Thursday, June 13, 2019

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ သားသမီးများ ပညာသင်ရန် အကူအညီလိုအပ်နေ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီး လယ်ယာတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားမိသားစုတွေရဲ့ သားသမီးတွေ ပညာသင်ကြားရေးအတွက် အကူအညီတွေ လိုအပ်နေပါတယ်။ ပြီးခဲ့တဲ့နှစ်က နယ်စပ်မှာ ဖွင့်လှစ်ထားတဲ့ ကျောင်း ၃ ကျောင်းမှာ ကျောင်းသူကျောင်းသား ၃၀၀ ကျော်လောက် ပညာသင်ကြားနေကြရာကနေ ဒီနှစ်မှာတော့ ကျောင်းသား ၄၀၀ လောက်အထိရှိ လာတယ်လို့ ရွှေ့ပြောင်းမြန်မာအရေး ကူညီပေးနေတဲ့ ဦးဂျော်နီက ပြောပါတယ်။



အရင်ကတော့ ဒီစာသင်ကျောင်းတွေကို တနိုင်တပိုင် လှူဒါန်းငွေတွေ၊ ကျောင်းသား မိဘတွေရဲ့ ထည့်ဝင်ငွေတွေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားဂေါ်ရခါးလူငယ်များ အစည်းအရုံးဝင်တွေရဲ့ လစဉ်စုငွေတွေနဲ့ ထောက်ပံ့လည်ပတ်ခဲ့တာပါ။

အခုအခါမှတော့ ဝင်ငွေပုံမှန်မရှိတဲ့ မိဘတွေကလည်း ရန်ပုံငွေထည့်ဝင်ဖို့ ခက်ခဲလာသလို ကျောင်းသားဦးရေတွေ တိုးလာတဲ့အပြင် ဘယ်အန်ဂျီအို အဖွဲ့အစည်းတွေရဲ့ ကူညီပံ့ပိုးမှုကိုလည်း မရသေးတဲ့အတွက် ကျောင်း ဆက်လက်ဖွင့်လှစ်ဖို့ အကူအညီတွေ လိုအပ်နေတာလို့ ကျောင်းတာဝန်ရှိသူက ပြောပါတယ်။

No comments:

Post a Comment