Tuesday, May 21, 2019

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် ရှမ်းနှင့် ရခိုင်၊ ရန်ကုန်နှင့်စစ်ကိုင်းအသင်းတို့ တွေ့ဆုံ

ဗိုလ်ချုပ်အောင်ဆန်း ဒိုင်း ရှုံးထွက်ဘောလုံးပြိုင်ပွဲ အ ကြိုဗိုလ်လုပွဲ အဆင့်တွင် ရှမ်းနှင့် ရခိုင်၊ ရန်ကုန်နှင့်စစ်ကိုင်းအ သင်းတို့ ထိပ်တိုက်တွေ့ဆုံနေ သည်။  မေလ ၁၉ ရက်နှင့် ၂၀ ရက် က သုဝဏ္ဏနှင့် အောင်ဆန်းကွင်း တွင် ယှဉ်ပြိုင်သည့် ရှုံးထွက်ပြိုင် ပွဲ ကွာတားဖိုင်နယ်အဆင့် ပွဲစဉ် များ၌ ရှမ်းကဟံသာဝတီကို ၂-၁ ဂိုး၊ ရခိုင်က မကွေးကို ၄-၁ ဂိုး၊ စစ်ကိုင်းက ရတနာပုံကို ၁-၀ ဂိုး တို့ဖြင့် အသီးသီးအနိုင်ရရှိသည်။



ရန်ကုန်နှင့် ဆောက်သမ်း မြန်မာအသင်းတို့ ပွဲစဉ်တွင် သာ မန် ပွဲကစားချိန် မိနစ် ၉၀ နှင့် အ ချိန်ပိုမိနစ် ၃၀ တို့၌ ဂိုးမရှိသရေ ကျသဖြင့် ပင်နယ်တီအဆုံးအ ဖြတ် ကန်သွင်းခဲ့သည်။ ပင်နယ် တီတွင်   ရန်ကုန်အသင်းက ဆောက်သမ်းမြန်မာအသင်းကို ၅-၄ ဂိုးဖြင့် အနိုင်ရပြီး အကြိုဗိုလ် လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံး ထွက်ဘောလုံးပြိုင်ပွဲ အကြိုဗိုလ် လုပွဲစဉ်များကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။ မေလ ၂၅ ရက်နှင့် ၂၆ ရက်တွင် အကြိုဗိုလ်လုပွဲ ပထမအကျော့ ပွဲစဉ်များအဖြစ် ရှမ်းနှင့်ရခိုင်၊ စစ်ကိုင်းနှင့်ရန်ကုန် တို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ အကြို ဗိုလ်လုပွဲ ဒုတိယအကျော့ပွဲစဉ် များကို ဇွန်လ ၁ ရက်နှင့် ၂ ရက် တွင် ကျင်းပမည်ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံး ထွက်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို  စက်တင်ဘာ ၂၁ ရက်တွင်အောင် ဆန်းကွင်း၌  ကျင်းပမည်ဖြစ် သည်။  ၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း  ရှုံးထွက်ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲတွင် ရန်ကုန်အသင်းက ဟံသာဝတီအသင်းကို ၂-၁ ဂိုး ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

No comments:

Post a Comment