Thursday, June 13, 2019

(၅)နှစ်ခန့်အရွယ်ကလေးတစ်ဉီး မီးခြစ်အားဆော့ကစားရာမှ နေအိမ် မီးလောင်ပြီး ၂ နှစ်ခန့်အရွယ် ကလေးတစ်ဦး သေဆုံး

၂၀၁၉ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့ ၁၄၀၀ အချိန် ပခုက္ကူမြို့နယ်၊ အရာတော်ကျေးရွာနေ ဇေယျာဖြိုး(၂၅)နှစ်နှင့် ဇနီးဖြစ်သူတို့သည် နေစားအလုပ်သွားရောက်လုပ်ကိုင်နေစဉ် နေအိမ်တွင် ကျန်ရှိသည့် ၎င်းတို့၏ သား ၂ ဦးအနက် မောင်မင်းဘုန်းခန့်(၅)နှစ်မှ မီးခြစ်အားဆော့ကစားသဖြင့် အိပ်ယာခင်းမှတဆင့် နေအိမ် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ၁၄၄၀ အချိန်တွင် မီးငြိမ်းခဲ့ပါသည်။ အဆိုပါမီးလောင်မှုကြောင့် မောင်ဖြိုးသီဟကျော်(၂)နှစ်မှာ မီးလောင်ဒဏ်ရာများရရှိပြီး သေဆုံးသွားခဲ့သဖြင့် မြစ်ခြေတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကာ ၁၆၃၀ အချိန်တွင် ဇေယျာဖြိုး(၂၅)နှစ်အား မြစ်ခြေနယ်မြေရဲစခန်း(ပ)၅၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၂၈၅(ပေါ့လျော့မှုကြောင့် လူသေစေမှု/ မီးပေါ့ဆမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment