Saturday, May 11, 2019

ပြည်တွင်းလျှပ်စစ်လိုအပ်ချက်ဖြည့်ရန် တရုတ်နိုင်ငံမှ ဓာတ်အားရယူမည်

နိုင်ငံ၏ဓာတ်အား လိုအပ်ချက်အရ ၂၀၂၁ မတိုင်မီ တရုတ်နိုင်ငံမှ လျှပ်စစ်မဂ္ဂါဝပ်  ၁,၀၀၀ သယ်ယူရန် ဆောင်ရွက် နေသည်ဟု လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက ပြောသည်။ ‘‘ပြောရရင် BRI (တရုတ်ဦး ဆောင်၍ ကမ္ဘာ့နိုင်ငံများနှင့် ချိတ် ဆက်ရန် စီစဉ်နေသောရပ်ဝန်း တစ်ခု၊ လမ်းကြောင်းတစ်ခုစီမံ ကိန်း)နဲ့လည်း ဆက်စပ်မှုရှိပါ တယ်။ China Southern Power Grap အနေနဲ့ နဂိုကတည်းက ၀န်ကြီးဌာနနဲ့ တိုင်းတာမှုတွေလုပ် တာရှိပါတယ်။
ကျွန်တော်တို့က လာမယ့်နှစ်တော့ မမီပါဘူး။ ၂၀၂၁ ကို မျှော်မှန်းပြီးတော့ နောက်ထပ်တိုးလာမယ့် လိုအပ် ချက် ၁,၀၀၀ မဂ္ဂါဝပ်ကို မျှော်မှန်း ပြီးတော့ တရုတ်ပြည်က ဓာတ် အားသယ်ဖို့အတွက်ကို ကျွန် တော်တို့စီစဉ်ဆောင်ရွက်နေတာ ရှိပါတယ်’’ ဟု ဦးတင်မောင်ဦးက ဆိုသည်။ မေလ ၉ ရက်က နေပြည် တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ၌ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အ တွက် တတိယတစ်နှစ်တာအ တွင်း ဆောင်ရွက်မှုများနှင့်ပတ် သက်၍ ပြုလုပ်သည့်သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းကအထက်ပါ အတိုင်း ဖြေကြားသည်။

အဆိုပါဓာတ်အားကို တ ရုတ်နိုင်ငံ ဒိုဟုမ်းမှတစ်ဆင့် မူ ဆယ်၊ မိုင်းရယ်၊ ဟိုပုံး၊ လွိုင် ကော်၊ ဘုရားကြီးသို့ အဆင့်ဆင့် လိုင်းဆွဲယူမည်ဖြစ်ပြီး လိုအပ် ချက်မဂ္ဂါဝပ် ၁,၀၀၀ မရနိုင်ပါက အနည်းဆုံး မဂ္ဂါဝပ် ၃၀၀ သယ်ယူ နိုင်ရေး စီစဉ်ဆောင်ရွက်မည်ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

မည်မျှကုန်ကျမည်ဆိုသည် ကိုမူ ဦးတင်မောင်ဦးက ရှင်းလင်း စွာမပြောသော်လည်း ‘‘ Power Trade ပေါ့။  အပြန်အလှန် ကုန် သွယ်တဲ့ဟာ၊ ကျွန်တော်တို့လိုနေ တဲ့အချိန်မှာတော့ယူမှာ။ နောင် ကျွန်တော်တို့ ရေအားလျှပ်စစ် တွေ၊ ဘာတွေ လုပ်နိုင်လို့ပေါသွား ရင်တော့ သူတို့တောင်ပြန်ရောင်း ချင် ရောင်းမှာပေါ့။ အဲဒီလိုမျိုး ယူ ဖို့အဆင့်အထိ ကျွန်တော်တို့က စီ စဉ်ဆောင်ရွက်ထားတာဖြစ်ပါ တယ်’’ ဟု ဦးတင်မောင်ဦးက ပြောသည်။

လျှပ်စစ်မီးလိုအပ်ချက်ပြည့် ၀စွာရရှိနိုင်စေရေး ထိုသို့ဆောင် ရွက်ချက်များအပြင် နိုင်ငံအတွင်း ရှိ ပုသိမ်၊ ကျောက်ဖြူ၊ သီလ၀ါ (သန်လျင်)စသည့် နေရာရှစ်နေ ရာ၌ စီစဉ်ဆောင်ရွက်နေသည်ဟု ၎င်းက ဆက်လက်ပြောကြား သည်။

မြန်မာနိုင်ငံအတွင်း လျှပ် စစ်ဓာတ်အားလုံလောက်ရေး ဖြည့်တင်းနိုင်ရန် လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အားဝယ်ယူနိုင် ရေး MoU (နားလည်မှုစာချွန်လွှာ) ကို နှစ်နိုင်ငံလက်မှတ်ရေးထိုးနိုင် ခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးဌာနက ၂၀၁၈ နှစ်ဆန်းက ထုတ်ပြန်ကြေညာသည်။ လက်ရှိတွင် မြန်မာနိုင်ငံအ တွင်း ၄၄ ရာခိုင်နှုန်းသောပြည်သူ များသာ လျှပ်စစ်ဓာတ်အားသုံးစွဲ နိုင်ပြီး ကျန် ၅၆ ရာခိုင်နှုန်းသုံးစွဲခွင့် မရရှိသေးဟု ပြီးခဲ့သည့်ရက်ပိုင်း အတွင်း ပြုလုပ်သည့်ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးဒေါက်တာထွန်းနိုင်က ပြောကြားသည်။

No comments:

Post a Comment