Saturday, May 11, 2019

၂၀၁၈ ခုနှစ် နှစ်လယ်အထိ ပုဂ္ဂလိကဘဏ်များတွင် အပ်ငွေကျပ် ၂၉၆၀၆ ဘီလျံ၊ နိုင်ငံပိုင်ဘဏ်များတွင် အပ်ငွေ ကျပ်ဘီလျံ ၁၀ဝ၄၀ ရှိပြီး ယခင်ခြောက်လနှင့် နှိုင်းယှဉ်ပါက ပုဂ္ဂလိကဘဏ်များ၌ အပ်ငွေရရှိမှု ကျပ်ဘီလျံ ၂၂၄၀ ကျော်မြင့်တက်

၂၀၁၈ ခုနှစ် နှစ်လယ်အထိ ပုဂ္ဂလိကဘဏ်များတွင် အပ်ငွေစုစုပေါင်း ကျပ် ၂၉၆၀၆ ဘီလျံ၊ နိုင်ငံပိုင်ဘဏ်များတွင် အပ်ငွေစုစုပေါင်း ကျပ် ၁၀ဝ၄၀ ဘီလျံရှိပြီး ယခင်ခြောက်လနှင့် နှိုင်းယှဉ်ပါက နိုင်ငံပိုင်ဘဏ်များတွင် အပ်ငွေရရှိရမှု ကျပ်ဘီလျံ ၆၅၀ ကျော် လျော့နည်းသွားသော်လည်း ပုဂ္ဂလိကဘဏ်များတွင် အပ်ငွေရရှိမှု ကျပ်ဘီလျံ ၂၂၄၀ ကျော် မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟို ဘဏ်က ၂၀၁၉ ခုနှစ်အတွက် ပထမဦးဆုံး ထုတ်ပြန်သည့် Quarterly Financial Statistics Bulletin (2018 Volume II) အရ သိရသည်။
၂၀၁၈ ခုနှစ် ဇွန်လအထိ ပုဂ္ဂလိကဘဏ်များတွင် အပ်ငွေ ကျပ် ၂၉၆၀၆ ဘီလျံအနက်  Deposit of Financial Institution တွင် ကျပ် ၁၁၀၁၄ ဒသမ ၁၉၂ ဘီလျံရှိပြီး Deposit by NFIs and Other Clients တွင် ကျပ် ၁၈၅၉၂ ဒသမ ၇၅၂ ဘီလျံရှိခြင်းဖြစ်သည်။ Deposit of Financial Institutions ၌ Demand Deposits of Nanks တွင် ကျပ် ၁၀၃၇ ဒသမ ၃၉၉ ဘီလျံ၊ Time Deposits of Banks တွင် ကျပ် ၂၇၅၀ ဒသမ ၆၃၆ ဘီလျံ၊ Deposit of OFIs တွင် ကျပ် ၇၂၂၆ ဒသမ ၂၁၆ ဘီလျံအပ်နှံထားသည်။ Deposit of NFIs and Clients ၌ Demand Deposits တွင် ကျပ် ၁၇၀၉ ဒသမ ၈၄၃ ဘီလျံ၊  Time Deposits တွင် ကျပ် ၇၄၈၅ ဒသမ ၆၅၃ ဘီလျံ၊ Saving Deposits တွင် ကျပ် ၉၃၉၇ ဒသမ ၂၅၅ ဘီလျံ အပ်နှံထားခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် ဇွန်လအထိ နိုင်ငံပိုင်ဘဏ်များတွင် အပ်ငွေ ကျပ် ၁၀ဝ၄၀ ဘီလျံအနက်  Deposit of Financial Institutions တွင် ကျပ် ၂၁၂၉ ဒသမ ၁၀၃ ဘီလျံရှိပြီး Deposit by NFIs and Other Clients တွင် ကျပ် ၇၉၁၁ ဒသမ ၇၀၄ ဘီလျံရှိခြင်းဖြစ်သည်။ Deposit of Financial Institutions ၌ Demand Deposits of Banks တွင် ကျပ် ၂၁၂၉ ဒသမ ၁၀၃ ဘီလျံအပ်နှံထားသည်။ Deposit by NFIs and Other Clients ၌ Demand Deposits တွင် ကျပ် ၂၉၅၈ ဒသမ ၂၆၀ ဘီလျံ၊  Time Deposits တွင် ကျပ် ၅၀၆ ဒသမ ၁၁၁ ဘီလျံ၊ Saving Deposits တွင် ကျပ် ၄၄၄၇ ဒသမ ၃၃၂ ဘီလျံ အပ်နှံထားခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ် မတ်မှ ၂၀၁၈ ခုနှစ် ဇွန်လအထိ ပုဂ္ဂလိကဘဏ်များတွင် အပ်နှံထားသည့် အပ်ငွေစုစုပေါင်းပမာဏမှာ ၂၀၁၇ ခုနှစ် မတ်တွင် ကျပ် ၂၃၃၂၄ ဒသမ ၃၈၆ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဇွန်တွင် ကျပ် ၂၄၈၁၇ ဒသမ ၅၆၉ ဘီလျံ၊ ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် ကျပ် ၂၆၅၆၀ ဒသမ ၈၂၆ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၂၇၃၆၀ ဒသမ ၈၆၉ ဘီလျံ၊ ၂၀၁၈ ခုနှစ် မတ်တွင် ကျပ် ၂၈၅၉၈  ဒသမ ၈၃၄ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဇွန်တွင် ကျပ် ၂၉၆၀၆ ဒသမ ၉၄၄ ဘီလျံတို့ဖြစ်သည်။

