Saturday, May 11, 2019

မြစ်ကြီးနားအကျဉ်းထောင်က အကျဉ်းသားတွေရဲ့တောင်းဆိုချက်တွေကို ပြည်နယ်ဝန်ကြီးချုပ်ဆီတင်ပြထား

မြစ်ကြီးနားအကျဉ်းထောင်မှာ မေ ၉ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့တဲ့ အကျဉ်းသားတွေရဲ့ တောင်းဆိုချက် လေးချက်ကို ၀န်ကြီးချုပ်ဆီတင်ပြထားတယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အကျဉ်းသားတွေဘက်က လွတ်ငြိမ်းချမ်းသာခွင့် တန်းတူရရှိရေး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့် ၊ မီဒီယာတွေနဲ့တွေ့ဆုံခွင့်၊ လူ့အခွင့်အရေးကော်မရှင်နဲ့ တွေ့ဆုံခွင့်ဆိုပြီး အချက်လေးချက်ရရှိရေးအတွက် ကြွေးကြော် တောင်းဆိုခဲ့ကြတာပါ။ မနေ့က မနက်ပိုင်းက မြစ်ကြီးနာအကျဉ်းထောင်မှာ လွတ်ငြိမ်းချမ်းသာခွင့်တန်းတူးမရဘူးဆိုတဲ့အချက်ကို အကြောင်းပြကာ ထောင်ဆူခဲ့တာပဲဖြစ်ပါတယ်။


နှစ်ဆန်းတစ်ရက်နေ့က စပြီး ရက်ပေါင်း နှစ်ဆယ်ကျော်အတွင်းမှာ သမ္မတ က လွတ်ငြိမ်း ချမ်းသာခွင့် သုံးကြိမ်ပေးခဲ့တာဖြစ်ပြီး အကျဉ်းသားနှစ်သောင်းကျော် လွတ်မြောက်လာခဲ့ပါတယ်။

ဒါပေမယ့် လွတ်ငြိမ်းချမ်းသာခွင့်တန်းတူမရဘူးဆိုကာ ထောင်အချို့ မှာထောင်ဆူတာတွေဖြစ်ပွားခဲ့ပါတယ်။ မနေ့က ညပိုင်းက သမ္မတရုံးကထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာတော့ အကျဉ်းသားတွေ တောင်းဆိုအချက်တွေဟာ တူညီနေတာကို တွေ့ရတဲ့အပြင် ဒီလို ဆူပူမှာ ချိတ်ဆက်တာတွေနဲ့ သွေးထိုးလှုံဆော်မှုတွေရှိတယ်လို့သုံးသပ်ရမိတာကြောင့် အဖြစ်မှန်ကိုစုံစမ်းစစ်ဆေးမယ်လို့ဆိုထားပါတယ်။

No comments:

Post a Comment