Tuesday, May 21, 2019

စွမ်းအင်ကဏ္ဍ အနာဂတ်

ဤဆောင်းပါးမှာ မကြာ ခဏ ဖြစ်ပေါ်နေသော စွမ်းအင်ဆိုင်ရာ သတင်းများအပေါ် အခြေခံ၍ မြန်မာနိုင်ငံ၏စွမ်းအင်လုပ်ငန်း(ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ)အကြောင်း သိကောင်းစရာအဖြစ် ရေးသားပြီး အပိုင်းသုံးပိုင်းပါဝင်ပါသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းဆိုသည်မှာ
ရေနံနှင့် သဘာဝဓာတ်ငွေ့ ဆိုသည်မှာ လွန်ခဲ့သော နှစ်သန်း ပေါင်းများစွာက သေကျေပျက်စီး ခဲ့သော အပင်နှင့် သတ္တဝါရုပ်ကြွင်းများမှ ရရှိသော ရုပ်ကြွင်းလောင် စာဖြစ်ပါသည်။ ထို့ကြောင့် စွမ်း အင်လုပ်ငန်းတွင် ရုပ်ကြွင်းလောင် စာများကို ပေပေါင်းထောင်ချီ သော မြေအောက်မှ ရှာဖွေထုတ် ယူခြင်း (Exploration & Produc-tion/E&P)၊ သန့်စင်ခြင်း (Refin-ing)၊ ကုန်ပစ္စည်းအမျိုးမျိုးထုတ်လုပ်ခြင်း (Processing) နှင့် စားသုံးသူထံ တင်ပို့ရောင်းချခြင်း (Marketing & Distribution)စသော အပိုင်းများ ပါဝင်ပါသည်။
နိုင်ငံတကာစွမ်းအင်လုပ်ငန်းတွင် အဓိကပါဝင်လှုပ်ရှားသူများမှာ  နိုင်ငံပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီများ (National Oil Companies/NOCs) ဖြစ်ကြောင်း သိရှိရသည်။ ဥပမာ မြန်မာနိုင်ငံတွင် MOGE (MyanmarOil and Gas Enterprise) နှင့် ဆော်ဒီနိုင်ငံတွင် Saudi Aramco တို့ဖြစ်သည်။ ၎င်းတို့သည် စွမ်းအင်ရင်းမြစ်များကို ရှာဖွေတူးဖော်ခြင်း အပြင် စွမ်းအင်ကဏ္ဍဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ချမှတ်ခြင်း (Regulation)၊ ကုန်စည်ရောင်း ဝယ်ဖောက်ကားခြင်း (Commo-dity Trading) နှင့် ငွေကြေးဆိုင်ရာ သုံးစွဲမှုများ (Fiscal Expenditures)ပါ လုပ်ဆောင်ကြသည်။

လူအများရင်းနှီးသည့် Total ကဲ့သို့သော ကုမ္ပဏီများမှာ အစု ရှယ်ယာရှင်များက ပိုင်ဆိုင်သည့် ပုဂ္ဂလိကစွမ်းအင်ကုမ္ပဏီများဖြစ် ပါသည်။ အကြီးဆုံးပုဂ္ဂလိကစွမ်း အင်ကုမ္ပဏီများတွင် Exxon-Mobil, BP, Royal Dutch Shell, Conoco Phillips, Chevron နှင့် Total တို့ ပါဝင်သည်။ ထိုကုမ္ပဏီများသည်ကား ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ခြင်းမှ သည် ထုတ်လုပ်ရောင်းချခြင်း အထိ ဆောင်ရွက်ကြသည်။ ၎င်းတို့သည် နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ များနှင့် ယှဉ်လျှင် ပိုင်ဆိုင်သော ရေနံနှင့် သဘာဝဓာတ်ငွေ့ရင်း မြစ်များမှာ နည်းပါးသော်လည်း အကျိုးအမြတ်သည်ကား အလွန်ကြီးမားပြီး အလယ်အလတ် တိုင်းပြည်တစ်ခု၏ GDPs နီးပါးရှိပါသည်။ ၎င်းတို့သည် ခိုင်မာသော ဥပဒေဆိုင်ရာ စည်းမျဉ်းစည်းကမ်းများရှိပြီး ရင်းမြစ်ရှာဖွေမှုအောင်မြင်နိုင်ခြေ မြင့်မားသော စီမံကိန်းများကို ဆောင်ရွက်လေ့ရှိသည်။

ထို့အပြင် ဒေါ်လာသန်း ပေါင်းများစွာကို အရင်းအနှီးအ ဖြစ် ပိုင်ဆိုင်ထားသည့် ပိုမိုသေး ငယ်သော နိုင်ငံတကာရေနံကုမ္ပ ဏီများလည်း (ဥပမာ Occidental Petroleum) ရှိပါသည်။ ၎င်းတို့ သည် ပိုမိုတီထွင်ဆန်းသစ်နိုင်စွမ်း ရှိပြီး ပြိုင်ဘက်ကင်းသော နည်း ပညာဆိုင်ရာ ကျွမ်းကျင်မှုများ (ဥပမာ Deep-Water Drilling) ပိုင်ဆိုင်ထားတတ်ကြသည်။

စွမ်းအင်ကဏ္ဍတွင် နောက် ထပ်အရေးပါသူများကတော့ ဝန် ဆောင်မှုကုမ္ပဏီများ (Service Providers) ဖြစ်သည်။ ၎င်းတို့ သည် အထက်တွင် ဖော်ပြခဲ့သော စွမ်းအင်ကုမ္ပဏီကြီးများအား အ မျိုးမျိုးသော ဝန်ဆောင်မှုများကို ပေးအပ်ပါသည်။ ၎င်းတို့သည် လည်း အမြတ်ဝင်ငွေအလွန်ကြီး မားပြီး လူပေါင်းများစွာကို အလုပ်အကိုင်ပေးထားသော လုပ်ငန်း များဖြစ်ပါသည်။

လူအများ နားလည်သင့်သော အခြေခံအချက်အလက်အချို့
ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍနှင့်ပတ်သက်၍ အရေးကြီး သော အချက်တစ်ခုမှာ နိုင်ငံသား များသည် သင့်လျော်သော အခြေ ခံဗဟုသုတနှင့် သတင်းအချက်အ လက်များရရှိမှုဖြစ်သည်။ ၎င်း သည် မကြာခဏဖြစ်ပေါ်လေ့ရှိ သော စွမ်းအင်ကဏ္ဍနှင့် ပတ် သက်သည့် မျှော်လင့်ချက်များကို ချိန်ညှိပေးရန် အကူအညီဖြစ်ပါ လိမ့်မည်။

ထို့ကြောင့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့၊ ကျောက်စိမ်း၊ ပတ္တ မြား၊ ကြေးနီ စသော သယံဇာတ ရင်းမြစ်များနှင့်ပတ်သက်သော ဆုံးဖြတ်ချက်များကို နိုင်ငံအဆင့်  ချမှတ်ရာတွင် နိုင်ငံသားများသည် အသိအမြင်ပြည့်ဝစွာ ပါဝင်ရန် လိုအပ်ပါသည်။ နိုင်ငံသားများ၏ အသိဉာဏ်နည်းပါက သယံဇာတ က ပေးအပ်သော အခွင့်အလမ်း များကို ဖျက်ဆီးပစ်မည့် ဆုံးဖြတ် ချက်အမှားများသို့ ဦးတည်စေနိုင် သောကြောင့် အစိုးရတစ်ရပ်နှင့် ကောင်းမွန်သော ဆုံးဖြတ်ချက်များချမှတ်နိုင်ရန် ပြည်သူလူထုအား မှန်ကန်သင့်လျော်သော သတင်းအချက်အလက်များပေး အပ် (Empower) ရမည်ဖြစ်ပါသည်။

သယံဇာတ ပေါကြွယ်ဝ သော နိုင်ငံတစ်နိုင်ငံ၏သယံဇာတ စီးပွားရေးတွင် သယံဇာတများကို ရှာဖွေတွေ့ရှိခြင်း (Discovery of Natural Resources)၊ အခွန်ဆိုင် ရာ စည်းမျဉ်းများနှင့် အဖွဲ့အစည်း များ (Tax Rules & Institutions)၊ ငွေကြေးစုဆောင်းခြင်းဆိုင်ရာ စည်းမျဉ်းများနှင့် အဖွဲ့အစည်း များ (Saving Rules and Insti-tutions)၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အရည်အသွေးများတည်ဆောက် ခြင်း (Building Investment Capacity) စသည်ဖြင့် ဦးစွာဖွဲ့ စည်းဖြစ်ပေါ်ပါသည်။ ထို့နောက် တွင်မှ သယံဇာတတူးဖော်ရောင်း ချခြင်းလုပ်ငန်းများ စတင်နိုင်မည် ဖြစ်ပါသည်။ ထိုစည်းမျဉ်းများနှင့် အင်စတီကျူးရှင်းများအကြောင်း ကို လူတိုင်းနားလည်ရန်နှင့် ကာ ကွယ်ထိန်းသိမ်းရန် အရေးကြီးပါ သည်။ အထူးသဖြင့် လူတိုင်း နား လည်သင့်သော်လည်း နားမလည် ဖြစ်လေ့ရှိသည့် အချက်သုံးချက် ကို ဆွေးနွေးတင်ပြလိုပါသည်။ ပထမတစ်ခုက ရေနံ၊ သဘာဝ ဓာတ်ငွေ့၊ စိန် စသော သယံဇာတ များကို မည်သူပိုင်သင့်သနည်း ဟူသော မေးခွန်းဖြစ်သည်။ တစ် နည်းဆိုသော် ထိုသယံဇာတများ ကို တွေ့ရှိရာ ဒေသတွင် နေထိုင် သူများ ပိုင်ဆိုင်သင့်သလော၊ သို့ မဟုတ် အစိုးရက ပိုင်ဆိုင်သင့်သ လော။ ဤနေရာတွင် ဗြိတိန်နိုင်ငံ ဖြင့် ဥပမာပေးလိုပါသည်။ ဗြိတိန် နိုင်ငံသည် နှစ်ပေါင်း ၃၀၀ ကျော် တည်ရှိခဲ့သော နိုင်ငံတစ်ခုဖြစ် သည်။ သို့သော် စကော့တလန် ကမ်းခြေအလွန်တွင် တွေ့ရှိခဲ့ သော သဘာဝရင်းမြစ်တစ်ခု ကြောင့် နိုင်ငံ၏အေးချမ်းစွာတည် ရှိမှု ထိခိုက်ခဲ့ရပြီး စကော့တလန် ခွဲထွက်ရေးလှုပ်ရှားမှု ပေါ်ပေါက် လာခြင်းဖြစ်ပါသည်။

အခြားတစ်ဖက်တွင် စိန်ပေါ ကြွယ်သော ဘော့စ်ဝါနာနိုင်ငံတွင်မူ ဘူမိဗေဒနည်းလမ်းများဖြင့် အ တည်မပြုမီ စိန်များရှိနိုင်သည်ဟု စိတ်ဖြင့် ခန့်မှန်းသည့်အဆင့်တွင် ပင် စိန်များကို ပိုင်ဆိုင်သူသည် နိုင်ငံတော်ပင်ဖြစ်သည်ဟု လူမျိုးစု များအကြားတွင် ကျယ်ကျယ်ပြန့် ပြန့် သဘောတူထားခဲ့သဖြင့် ထိုကဲ့သို့သော ပြိုကွဲမှုမျိုး မကြုံတွေ့ခဲ့ရ ပေ။ ဤသည်မှာ ပိုင်ဆိုင်မှုနှင့် ပတ်သက်သောအပိုင်းဖြစ်သည်။

