Thursday, June 13, 2019

တိုးတက်လာသည့် တရုတ်ခရီးသွားဝင်ရောက်မှုနှင့် နောက်ဆက်တွဲပြဿနာဖြေရှင်းရေး မန္တလေးတွင် ဆွေးနွေး

 မြန်မာနိုင်ငံသို့ တရုတ် ခရီးသွားများ ၀င်ရောက်မှု မြင့် တက်လာခြင်းနှင့်အတူ ပြည်တွင်း၌ ၀န်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေရန်နှင့် အဆင်မပြေမှုများ ဖြေရှင်းနိုင်ရေး အသိပညာပေး ဆွေးနွေးပွဲကို မန္တလေးမြို့၌ ပြုလုပ်ခဲ့သည်။ ‘‘တရုတ်လူမျိုးတွေရဲ့ အ လေ့အထက ဘယ်လိုရှိလဲ၊ သူတို့ တရုတ်ဈေးကွက်က အခြေအနေ ဘယ်လိုရှိလဲ၊ သူတို့အဆင်မပြေ မှုတွေကို ဘယ်လိုဖြေရှင်းမလဲ။ အဲဒါမျိုးတွေကို အသိပညာပေးဖို့ အတွက် ဒီဆွေးနွေးပွဲကို ပြုလုပ်ရ ခြင်းဖြစ်ပါတယ်’’ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ နိုင် ငံတကာနှင့် ဒေသတွင်းပူးပေါင်း ဆောင်ရွက်ရေးဌာန ညွှန်ကြား ရေးမှူး ဦးလှမြင့်က ပြောသည်။



ဆွေးနွေးပွဲကို ဇွန်လ ၁၁ ရက်တွင် Hilton Mandalay ဟိုတယ်၌ ကျင်းပခဲ့ပြီး အာဆီယံ-တရုတ်စင်တာ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ဘေဂျင်းတက္ကသိုလ်နှင့် ကွေလင်းခရီးသွားတက္ကသိုလ်မှ ပညာရှင်များ၊ ပြည်တွင်းရှိ ခရီးသွားလုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ဧည့်လမ်းညွှန်များ တက်ရောက်ဆွေးနွေးသည်။

မန္တလေးတိုင်းသည် တရုတ် ခရီးသွားများ အများဆုံး လာ ရောက်သည့် ဒေသဖြစ်သဖြင့် အ ဆိုပါဆွေးနွေးပွဲကို လာရောက် ကျင်းပရခြင်းဖြစ်ကြောင်း၊တရုတ်ခရီးသွားများ၏ အလေ့အထ များကို သိရှိထားပါက ခရီးစဉ်များ မိတ်ဆက်ခြင်းနှင့် ၀န်ဆောင်မှုပေးခြင်းတို့ ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေစေမည်ဖြစ်ပြီး ဧည့်သည်များ တိုးတက်ဝင်ရောက်လာခြင်းနှင့်အတူ ကြုံတွေ့လာနိုင်မည့် အဆင်မပြေမှုများကိုပါ ဆွေးနွေးခဲ့ကြောင်း ဦးလှမြင့်က ပြောသည်။

‘‘သူတို့လူမျိုးတွေက ဘာ တွေကြိုက်တတ်တယ်၊ ဘယ်လို လုပ်ရင် ကောင်းတယ်ဆိုတာမျိုး တရုတ်ဘက်က လာဆွေးနွေးတာ ပေါ့။ မြန်မာအနေနဲ့ကတော့ ထိုင်း လိုမျိုး ခရီးသွားတွေအရမ်းဝင်လာ ရင် စနစ်ကျတဲ့ စည်းစနစ်တစ်ခု တည်ထောင်ထားဖို့လိုတယ်။ အဲ ဒါရှိထားမှ ဘယ်ခရီးသည် ဘယ် လောက်ပဲဝင်ဝင် ဒီစနစ်ထဲမှာ သွားနိုင်ရင် အခက်အခဲတွေမရှိ ဘူးပေါ့။ အဲဒါကိုလုပ်ဖို့ ကြိုးစား နေပါတယ်’’ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (မန္တ လေးဇုန်)ဥက္ကဋ္ဌ ဦးမျိုးရီက ပြော သည်။ ‘‘ဇီးရိုးဘတ်ဂျက် ခရီးသွား ကတော့ တော်တော်လေး ပေါ်ပြူ လာဖြစ်နေတာပေါ့။ သူတို့ထား တဲ့ဟိုတယ်မှာတည်း၊ သူတို့ကျွေး တဲ့ဆိုင်မှာစား၊ ဈေးဝယ်တဲ့အခါ မတန်တဆ တင်ထားပြီးတော့ ရောင်း၊ အဲဒီပိုက်ဆံတွေကိုလည်း Alli pay တို့၊ WeChat Pay တို့နဲ့ လွှဲလိုက်တော့ မြန်မာကမရတော့ ဘူးပေါ့။ ဒါက ၀န်ကြီးဌာနတစ်ခု တည်း ပြောနေလို့မရဘူး။ သက် ဆိုင်တဲ့ ခရီးသွားလုပ်ငန်းတွေ၊ ဟိုတယ်တွေ၊ အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှရမှာပါ’’ဟု ဦးလှမြင့်က ပြောသည်။

No comments:

Post a Comment