Thursday, June 13, 2019

ပလက်ဝဒေသတွင် တပ်မတော်နှင့် AA တိုက်ပွဲကြောင့် စစ်ဘေးရှောင်ဦးရေတိုးလာ

ချင်းပြည်နယ်ပလက် ၀ဒေသတွင် တပ်မတော်နှင့် ရခိုင် လက်နက်ကိုင်အဖွဲ့ (AA) တိုက်ပွဲ ကြောင့် တိမ်းရှောင်လာသူပိုများ လာပြီး သုံးရက်အတွင်းလူ ၇၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေး လာကြောင်း ပလက်ဝဒေသခံအရပ်ဘက်အဖွဲ့အစည်းများက  ပြောသည်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်သောချင်းပြည်နယ်ပလက် ၀မြို့နယ် ရှိ ပိန္နဲတပင်၊ သဲမချောင်း  ထဲနှင့် သဲမချောင်းဝကျေးရွာဒေ သခံ ၆၀၀ ခန့်သည် ပလက် ၀မြို့ပေါ်သို့ ဇွန်လ ၈ ရက်တွင်  ထွက်ပြေးလာပြီး ဇွန်လ ၁၀ ရက် တွင် စစ်ဘေးရှောင်များထပ်မံ ရောက်ရှိလာသည်။



ပလက်ဝမြို့နယ်လူမှုကူညီ ရေးအသင်းမှ ဦးအောင်ကျော်က ‘‘စစ်ဘေးရှောင်တွေ ပိုများလာ တယ်။ သူတို့အတွက် အကူအညီ   တွေလိုအပ်နေပါတယ်’’ ဟု ပြော သည်။

ဇွန်လ ၁၁ ရက်စာရင်းအရ  ကျေးရွာသုံးရွာမှ ဒေသခံ ၇၂၂ ဦးသည် ပလက်ဝမြို့ပေါ်သို့ ရောက်ရှိနေပြီး နီးစပ်ရာ ဆွေမျိုး  များနှင့် ယာယီကယ်ဆယ်ရေး စခန်းတွင် ခိုလှုံနေသည်။ ထွက် ပြေးလာသည့် အိမ်ထောင်  စုဝင်များ၌ ကျောင်းတက်နေ သော ကလေးငယ်များပါဝင်ပြီး ရက်အနည်းငယ်အတွင်း နေရပ် ပြန်ခွင့်ရရန် မျှော်လင့်သော်လည်း ယင်းဒေသတွင် ပိုမိုဆိုးရွားလာ သောအခြေအနေကြောင့် နေရပ် မပြန်နိုင်ဖြစ်နေသည်။ ပလက်ဝမြို့နယ်အုပ်ချုပ် ရေးမှူး ဦးကိုးအောင်ကမြို့ ပေါ်သို့ရောက်လာသော စစ်ဘေး ရှောင်များအတွက် အကူအညီ လိုအပ်နေကြောင်း ပြောသည်။ ပလက်ဝမြို့ပေါ်တွင် ခိုလှုံနေ သော စစ်ဘေးရှောင်များကို ကူညီလိုပါက ပလက်ဝမြို့နယ် လူမှုကူညီရေးအသင်းဖုန်း ၀၉ - ၂၅၈၉၉၄၈၄၁၊ ၀၉ -၂၆၂၆၄၂၃၄၄၊ ၀၉ - ၈၉၉၂၉၀၆၁၁ သို့ဆက်သွယ်လှူ ဒါန်းနိုင်သည်။

No comments:

Post a Comment