ထို့နောက် သယံဇာတရင်း မြစ်များမှ ရရှိမည့် အကျိုးအမြတ် များနှင့်ပတ်သက်သည့် မျှော်မှန်း ချက်များအကြာင်း ပြောရမည် ဖြစ်သည်။ ရှေးဦးစွာ မေးခွန်းတစ် ခုမေးလိုပါသည်။ နိုင်ငံ၏သယံ ဇာတရင်းမြစ်များမှ ရရှိသော ဝင် ငွေသည် နိုင်ငံသားတစ်ဦးချင်းစီ အတွက် တစ်နှစ်လျှင် ဘယ် လောက်ဖြစ်ပါသနည်း။ မည်သူမျှ မသိပါ။ အကြောင်းမှာ ရေနံသိုက် တစ်ခု(သို့မဟုတ်)သဘာဝဓာတ် ငွေ့သိုက်တစ်ခု တွေ့ရှိကြောင်း ကုမ္ပဏီများက ကြေညာရာတွင် ကိန်းဂဏန်းများမှာ ရေနံစည် သန်းပေါင်းများစွာ၊ သဘာဝဓာတ် ငွေ့ကုဗပေ သန်းပေါင်းများစွာဖြင့် အလွန်ကြီးမားနေသောကြောင့် ဖြစ်သည်။ အကျိုးဆက်အနေနှင့် နိုင်ငံသားများ၏ မျှော်မှန်းချက်များ အလွန်ကြီးမားလာသည်။

ဥပမာဆိုရသော် ရေနံကုမ္ပ ဏီတစ်ခုအား ရေနံရှာဖွေတူးဖော် ခွင့်လိုင်စင် (Signature Bonus) ကို အမေရိကန်ဒေါ်လာသန်း ၅၀ ဖြင့် ပေးအပ်လိုက်သည်ဆိုပါစို့။ တစ်ချိန်တည်းမှာပင် လူတိုင်းသိ သင့်သည်မှာ ရေနံတွင်း ၁၀ တွင်းတူး၍ ရေနံသေချာပေါက် တွေ့ရှိနိုင်သည်မှာ တစ်တွင်းသာ ဖြစ် သည်။ နောက်တစ်ချက်မှာ သာမန်နိုင်ငံသားတစ်ဦးအတွက် ဒေါ်လာသန်း ၅၀ ဆိုသည်မှာ တစ်သက်တာ ထိုင်စားနိုင်လောက်သည့် ပမာဏဖြစ်သော်လည်း နိုင်ငံသားဦးရေ လေးသန်းကျော်နှင့် ပြန်တွက်ကြည့်မည်ဆိုလျှင် တစ်ဦးရရှိသည်မှာ ၁၂ ဒေါ်လာသာ ဖြစ် ကြောင်း တွေ့ရမည်ဖြစ်သည်။ သို့သော် လက်တွေ့တွင်မူ လူထုအကြားတွင် မျှော်မှန်းချက်ပေါက်ကွဲ မှုများ ဖြစ်ပေါ်နေပြီဖြစ်သည်။ ‘‘နိုင်ငံကတော့ ချမ်းသာပါတယ်။ ကျွန် တော်တို့ကတော့ ဆင်းရဲနေ တယ်’’ ဟု ပြောဆိုမှုများဖြစ်ပေါ် လာစေသည်။

တတိယအချက်မှာ အကြမ်း ဖျင်းအားဖြင့် နှစ်ပေါင်း ၂၀ မှ ၅၀ အတွင်း ကုန်ဆုံးသွားနိုင်သော သယံဇာတရင်းမြစ်များမှ ရရှိ သော ဝင်ငွေများကို တိုင်းပြည်၏ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံ မလား (ဥပမာ နော်ဝေးနိုင်ငံ၏ ရေနံရန်ပုံငွေဖြစ်သော Govern-ment Pension Fund Global ကဲ့သို့) (သို့မဟုတ်) ယခုပါတီပွဲ အကြီးအကျယ်ကျင်းပရန် အသုံး ပြုမလားဆိုသည်ကို ဆုံးဖြတ်ရ မည်ဖြစ်သည်။ လူအချို့အနေနှင့် ငါတို့နိုင်ငံချမ်းသာပြီ၊ ငါတို့အလုပ် လုပ်စရာ မလိုတော့ဘူးဟု တွေးထင်တတ်သော်လည်း ထိုသယံဇာတဝင်ငွေများသည် နိုင်ငံ၏အနာဂတ်ကို တည်ဆောက်ရန် ရရှိသော အခွင့်အရေးတစ်ရပ်ဟု သာ ရှုမြင်ရမည်ဖြစ်ပါသည်။ ဤသဘောတရားများမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့အပြင် အခြား Extractive Industries လုပ်ငန်း များအားလုံးတွင် အတူတူပင် ဖြစ် သည်။

သဘာဝဓာတ်ငွေ့ဖြင့် ကူးပြောင်းကြမည့်အနာဂတ်
တစ်ဖက်တွင်မူ သယံဇာတ လုပ်ငန်းများအနေနှင့် ကြုံတွေ့နေ ရသော သဘာဝပတ်ဝန်းကျင် ဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ စိန် ခေါ်မှုများ ရှိနေပါသည်။ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများ တွင် အကြီးမားဆုံးမှာ ကမ္ဘာကြီး ပူနွေးမှုနှင့် ရာသီဥတုပြောင်းလဲမှု များ ဖြစ်လေသည်။ အကျိုးဆက်  အနေနှင့် မိုးခေါင်ရေရှားမှု၊ ဖျက် အားပြင်းသော မုန်တိုင်းများနှင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက် မှုများ ဖြစ်ပေါ်လာနေပါသည်။ ၎င်းတို့သည် စွမ်းအင်လုပ်ငန်း၏ နေ့စဉ်လည်ပတ်မှုကို နှောင့်ယှက် နိုင်ပြီး လူတို့၏ နေ့စဉ်ဘဝနှင့် ကုမ္ပဏီ၏ ထုတ်လုပ်နိုင်စွမ်းကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့် Paris Climate Agreement အရကမ္ဘာကြီးပူနွေးမှုကို ထိန်းချုပ်ရန် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှုနည်းပါးသော စွမ်းအင်ရင်းမြစ်များ (နေစွမ်းအင်၊ လေစွမ်းအင်)ကို ပိုမိုအသုံးပြုရန်နှင့် စွမ်းအင်ကို ပိုမိုထိရောက်စွာ အသုံးပြုရန် လို အပ်လာနေပြီဖြစ်သည်။ မကြာ သေးခင်က မီဒီယာသတင်းတစ်ခု တွင် ကုလသမဂ္ဂအထွေထွေ အ တွင်းရေးမှူးချုပ်က ယခုကာဗွန် ထုတ်လုပ်မှုများကို မထိန်းချုပ်နိုင် ပါက ကမ္ဘာပေါ်တွင် ပျက်စီးမှုနှင့် သေဆုံးမှုများ ပိုမိုမြင့်မားလာမည် ဖြစ်ကြောင်း၊ အကောင်းဘက်က ပြန်တွေးလျှင် ထိုသို့ဖြစ်လာပါက လူ့အဖွဲ့အစည်းတစ်ခုလုံးက အ ပြောင်းအလဲကို ပိုမိုဆောင်ရွက် လာကြမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။

သိပ္ပံပညာရှင်များ၏ Car-bon Budget ဟူသော အယူအဆအရ လူတို့၏ လာမည့် နှစ်များ (၂၀၅၀ ခုနှစ်အထိ)အတွင်း ကာဗွန်ထုတ်လွှတ်နိုင်မှုမှာ စုစုပေါင်း တန်ချိန် ဘီလီယံ ၇၀၀ သာ ဖြစ် သော်လည်း ယခုနှစ်စဉ်ထုတ် လွှတ်မှုမှာ တန်ချိန် ဘီလီယံ ၄၀ ခန့် ရှိနေသည်။ ထို့ကြောင့် ကာဗွန်ထုတ်လွှတ်မှုကို ရည်မှန်းထား သည့် ပမာဏအထိ လျှော့ချရန်မှာ နှစ်ပေါင်း ၂၀ ပင် မကျန်တော့ပါချေ။

ထို့ကြောင့် အနာဂတ်တွင် အစိုးရများ၊ စွမ်းအင်ကုမ္ပဏီများ နှင့် လူထုရွေးချယ်ရမည့် လမ်း ကြောင်းသည် အထူးထင်ရှားနေ ပါသည်။ ဤနေရာတွင် ဆက်စပ် ၍ တင်ပြရသော် တစ်ဖက်တွင် လည်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဲ့သို့သော သဘာဝစွမ်းအင်ရင်း မြစ်များသည် အကန့်အသတ်ရှိ သော အရင်းအမြစ်များဖြစ်ပြီး တစ်နေ့ကုန်ဆုံးသွားမည် ဖြစ် သည်။ ထို့အပြင် လူဦးရေတိုးပွားခြင်းနှင့် လူနေမှုအဆင့်အတန်း တိုးမြင့်လာခြင်းတို့ကြောင့် ကမ္ဘာပေါ်တွင် ၎င်းတို့ကို သုံးစွဲမှုမှာ နှစ်စဉ်တိုးတက်လျက်ရှိသည်။ လက်ရှိတွင် နှစ်စဉ် ရေနံတန်ချိန်ပေါင်း ၁၁ ဘီလီယံကျော်ခန့် သုံးစွဲနေပြီး သဘာဝဓာတ်ငွေ့သုံးစွဲမှုမှာ လည်း ၂၀၄၀ ပြည့်နှစ်တွင် ၂၀၃ ထရီလီယံ ကုဗပေအထိ ရှိလာ မည်ဟု ခန့်မှန်းထားသည်။

အကြမ်းအားဖြင့် လက်ရှိ သိရှိထားသော ရေနံရင်းမြစ်များ မှာ ၂၀၅၂ ခုနှစ်အထိ တည်ရှိမည်ဖြစ်ပြီး သဘာဝဓာတ်ငွေ့ရင်းမြစ် များမှာမူ ၂၀၆၀ ပြည့်နှစ်အထိ တည်ရှိမည်ဖြစ်ပါသည်။ BP ၏၂၀၁၆ ခုနှစ် လေ့လာမှုတစ်ခုတွင် သဘာဝဓာတ်ငွေ့မှာ ၅၂ ဒသမ ၈နှစ်စာနှင့် ရေနံမှာ ၅၀ ဒသမ ၇ နှစ်စာ တစ်ကမ္ဘာလုံးအတိုင်းအတာ အရ ကျန်ရှိနေကြောင်း ဖော်ပြ ထားသည်။

သို့သော် ကျွန်ုပ်တို့၏ ရုပ် ကြွင်းလောင်စာများ ဆက်လက် ထုတ်ယူသုံးစွဲနိုင်မှုကို ကန့်သတ် မည်မှာ ရုပ်ကြွင်းလောင်စာများ ကုန်ခန်းမှုမဟုတ်ဘဲ ကမ္ဘာကြီး ပူနွေးမှုပင်ဖြစ်ကြောင်းမှာ လူတိုင်းသိသင့်သော အမှန်တရားဖြစ်ပါ သည်။

ဤသည်ကို လက်မခံသော ကုမ္ပဏီများအနေနှင့် အစိုးရ၏ တင်းကျပ်သော ကာဗွန်မူဝါဒများ နှင့် ဈေးကွက်၏အပြောင်းအလဲ များကို ထိပ်တိုက်ရင်ဆိုင်ရမည် ဖြစ်လေသည်။ အပြောင်းအလဲကို ဦးဆောင်သော ကုမ္ပဏီများက တော့ ရှေ့တန်းသို့ ရောက်ရှိမည် ဖြစ်ပါသည်။ ဥပမာအားဖြင့် နော် ဝေးနိုင်ငံ၏ Equinor ဖြစ်ပါသည်။ ၎င်းသည် ကုမ္ပဏီအမည်ကို Statoil မှ Equinor သို့ ပြောင်း လဲကာ ရေနံနှင့် သဘာဝဓာတ် ငွေ့သာမက ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ရင်းမြစ်များတွင်ပါ ရင်း နှီးမြှုပ်နှံမည်ဖြစ်ကြောင်း အသိ ပေးကြေညာခဲ့သည်။ Equinor သည် လွန်ခဲ့သည့် ရာစုနှစ်အတွင်း နော်ဝေးနိုင်ငံအား အချမ်းသာဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေခဲ့သော အမှတ်လက္ခဏာတစ်ခု ဖြစ် သည်။ ကမ္ဘာ့ပထမဆုံး ကမ်းလွန် လေအား လျှပ်စစ်ထုတ်လုပ်မှုများ (Offshore Wind Farms) ပြုလုပ်ခဲ့သော ထိပ်တန်းကုမ္ပဏီလည်း ဖြစ်ပြီး ဤသည်မှာ အလွန်ရဲရင့် သော ဦးဆောင်မှုတစ်ခုဖြစ်ပါ သည်။

ထိုအပြောင်းအလဲကို Tran-sitional Fuel အဖြစ် သက်သာ လွယ်ကူအောင် ပြုလုပ်ပေးမည် မှာ သဘာဝဓာတ်ငွေ့ပင် ဖြစ် သည်။ ရာသီဥတုပြောင်းလဲမှု သည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှု တစ်ရပ်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ဖြေရှင်းမှုများလိုအပ်သည်။ နိုင်ငံ များတွင် နယ်နိမိတ်စည်းမျဉ်းရှိ သော်လည်း ကမ္ဘာကြီးကို ပူနွေး စေသော အရာများ ထုတ်လွှတ်မှု သည်ကား နယ်နိမိတ်စည်းမျဉ်း မရှိပါချေ။ ထို့ကြောင့် လျှပ်စစ် ဓာတ်အားအတွက် ကျောက်မီး သွေးကို အသုံးပြုနေသော တရုတ်နိုင်ငံကဲ့သို့ နိုင်ငံကြီးများသည် လည်း ရာသီဥတုဆိုင်ရာ ပြုပြင် ပြောင်းလဲရေးရည်မှန်းချက်များ အတွက် ပိုမိုသန့်ရှင်းသော စွမ်း အင်ရင်းမြစ်ဖြစ်သည့် သဘာဝ ဓာတ်ငွေ့ကို ပြောင်းလဲသုံးစွဲလာ နေသည်။

သဘာဝဓာတ်ငွေ့သည် ပေါ များမှု၊ အတန်ငယ်သက်သာသော ဈေးနှုန်း၊ အသန့်ရှင်းဆုံးနှင့် အထိ ရောက်ဆုံး အသုံးပြုနိုင်သည့် စွမ်း အင်ရင်းမြစ်တစ်ခုဖြစ်ပါသည်။ ၎င်းသည် နေစွမ်းအင်(သို့မဟုတ်) လေစွမ်းအင်တို့ကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ရင်းမြစ်မဟုတ် သော်လည်း ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ရင်းမြစ်များကို အခြေခံ သည့် အနာဂတ်စွမ်းအင်ကဏ္ဍသို့ ကူးပြောင်းနိုင်စေမည့် အရာတစ် ခုဖြစ်လာနိုင်ပါသည်။ ထို့အပြင် သဘာဝဓာတ်ငွေ့ကို ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်များနှင့်အတူ Baseload Power အဖြစ် အတူ ယှဉ်တွဲသုံးစွဲနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ စွမ်းအင် ကဏ္ဍကို ကြည့်မည်ဆိုလျှင် ကမ်း လွန် (Offshore)လုပ်ကွက်များ သည် ကုန်းတွင်း (Onshore) လုပ် ကွက်များထက် သဘာဝဓာတ်ငွေ့ ပမာဏ ပိုမိုတည်ရှိနိုင်သည်ဟု ဆိုကြပြီး ထိုပမာဏနှင့် ပတ်သက် ၍ အမျိုးမျိုးခန့်မှန်းထားသည်။ Myanmar Energy Master Planပါ ကိန်းဂဏန်းများအရ ကမ်းလွန် ပိုင်းတွင် ကုဗပေ ၁၁ ထရီလီယံနှင့် ကုန်းတွင်းပိုင်းတွင် ကုဗပေ ၅ ဒသမ ၆ ထရီလီယံရှိမည်ဟုဆို သည်။ အထက်ပါစွမ်းအင်ဆိုင် ရာ အကူးအပြောင်းအတွက် ပြည် တွင်းသဘာဝဓာတ်ငွေ့ထုတ်လုပ် မှုသည် မကြာခင် ကျင်းပတော့ မည့် တင်ဒါနှင့်အတူ ကမ်းလွန် သဘာဝဓာတ်ငွေ့ရှာဖွေထုတ် လုပ်မှုနည်းပညာများ တိုးတက် ရရှိလာခြင်းနှင့် ပိုမိုကောင်းမွန် သော အခြေအနေများကြောင့် ပိုမိုဖွံ့ဖြိုးလာမည်လားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

No comments:

Post a Comment