Thursday, June 13, 2019

ဆေးကုသခွင့်လိုင်စင်ပိတ်သိမ်းခံရသည့် မော်ဒယ်လ် နန်းမွေစံ အယူခံတင်သွားမည်ဟုဆို

မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် သင့်လျော်မှုမရှိသော ၀တ်စားဆင်ယင်မှုများဖြင့် ဖေ့စ်ဘွတ်ခ် ပေါ် ဓာတ်ပုံများတင်မှုကြောင့်  အ ထွေထွေဆေးကုသခွင့်လိုင်စင် ပိတ် သိမ်းခံရမှု ပြန်လည်ရရှိရန် အယူခံ တင်သွားမည်ဖြစ်ကြောင်း မော်ဒယ်လ် နန်းမွေစံက ဒီမိုကရေစီတူဒေးသို့ အတည်ပြုပြောကြားလိုက်သည်။ "ဆရာဝန်လက်မှတ် သိမ်းလိုက် တာဟုတ်တယ်။ ကျွန်မကပြန်ပြီးတော့ ဆရာကြီးတွေကို တောင်းပန်မယ်။ အယူခံဝင်ပြီး အသနားခံမယ်။ အပြီး အပိုင်သိမ်းတာမျိုးမလုပ်ဘဲနဲ့ တစ် ချိန်ကျရင် ပြန်အသုံးပြုခွင့်ရအောင် ယာယီအပ်နှံတဲ့သဘောမျိုးနဲ့ ဆောင် ရွက်ချင်တယ်။ အခုက သူတို့ရဲ့အ ရေးအသားအရဆို အပြီးအပိုင်သိမ်း လိုက်တာ။ အဲ့ဒါကိုပြန်ပြီးတော့ အသ နားခံမှာပါ " ဟု ၎င်းင်းက ဒီမိုကရေစီ တူဒေးသို့ ဇွန် ၁၁ရက်တွင် ပြောသည်။



လာမည့်တစ်ပတ်အတွင်း မြန်မာ နိုင်ငံဆေးကောင်စီသို့ ဆေးကုသခွင့် လက်မှတ် သွားရောက်အပ်နှံရာတွင် အသနားခံကာ အယူခံတင်မည်ဖြစ် ကြောင်း ၎င်းင်းက ပြောသည်။

"ဒီလိုမဖြစ်ခင်ကလည်း အသိ ပေးစာတွေရောက်တယ်။ နှစ်ခါ သုံး ခါလောက်ရောက်တယ်။ ပထမဆုံး အကြိမ် စာရောက်လာတယ်။ ကျွန်မ နဲ့အတူ နောက်ထပ်မော်ဒယ်လ်တစ် ယောက်ရှိတယ်။ ဆေးကောင်စီကို သွားတယ်။ ဆရာကြီးတွေ သုံးလေး ယောက်ရှေ့မှာ ထိုင်ပြီးတော့မလုပ် တော့ပါဘူးဆိုပြီးတော့ စာရွက်ထဲ မှာရေးပြလိုက်တယ်။ လက်မှတ်ထိုး ခဲ့ရတယ်" ဟု ၎င်းင်းကပြောသည်။

မိမိ၏အနုပညာအလုပ်မှာ ဓာတ်ပုံမော်ဒယ်လ်ဖြစ်နေ၍ ဓာတ်ပုံ များတင်ခြင်းဖြစ်ကြောင်း မော်ဒယ်လ် နန်းမွေစံက ပြောသည်။

"အရင်တစ်ခေါက် ရှိုးတစ်ခုမှာ ၀တ်စုံတွေက လူတွေကြားထဲမှာပြန့် သွားတယ်။ အဲ့ဒီဝတ်စုံတွေကြောင့် လည်း ပိုပြီးတော့ပြောစရာတွေဖြစ် သွားတယ်" ဟု ၎င်းင်းက ပြောသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် သင့် လျော်မှုမရှိသော ၀တ်စားဆင်ယင်မှု များဖြင့် ဖေ့စ်ဘွတ်ခ်ပေါ်တွင် ဓာတ်ပုံ များတင်ထားသော ဒေါက်တာနန်း မွေစံမှ ဓာတ်ပုံတင်ခြင်းကိစ္စများဆက် လက်ဆောင်ရွက်ခြင်းမပြုပါဟု

မြန်မာ နိုင်ငံဆေးကောင်စီ၌ ယခုနှစ် ဇန်န ၀ါရီ ၁၄ ရက်တွင် ကတိက ၀တ်ပြုခဲ့ သော်လည်း ထပ်မံ၍ အဆိုပါဓာတ်ပုံ များအပြင် မြန်မာ့ယဉ်ကျေးမှုနှင့်သင့် လျော်မှုမရှိသည့် ၀တ်စားဆင်ယင် မှုဖြင့် ဖေ့စ်ဘွတ်ခ်ပေါ်တွင် ဗီဒီယို များတင်ခြင်းတို့ကို ကတိက ၀တ်ပြု ခဲ့သောနေ့နောက်ပိုင်း သုံးလကျော် သည့်တိုင် ဆက်လက်လုပ်ဆောင်နေ သည်ကို တွေ့ရှိရပါသဖြင့် မေ ၃၁ ရက်တွင်ကျင်းပသော မြန်မာနိုင်ငံ ဆေးကောင်စီ အလုပ်အမှုဆောင် (၅/၂၀၁၉) အစည်းအဝေးဆုံးဖြတ် ချက်အရ မြန်မာနိုင်ငံဆေးကောင်စီ ဥပဒေအခန်း(၁၂)၊ ပုဒ်မ(၄၅)၊ ပုဒ်မ ခွဲ(ဃ)နှင့်အညီ
ဒေါက်တာနန်းမွေစံ အား ဤအမိန့်စာထုတ်ပြန်သည့်နေ့ မှစ၍ ၎င်းင်း၏အထွေထွေဆေးကုသ ခွင့်လိုင်စင်ကို ပိတ်သိမ်းလိုက်ကြောင်း ဇွန် ၃ ရက်စွဲဖြင့် မြန်မာနိုင်ငံဆေး ကောင်စီက အမိန့်ကြော်ငြာစာထုတ် ပြန်ခဲ့သည်။

No comments:

Post a Comment