Saturday, May 11, 2019

ကရင်ပြည်နယ် ဘားအံတောင်ကလေးအကျဉ်းထောင်အတွင်း ဆူပူမှုကြောင့် အပြင်စည်းလုံခြုံမှုကို ရယူထားရပြီးနောက် တည်ငြိမ်မှုရှိလာ

မေ ၈ ရက်ကဖြစ်ပွားခဲ့သည့်ဘားအံ (တောင်ကလေး)အကျဉ်းထောင်အတွင်းဆူပူ သောင်းကျန်းမူဖြစ်ပွားခဲ့သည့်အတွက် ပြည်နယ် ရဲတပ်ဖွဲ့ဝင်များက အပြင်စည်းလုံခြုံမှုကို ရယူထားရပြီးနောက် မေ ၁၀ ရက် နံနက်ပိုင်း တွင် တည်ငြိမ်မှုရှိလာပြီဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။ “အဓိကသူတို့တောင်းဆိုတာက နိုင်ငံတော်သမ္မတရဲ့လွတ်ငြိမ်းသက်သာခွင့်ကို အကျဉ်းသားအားလုံးတန်းတူညီမျှရရှိစေဖို့သူတို့က တောင်းဆိုတာဖြစ်တယ်။ အဲဒီအတွက် ကျွန်တော်တို့ရဲတပ်ဖွဲ့အနေနဲ့ အကျယ်အကျယ်မဖြစ်ပွားဖို့ ဖျောင်းဖျပြောဆိုရတာပေါ့။



ထောင်အတွင်းမှာ တည်ငြိမ်စပြုနေ တယ်ဆိုပေမဲ့အပြင်စည်းလုံခြုံရေးကိုတော့မရုပ်သိမ်းသေးဘဲ အခြေအနေကိုစောင့်ကြည့် နေဆဲဖြစ်ပါတယ်”ဟု ゞင်းက ပြောကြားသည်။ ဘားအံ (တောင်ကလေး) အကျဉ်း ထောင်ရှေ့တွင် ကရင်ပြည်နယ်မီးသတ်တပ် ဖွဲ့မှ မီးသတ်ယာဉ်နှစ်စီးဖြင့် အသင့်အနေအထား ထားရှိပြီးပြည်နယ်ရဲတပ်ဖွဲ့ဝင်အင်အား ၂၀ ကျော်လုံခြုံမှုရယူထားသော်လည်း အ ကျဉ်းထောင်အတွင်း၌ အေးဆေးတည်ငြိမ်စပြုနေပြီဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

No comments:

Post a Comment