Tuesday, May 21, 2019

ကျောက်တော်တိုက်ပွဲကြောင့် ကလေးငယ်တစ်ဦးသေ၊ ငါးဦးဒဏ်ရာရဟု အမတ်တစ်ဦးပြော

တပ်မတော်နှင့် ရခိုင် လက်နက်ကိုင်အဖွဲ့(AA)တို့တိုက် ပွဲဖြစ်ပွားနေသည့် ကျောက်တော် မြို့နယ်၌   အသက် (၁၀) နှစ်အ ရွယ် ကလေးငယ်တစ်ဦး ကျည်ထိ မှန်သေဆုံးပြီး ငါးဦးဒဏ်ရာရရှိ ကြောင်း ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးမောင်လှကျော်က ပြောသည်။ေ မလ ၁၉ ရက် ညနေတွင် ကျောက်တော်မြို့နယ် မျောက် တောင်ကျေးရွာမှ မောင်နှမနှစ်ဦး သည်ရွာအနီးရှိ ဘုရားတောင်မှ အပြန်တွင် ကျည်ထိမှန်၍ ညီမ ဖြစ်သူ အသက် (၁၀) နှစ်အ ရွယ်သည် ယင်းနေရာ၌ပင် သေ ဆုံးခဲ့ကြောင်း ၎င်းက ပြောကြား သော်လည်း မည်သည့်အဖွဲ့၏ ပစ်ခတ်မှုကြောင့်ဆိုသည်ကို အ တည်ပြုနိုင်ခြင်းမရှိပေ။

‘‘တိုက်ပွဲဖြစ်နေတော့ မောင် နှမနှစ်ယောက် ထွက်ပြေးကြတဲ့ အခါမှာ နောက်စေ့ကိုကျည်ဆန် ၀င်သွားပြီး ဆုံးသွားတာ’’ဟု ဦး မောင်လှကျော်က ပြောသည်။ သေဆုံးသည့် ကလေးငယ်သည် တတိယတန်းစာမေးပွဲဖြေဆိုထား သည်ဟု ဆိုသည်။

ယင်းအပြင် မျောက်တောင် ကျေးရွာမှ မိသားစုတစ်စု၏မိသား စုဝင်လေးဦးလည်း လက်နက်ထိ မှန်မှုကြောင့် ဒဏ်ရာရှိရှိပြီး (၃) နှစ်အရွယ် ကလေးငယ်တစ်ဦး လည်း ပါဝင်ကြောင်း ဦးမောင်လှ ကျော်က ပြောသည်။ ၎င်း (၃) နှစ် အရွယ်ကလေးငယ်သည် ဒဏ်ရာ ပြင်းထန်သဖြင့် မေလ ၁၉ ရက်ည ၌ပင် ကျောက်တော်ဆေးရုံမှတစ် ဆင့် စစ်တွေဆေးရုံသို့ ပို့ဆောင် ခဲ့ရသည်ဟု ၎င်းက ဆိုသည်။

မျောက်တောင်ကျေးရွာအ နီးရှိ မာလာကျေးရွာမှ (၇၅) နှစ် အရွယ်အမျိုးသားတစ်ဦးလည်း လက်နက်ထိမှန်မှုကြောင့်  လက် မောင်းနှင့် ခြေသလုံးတို့တွင် ဒဏ်ရာရှိသဖြင့် ကျောက်တော် ဆေးရုံ၌ ဆေးကုသမှုခံယူနေရ သည်ဟု ဦးမောင်လှကျော်က ပြောသည်။

ပစ်ခတ်မှုများကြောင့် အရပ် သားသေဆုံးမှု ယခုရက်ပိုင်းအ တွင်းမရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အ တွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ပြောကြားသည်။ ‘‘ဒီနေ့ တစ်နေကုန်ဖြစ်စဉ် ဆိုလို့ ကျောက်တော်အရှေ့ မြောက်ဘက်မှာ မိုင်းဆွဲတဲ့ဖြစ်စဉ် တစ်ခုရှိတယ်။ တပ်ကလည်း အ ကျအဆုံးမရှိဘူး။ ရွာသားသေ တာလည်းမရှိဘူးဗျ။ မနေ့က လည်း မိုင်းခွဲတိုက်ခိုက်မှု ဖြစ်စဉ်  တစ်ခု ပဲရှိတယ်။ ကျောက်တော်ရဲ့ မြောက်ဘက်မှာ။ ကျန်တာမရှိပါ ဘူးဗျ’’ဟု ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ပြောသည်။ AA နှင့်မူ ဆက်သွယ်မရသေးပေ။

No comments:

Post a Comment