Saturday, May 11, 2019

ပရိသတ်ကို လက်သီးဖြင့်ထိုးခဲ့သည့် နေမာ သုံးပွဲပယ်ခံရ

ပီအက်စ်ဂျီတိုက်စစ်မှူးနေ မာသည် ပြင်သစ်ဖလားဗိုလ်လုပွဲ တွင် ၎င်း၏အသင်းရှုံးနိမ့်ပြီး နောက် ရန်းနက်စ်အသင်းပရိ သတ်တစ်ဦးကို လက်သီးဖြင့်ထိုး ခြင်းကြောင့် သုံးပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရသည်။ ယင်းပွဲတွင် မက်ဘီထုတ် ပယ်ခံရသည့် လီဂူးဝမ်းချန်ပီယံ ပီအက်စ်ဂျီသည် စတာဒီဒီဖရန့်စ် ဘောလုံးကွင်း၌ ရန်းနက်စ်နှင့် နှစ်ဂိုးစီသရေကျပြီးနောက် ပင် နယ်တီအဆုံးအဖြတ်တွင် ၉-၈ ဂိုးဖြင့် ရှုံးကာ ၎င်းတို့၏ ပြည်တွင်း ဖလားနှစ်လုံး မျှော်လင့်ချက် ပျောက်ဆုံးခဲ့သည်။ ယင်းနောက် နေမာသည် ဒုတိယဆု ရယူရန်သွားရောက်စဉ် ပရိသတ်တစ်ဦးကို  တိုက်ခိုက်ခဲ့ သည်ဟု ဗီဒီယိုဖိုင်များ၌ မြင်ရ သည်။



ပြင်သစ်ဘောလုံးအဖွဲ့ချုပ် က ကမ္ဘာ့ဈေးအကြီးဆုံးဘောလုံး သမားနေမာကို ပြည်တွင်းသုံး ပွဲပယ်ပြစ်ဒဏ်ချမှတ်ကာ နောက် ထပ်နှစ်ပွဲပယ်ဆိုင်းငံ့ပြစ်ဒဏ်ချ မှတ်ထားသည်။ နေမာအပေါ်ချမှတ်သောပွဲ ပယ်ပြစ်ဒဏ်ကို ပီအက်စ်ဂျီက အယူခံဝင်ရန်စီစဉ်နေသည်။ ၎င်း သည် ပီအက်စ်ဂျီက မန်ယူကို ရှုံး ကာ ချန်ပီယံလိဂ်မှ ထွက်ခဲ့သော ပွဲအပြီးတွင် ဒိုင်၏စွမ်းဆောင် ရည်ကို အွန်လိုင်း၌ကန့်ကွက်ရှုတ် ချသဖြင့် သီးခြားသုံးပွဲပယ်ပြစ် ဒဏ်ချမှတ်ခံထားရ၍ ပီအက်စ်ဂျီ ၏လာမည့်ရာသီ ချန်ပီယံလိဂ် အုပ်စုပွဲများကို လွဲချော်မည်ဖြစ် သည်။

No comments:

Post a Comment