Thursday, June 13, 2019

အာရှပိုက်ကျော်ခြင်း ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်းငွေတံဆိပ်ရရှိ

တရုတ်နိုင်ငံ၌ ကျင်းပ သည့် အာရှပိုက်ကျော်ခြင်းချန်ပီ ယံရှစ် ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ အမျိုးသမီးအသင်း ဗိုလ်လုပွဲအ ဆင့်သို့ တက်ရောက်သော်လည်း ထိုင်းအသင်းကို ရှုံးနိမ့်ပြီး ငွေတံ ဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရသည် ဇွန်လ ၁၂ ရက် နံနက်က တရုတ်နိုင်ငံကူမင်းမြို့၌ ကျင်းပ သည့် အာရှပိုက်ကျော်ခြင်း အမျိုး သမီး သုံးယောက်တွဲပြိုင်ပွဲ ဗိုလ် လုပွဲတွင် မြန်မာအသင်းက ထိုင်း အသင်းကို အကြိတ်အနယ် ယှဉ် ပြိုင်သော်လည်း နှစ်ပွဲပြတ်ဖြင့် ရှုံး နိမ့်ခဲ့သည်။



မြန်မာအမျိုးသမီးအသင်း သည် ယင်းပြိုင်ပွဲ အုပ်စုအဆင့် တွင် ဂျပန်နှင့် မလေးရှားအသင်း ကို အနိုင်ယူခဲ့ပြီး အကြိုဗိုလ်လုပွဲ၌ အိမ်ရှင် တရုတ်အသင်းကိုနှစ်ပွဲ ပြတ်ဖြင့် အနိုင်ရကာ ဗိုလ်လုပွဲအ ဆင့်သို့ တက်ရောက်ခဲ့သည်။

1st Asian Sepaktakaw Championship ဖိတ်ခေါ်ပြိုင်ပွဲ ကို ဇွန်လ ၁၀ ရက်မှ ၁၄ ရက်အ ထိ တရုတ်နိုင်ငံ ကူမင်းမြို့၌ပထမ အကြိမ် ကျင်းပခဲ့သည်။ ပြိုင်ပွဲ တွင် အိမ်ရှင်တရုတ်၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ မလေး ရှားစသည့်နိုင်ငံတို့မှ ပိုက်ကျော် ခြင်းအသင်း ၂၈ သင်း  ပါဝင်ယှဉ် ပြိုင်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာ ပိုက်ကျော်ခြင်း အသင်းအနေဖြင့်  အမျိုးသမီးသုံးယောက်တွဲ ပြိုင်ပွဲ ၌သာ ယှဉ်ပြိုင်ခဲ့သည်။ မြန်မာအ မျိုးသမီး အသင်းတွင် အေးအေး သန်း၊ ဆုမွန်ကျော်၊ ယမုံဇင်၊ စုမြတ်မိုးတို့ပါဝင်သည်။  မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်သည် နိုဝင်ဘာအတွင်း  ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပမည့် ၂၀၁၉ အရှေ့တောင်အာရှ အား ကစားပြိုင်ပွဲ (ဆီးဂိမ်း) အတွက် ပဏာမကစားသမားများ ရွေး ချယ်ကာ နေပြည်တော်၌ စခန်း သွင်းလေ့ကျင့်နေပြီး နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲများလည်း ၀င် ရောက်ယှဉ်ပြိုင်နေသည်။

No comments:

Post a Comment