Thursday, June 13, 2019

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ရာတွင် အခန်း ၁၄ အထိ ပြီးစီးနေပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လုပ်ပိုင်ခွင့်လျှော့ချရန်နှင့် ပုဒ်မ ၄၃၆ ၌ပါဝင်သော ရာခိုင်နှုန်းကို လျှော့ချရန် တင်ပြချက်များရှိကြောင်း သိရ

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ရာတွင် အခန်း ၁၄ အထိ ပြီးစီးနေပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လုပ်ပိုင်ခွင့်လျှော့ချရန်နှင့် ပုဒ်မ ၄၃၆ ၌ပါဝင်သော ရာခိုင်နှုန်းကို လျှော့ချရန် တင်ပြချက်များရှိကြောင်း သိရသည်။ြ ပည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး(၂၀/၂၀၁၉)ကို  ဇွန် ၁၂ ရက်က ပြည်ထောင်စုလွှတ်တော် D ဆောင် ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း ၁၃နှင့် အခန်း ၁၄ တို့နှင့် ပတ်သက်သော ပြင်ဆင်ရန် တင်ပြခြင်းလုပ်ငန်းများ ပြီးစီးခဲ့ခြင်းဖြစ်သည်။



“ဒီနေ့ ၁၃၊ ၁၄ ပြီးသွားပြီ။ မနက်ဖြန် တစ်ရက်ဆိုပြီးပြီ။ အရေးပေါ်ကာလအခန်းက ရှင်းရှင်းပြောရမယ်ဆိုရင် တစ်ချို့ကိစ္စတွေမှာ သမ္မတရဲ့ လုပ်ပိုင်ခွင့် သိပ်မရှိဘူး။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပဲ လုပ်ပိုင်ခွင့်ရှိတယ်။ အမှန်တော့ သမ္မတနဲ့ ပြည်ထောင်စုလွှတ်တော်က ခိုင်းတဲ့ဟာကိုပဲ ကာကွယ်ရေးဦးစီးချုပ်က လုပ်ရတာ။ အားလုံးက အခုနောက်ပိုင်း အဲဒီလိုပဲ လုပ်ကြတယ်။ တော်တော်များများကတော့ ဒါကို သဘောတူကြတယ်။ ပြင်ကြတယ်” ဟု အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့သူ ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။


ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစည်းအဝေးကာလတစ်လျှောက် ပြင်ဆင်ရန် တင်ပြချက်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း အခန်းနှင့်ပတ်သက်၍ ပုဒ်မ ၄၃၆ တွင် ပြဋ္ဌဌာန်းထားသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်ဆိုသော သတ်မှတ်ချက်တွင် ရာခိုင်နှုန်းအား လျှော့ချတင်ပြခြင်းများလည်းရှိကြောင်း ゞင်းကပြောကြားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်တွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄)မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် တင်သွင်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများ ဆောလျင်စွာဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန်အဆိုအား ဖေဖော်ဝါရီ ၆ ရက်က လွှတ်တော်၌ ဆွေးနွေးအတည်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကော်မတီကို ၄၅ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဥက္ကဋ္ဌဌအဖြစ် ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ဦးထွန်းထွန်းဟိန်၊ ဒုတိယဥက္ကဋ္ဌဌအဖြစ် အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌဌ ဦးအေးသာအောင်၊ အတွင်းရေးမှူးအဖြစ် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၃) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ် ဉာဏစိုး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဒေါပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းအောင်(ခ) ဦးပြုံးချိုတို့ကို တာဝန်ပေးအပ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦး၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့မှ ရှစ်ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အမျိုးသားပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ နှစ်ဦးစီ၊ တအောင်း (ပလောင်) အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပအိုဝ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ လီဆူးအမျိုးသားဖွံ့ဖြိုးတိုး တက်ရေးပါတီ (ဒူးလေးပါတီ)၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ “ဝ” ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီတို့မှ ကိုယ်စားလှယ်တစ်ဦးစီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ဦးတို့ ပါဝင်သည်။

ယင်းကော်မတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး ဇူလိုင် ၁၇ ရက်မတိုင်မီ အစီရင်ခံစာ တင်ပြရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment