Saturday, May 11, 2019

အမတ်နှင့် လူထုတွေ့ဆုံပွဲများ၌ စရဖသတင်းလိုက်လံရယူမှု မေးခွန်းထုတ်

လွှတ်တော်ကိုယ် စားလှယ်နှင့် မဲဆန္ဒရှင်တွေ့ဆုံပွဲ များတွင် စစ်ဘက်ရေးရာ လုံခြုံ ရေးတပ်ဖွဲ့ (စရဖ) တပ်ဖွဲ့ဝင်များ စောင့်ကြည့် သတင်းယူခြင်း ကြောင့် စိတ်ပိုင်းဆိုင်ရာမလုံခြုံမှု ခံစားနေရကြောင်း အမတ်အချို့ ကပြောသည်။ စရဖတပ်ဖွဲ့ဝင်များ၏ ထိုသို့  ဆောင်ရွက်မှုများသည် နိုင်ငံသား များ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ် မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေနှင့် ညီ ညွတ်မှုရှိ၊ မရှိယမန်နေ့က ကျင်းပ သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကော့သောင်း မဲဆန္ဒနယ်အမတ် ဦးခင်ဇော်က မေးခွန်းထုတ်သည်။
‘‘မဲဆန္ဒရှင် ပြည်သူများနဲ့ တွေ့ဆုံပြီးတော့ လွှတ်တော်အ တွေ့အကြုံရှင်းလင်းတဲ့နေရာမှာ ၎င်းတို့၏ စောင့်ကြည့်ခြင်း၊ သ တင်းရယူခြင်းများဟာ မဲဆန္ဒရှင် ပြည်သူကိုရော လွှတ်တော်ကိုယ် စားလှယ်ကိုပါ လွတ်လပ်မှုမရှိ သလို၊ လုံခြုံမှုမရှိသလို၊ တရား ဥပဒေစိုးမိုးမှုမရှိသလို ခံစားနေ ရပါတယ်’’ ဟု မေးခွန်းရှင်က ပြောသည်။

ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဗိုလ်ချုပ်မြင့်နွယ် ကမူ ထိုသို့စောင့်ကြည့်သတင်းယူ ခြင်းသည် ဥပဒေကိုချိုးဖောက် ခြင်း၊ ပုဂ္ဂိုလ်ဆိုင်ရာရည်ရွယ်ချက် ဖြင့် ဆောင်ရွက်ခြင်းမဟုတ်ဘဲ အများပြည်သူနှင့်အတူ ပွင့်လင်း  မြင်သာစွာဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း တုံ့ပြန်သည်။

အဆိုပါတွေ့ဆုံမှုများသည် အများပြည်သူအလွယ်တကူတွေ့ မြင်သိရှိနိုင်သည့် ကိစ္စရပ်ဖြစ် သည့်အပြင် နိုင်ငံပိုင်မီဒီယာ၊ ပုဂ္ဂလိက မီဒီယာနှင့် လူမှုကွန် ရက်များတွင် ဖော်ပြမှုများလည်း ရှိကြောင်း ဗိုလ်ချုပ်မြင့်နွယ်က ဆိုသည်။ သို့သော် စရဖတပ်ဖွဲ့  အနေဖြင့် မည်သည့်အကြောင်း ကြောင့် စောင့်ကြည့်သတင်းယူ မှုများပြုလုပ်နေသည်ကိုမူ ရှင်း လင်းခြင်းမရှိပေ။

အာဏာရအမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီိဝင်အမတ်အ ချို့ကမူ ကာကွယ်ရေးဒုတိယ၀န် ကြီး၏ ရှင်းလင်းပြောဆိုမှုကိုလက်  မခံနိုင်ကြောင်း ပြောသည်။

‘‘သတင်းထောက်တွေ သ တင်းယူတာက သတင်းစာတွေမှာ ပဲပြန်လည်ပြီးတော့ဖော်ပြတယ်။  အခုဒီစရဖတွေရဲ့သတင်းယူတာ က ဘာကိုမှပြန်လည်ဖော်ပြတာ လည်းမရှိဘူး။ သူတို့ရေးမှတ်ပြီး သူတို့က အထက်ကိုပြန်တင်ပြ တာဖြစ်တဲ့အတွက် ဘယ်လိုရေး လိုက်လဲ၊ ဘယ်လိုသဘောထား လဲ၊  ဘယ်လိုမှတ်ချက်လဲ ဒါတွေ ကိုလည်း ကျွန်မတို့မသိနိုင်ဘူး’’ ဟု ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဒေါ်ခင်စန်းလှိုင်က ပြော သည်။

၂၀၁၂ ကြားဖြတ်နှင့် ၂၀၁၅ ရွေးကောက်ပွဲ ကာလများက လည်း တပ်မတော်စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ အ လားတူစောင့်ကြည့် သတင်းယူ ခြင်း၊ ရုပ်သံမှတ်တမ်းရိုက်ကူး၍ အထက်သို့ ပေးပို့တင်ပြခြင်းများ ရှိခဲ့ကြောင်း၊ စရဖလိုအပ်သော အချက်အလက်များရှိလျှင် လွှတ် တော်အမတ်များထံ တိုက်ရိုက် မေးမြန်းသင့်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထိုသို့စောင့်ကြည့်သတင်း  ယူမှုများသည် မည်သည့်အတွက် ကြောင့်ဟု ရှင်းလင်းစွာမသိရဘဲ နိုင်ငံတော်အကြီးအကဲများ၏ လုံ ခြုံရေး၊ နိုင်ငံတော်လုံခြုံရေးအ တွက်ဟူ၍ အကြောင်းပြမှုများရှိ ကြောင်း ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မ တီအတွင်းရေးမှူး ဒေါက်တာလှ မိုးကပြောသည်။

‘‘သူတို့က ဘာကြောင့်ဒီ သတင်းအချက်အလက်ကို ရယူ ချင်တာလဲ။ ဒါကတော့ရှိပါတယ်။  ကိုယ်စားလှယ်တွေအနေနဲ့ စိတ် ဓာတ်ရေးရာအရ လုံခြုံမှုမရှိဘူး လို့ခံစားရတယ်။ တစ်နည်းအား ဖြင့်ပြောရင်ခြိမ်းခြောက်တယ်လို့ လည်းခံစားရတယ်’’ ဟု ၎င်းက ပြောသည်။ မြန်မာနိုင်ငံသတင်းမီဒီယာ  ကောင်စီအဖွဲ့ဝင် ဦးဇေယျာလှိုင် ကလည်း စရဖဆောင်ရွက်မှုနှင့် သတင်းမီဒီယာ၏ တာဝန်အပေါ် နှိုင်းယှဉ်ပြောဆိုခြင်းကို သဘော မတူပေ။ ‘‘မီဒီယာသမားကတော့သူ ရတဲ့အချက်အလက်က ပြည်သူ ကို ပြန်လည်တင်ပြတာဖြစ်တယ် လေ။ စရဖတို့၊ထောက်လှမ်းရေး တို့ကျတော့သူ့ရဲ့ဌာန၊သူ့ရဲ့အရာ ရှိကို ပြန်တင်ပြတာဆိုတော့ တန် ဖိုးချင်းကကွာပါတယ်’’ ဟု ၎င်း ကပြောသည်။

No comments:

Post a Comment