ကို သစ္စာ ရှိပြီးတော့ ပရိသတ်လက်ခံရမယ် ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ အေး မြတ်သူ ရိုက်ပါတယ်။ အေးမြတ်သူဆီက ဘယ်ဇာတ်ကောင်ပဲ လာလာ ဖတ်လိုက်တိုင်း ဒါကတော့ အကယ်ဒမီဇာတ်ရုပ်လို့ ဘယ်တော့မှ စိတ်ထဲမှာ မခံစားဘဲ ဒီထဲက မိန်းမတစ်ယောက်ဖြစ် ဖို့ပဲ ရည်မှန်းရည်ရွယ်ခဲ့ပါတယ်’’ ဟု သရုပ်ဆောင် အေး မြတ်သူက ပြောသည်။

No comments:

Post a Comment