Saturday, May 11, 2019

မန္တလေးအိုးဘိုထောင်နှင့် အကျဉ်းစခန်း ငါးခုသို့ လူ့အခွင့်အရေးကော်မရှင် သွားရောက် စစ်ဆေးမည်

အကျဉ်းထောင်အချို့ ဆူပူမှုဖြစ်နေ၍ တာဝန်ရှိသူများ က ထိန်းသိမ်းနေစဉ် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မ ရှင် တာဝန်ရှိသူအချို့  မန္တလေး အိုးဘိုထောင်နှင့် အကျဉ်းစခန်း ငါးခုသို့ သွားရောက်စစ်ဆေးမည် ဖြစ်သည်။ မန္တလေးအိုးဘိုထောင်၊ ကျောက်ဆည်မြို့နယ်ရှိ ဘဲလင်း (၁)နှင့် ဘဲလင်း(၂) အကျဉ်းစခန်း၊ ပြင်ဦးလွင်မြို့နယ်ရှိ ထုံးဘို(၁)၊ ထုံးဘို(၂)၊ ထုံးဘို(မ)အကျဉ်း စခန်းများသို့ သွားရောက်စစ်ဆေး မည်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။



‘‘လာမယ့် တနင်္လာနေ့ (မေ လ ၁၃)ကနေ စပြီး အိုးဘိုထောင် နဲ့ အကျဉ်းစခန်းငါးခုကို စစ်ဆေး ဖို့နဲ့၊ အကျဉ်းသားတွေနဲ့ တွေ့ဖို့ ရှိပါတယ်’’ဟု ဦးယုလွင်အောင်က ပြောသည်။

အကျဉ်းထောင်နှင့် အကျဉ်း စခန်းများကို မြန်မာနိုင်ငံ အမျိုး သားလူ့အခွင့်အရေးကော်မရှင် က ယခုစစ်ဆေးမှုကို မေလ ၁၃ ရက်မှ ၁၇ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် ဒေါက်တာမြင့် ကြည်တို့ ပါဝင်မည်ဖြစ်သည်။

ယခုတစ်ကြိမ် သွားရောက် စစ်ဆေးခြင်းသည် လတ်တလော ဖြစ်နေသော အကျဉ်းထောင်ဆူပူ မှုများနှင့် မဆက်စပ်ဘဲ လူ့အခွင့် အရေးကော်မရှင်၏ပုံမှန်စစ်ဆေး သည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း ဦးယုလွင်အောင်က ပြောသည်။ နိုင်ငံတော်သမ္မတက မေလ ၇ ရက်တွင် အကျဉ်းသားခြောက် ထောင်ကျော် လွတ်ငြိမ်းသက်သာ ပေးပြီးနောက် ဘားအံ၊ မော်လိုက် ကလေး၊ ရွှေဘို၊ ပုသိမ်၊ မြစ်ကြီး နား၊ ထားဝယ်၊ သာယာဝတီနှင့် ကသာထောင်တို့၌ အကျဉ်းသား အချို့ ဆန္ဒထုတ်ဖော်ပြီး လူ့အ ခွင့်အရေးကော်မရှင်နှင့် တွေ့ဆုံ ခွင့်ရရေး အကျဉ်းသားများက တောင်းဆိုထားသည်။

No comments:

Post a Comment