Tuesday, May 21, 2019

ဧရာဝတီအသင်း ကင်မရွန်းနောက်ခံလူ အီဖာနှင့် လမ်းခွဲ

ဧရာဝတီအသင်းသည် ခြေချင်းဝတ်ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရသည့် ကင်မရွန်းနောက်ခံလူ အီဖာကို စာချုပ်ဖျက်သိမ်းကြောင်း အသင်းမီဒီ ယာတာဝန်ခံ ကိုသက်ထူးနိုင်ဦး က ပြောသည်။  အီဖာသည် ခြေချင်းဝတ်ဒဏ်ရာကြောင့် ကာလရှည် နားနေရသဖြင့်  စာချုပ်လက်ကျန်ငါးလစာ လျော်ကြေးပေး၍ ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆို သည်။ ထို့အပြင် ဧရာဝတီအသင်း သည် ရာသီဝက် အပြောင်းအရွှေ့ကာလတွင်  စွမ်းဆောင်ရည် ကျဆင်းနေသည့် လိုက်ဘေးရီးယား တိုက်စစ်မှူး ကိဘ်နှင့်လည်း စာချုပ်ဖျက်သိမ်းရန် စီစဉ်နေပြီး ၎င်း တို့နှစ်ဦးအစား ပြည်ပကစားသ မားသစ်နှစ်ဦး ပြန်လည် ခေါ်ယူမည်ဖြစ်ကြောင်း ကိုသက်ထူးနိုင် ဦးက ပြောသည်။
‘‘အီဖာက ဒဏ်ရာကြောင့်နဲ့  ကိဘ်ကတော့ နည်းပြအဖွဲ့က စွမ်းဆောင်ရည် ကျနေတယ်လို့ မြင်တဲ့အတွက် အပြောင်းအလဲလုပ်ဖို့ စီစဉ်တာပါ။ အီဖာကိုတော့ စာချုပ်ဖျက်သိမ်းပြီးပေမယ့် ကိဘ်က အခုခွင့်ယူထားတယ်။ သူပြန်တော့မှ ညှိနှိုင်းပြီး စာချုပ်ဖျက်သိမ်းဖို့ စီစဉ်သွားမှာပါ။ သူတို့နှစ်ဦးအစား ပြည်ပနှစ်ဦး ပြန်ခေါ်မှာပါ။ လက်ရှိတော့ ရန်ကုန်အသင်း နောက်ခံလူ မွန်ကာလူးကို ခြေစွမ်းစမ်းသပ်ဖို့ ရှိတယ်။ တခြားပြည်ပ ကစားသမားတွေကိုလည်း အေးဂျင့်တွေက တစ်ဆင့်ချိတ်ထားပါတယ်။ လာမယ့် ဒုတိယအကျော့မှာတော့ အသင်းကို ရလဒ်ကောင်းဖို့ အကောင်းဆုံး ပြင်ဆင်နေပါတယ်’’ ဟု ကိုသက်ထူးနိုင်ဦးက ပြော သည်။

ဧရာဝတီအသင်းသည် မြန်မာလိဂ် ပထမအကျော့ပြီးခါ နီးတွင် ရလဒ်များ ဆိုးဝါးကာ လေးပွဲဆက် နိုင်ပွဲပျောက်ဆုံးပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဒုတိယအဆင့်တွင် ရတနာပုံအ သင်းကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက် ခဲ့ရသည်။  ဧရာဝတီအသင်းသည် မြန် မာလိဂ် ဒုတိယအကျော့အတွက် မေလ ၁၆ ရက်က စတင်လေ့ကျင့် နေပြီး မေလ ၂၈ ရက်တွင် တောင်ကိုရီးယားကလပ် ပိုဟန်းစတီးလားအသင်းနှင့် ရာသီကြိုခြေစမ်း ပွဲ ယှဉ်ပြိုင်မည် ဖြစ်သည်။ ယခုနှစ်မြန်မာလိဂ် ပထမအကျော့အပြီး တွင် ဧရာဝတီအသင်းသည် လေးပွဲနိုင်၊ ခြောက်ပွဲသရေ၊ တစ်ပွဲရှုံးရမှတ် ၁၈ မှတ်ဖြင့် အမှတ်ပေးဇ ယားအဆင့် (၆) နေရာတွင် ရပ် တည်နေသည်။

No comments:

Post a Comment