၂၀၁၇ ခုနှစ် မတ်မှ ၂၀၁၈ ခုနှစ် ဇွန်လ အထိ နိုင်ငံပိုင်ဘဏ်များတွင် အပ်နှံထားသည့် အပ်ငွေစုစုပေါင်းပမာဏမှာ ၂၀၁၇ ခုနှစ် မတ် တွင် ကျပ် ၉၉၇၉ ဒသမ ၃၄၅ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဇွန်တွင် ကျပ် ၁၀၄၅၁ ဒသမ ၄၂၆ ဘီလျံ၊ ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၀၆၅၂ ဒသမ ၈၈၁ ဘီလျံ၊ ၂၀၁၇ ခုနှစ်  ဒီဇင်ဘာတွင် ကျပ် ၁၀၆၉၁ ဒသမ ၈၁၄ ဘီလျံ၊ ၂၀၁၈ ခုနှစ် မတ်တွင် ကျပ် ၁၁၄၃၆ ဒသမ ၄၉၅ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဇွန်တွင် ကျပ်  ၁၀ဝ၄၀ ဒသမ ၈၀၇ ဘီလျံတို့ဖြစ်သည်။

၂၀၁၈ ခုနှစ် ဇွန်နှင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင်ရှိသော အပ်ငွေစုစုပေါင်းကို နှိုင်းယှဉ်ပါက နိုင်ငံပိုင်ဘဏ်များတွင် အပ်ငွေကျပ် ၆၅၁ ဒသမ ဝ၀၇ ဘီလျံ လျော့ကျခဲ့ပြီး ပုဂ္ဂလိကဘဏ်များတွင် ကျပ် ၂၂၄၆ ဒသမ ဝ၇၅ ဘီလျံ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံပိုင်ဘဏ်လေးဘဏ်၊ ပုဂ္ဂလိကဘဏ် ၂၇ ဘဏ်၊ နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်၊ နိုင်ငံခြားဘဏ်ကိုယ် စားလှယ်ရုံး ၄၄ ခု ဖွင့်လှစ်ထားသည်။ ကျပ်ငွေဖြင့် ငွေစာရင်းလက်ခံမှုကို ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံပိုင်ဘဏ်နှစ်ဘဏ်ဖြစ်သော မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်တို့က ဆောင်ရွက်နေပြီး မြန်မာနိုင်ငံတစ်ဝန်းတွင် ပုဂ္ဂလိကဘဏ်ခွဲပေါင်း ၁၈၀ဝ ကျော် ဖွင့်လှစ်ပြီးဖြစ်သည်။

No comments:

Post a Comment