Tuesday, May 21, 2019

မြန်မာ့လက်ရွေးစင်ဟော်ကီအသင်း မလေးရှားနိုင်ငံသို့ သွားရောက်လေ့ကျင့်

ဖိလစ်ပိုင်ဆီးဂိမ်းအ ကြိုပြင်ဆင်မှုအဖြစ် မြန်မာ့လက် ရွေးစင်ဟော်ကီအသင်းသည် မ လေးရှားနိုင်ငံ၌ မေလတတိယ ပတ်ကစတင်ကာ ပူးတွဲလေ့ကျင့် နေသည်။ ကစားသမား ၁၆ ဦးပါဝင်  သည့် မြန်မာဟော်ကီအသင်း သည် မေလ ၁၈ ရက်မှ ဇွန်လ ၆ ရက်အထိမလေးရှားနိုင်ငံ Ipoh မြို့တွင် လေ့ကျင့်မည်ဖြစ်သည်။ အဆိုပါလေ့ကျင့်ရေးခရီးစဉ်တွင် မလေးရှားဟော်ကီကလပ် အ သင်းအချို့နှင့်လည်း  လက်ရည် စမ်းပွဲများယှဉ်ပြိုင်ရန် စီစဉ်ထား ကြောင်း မြန်မာဟော်ကီအဖွဲ့ ချုပ်တာဝန်ရှိသူတစ်ဦးက ပြော သည်။



‘‘ဒီလေ့ကျင့်ရေးခရီးစဉ်က  ကစားသမားအတွက် တကယ်အ ကျိုးရှိစေမယ်လို့ ယုံကြည်ပါ တယ်။ သူတို့ဆီကဟော်ကီလက် ရွေးစင်အဆင့်ရှိတဲ့ ကစားသမား တွေနဲ့ပူးပေါင်းလေ့ကျင့်ခွင့်ရ မယ်။  ဟော်ကီကလပ်တချို့နဲ့ လည်း လက်ရည်စမ်းခွင့်ရပါ မယ်။ အရင်ဆီးဂိမ်းတွေမှာလို မျိုးဒီနှစ်မှာလည်း ထိုက်သင့်တဲ့ အောင်မြင်မှုရရှိဖို့မျှော်မှန်းထားပါ  တယ်။ ကစားသမားတွေက လည်း အကောင်းဆုံးကြိုးစားလေ့ ကျင့်နေပါတယ်’’ ဟု အဖွဲ့ချုပ် တာဝန်ရှိသူကဆိုသည်။  ၂၀၁၉ ဖိလစ်ပိုင်ဆီဂိမ်း ပြိုင်ပွဲတွင် Field Hockey ပြိုင်ပွဲ ကို ထည့်သွင်းကျင်းပမည်မဟုတ် ဘဲ Indoor Hockey ပြိုင်ပွဲသာ ကျင်းပမည်ဖြစ်ပြီး မြန်မာဟော်ကီ အဖွဲ့အနေဖြင့် ယင်းပြိုင်ပွဲအမျိုး အစား၌ ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။  ပြီးခဲ့သည် ၂၀၁၇ မလေး ရှားဆီးဂိမ်းပြိုင်ပွဲတွင် Field Hockey အမျိုးအစား၌ မြန်မာအ မျိုးသား ဟော်ကီအသင်းသည် ဗိုလ်လုပွဲသို့တက်ရောက်ခဲ့သော် လည်း အိမ်ရှင်မလေးရှားကို ရှုံး နိမ့်ပြီး ငွေတံဆိပ်ဖြင့်သာကျေနပ် ခဲ့ရသည်။

No comments:

Post a Comment