Thursday, June 13, 2019

မြန်မာဂီတပွဲတော် ရန်ကုန်တွင်ကျင်းပမည်

ဂီတအနုပညာက​တဆင့် မြန်​မာနိုင်​ငံနဲ့ မြန်​မာ့ယဉ်​​ကျေးမှု​တွေကို ကမ္ဘာကသိရှိ​​အောင်​ ရည်​ရွယ်​ကျင်းပတဲ့ Myanmar Music Festival 2019 မြန်မာဂီတပွဲတော်ကို ဇွန်​လ ၁၆ရက်​​နေ့ ရန်ကုန်မှာ ကျင်းပ​ဖို့ ရှိပါတယ်။ ဒီပွဲတော်အတွက်​ နိုင်​ငံတကာက ဂီတပညာရှင်​​တွေနဲ့ မြန်​မာနိုင်​ငံ​ဒေသအသီးသီးက ဂီတ ဝါသနာပါသူ​တွေ ပူး​ပေါင်း​လေ့ကျင့်​​နေတာ​ကို မြန်​မာနိုင်​ငံအ​ခြေစိုက်​ အ​မေရိကန်​သံရုံးက စီမံကိန်း ဒုတိယအကြီးအကဲ မစ္စတာ​ဂျော့စဘ်​​လေက လာ​ရောက်ကြည့်ရှုခဲ့ ပါတယ်​။ ၆ ကြိမ်​​မြောက်​ မြန်​မာဂီတပွဲ​တော်​​ဖျော်​​ဖြေပွဲ​ကို လာမယ့် ဇွန်​လ ၁၆ ရက်​နေ့ ည​နေ ၅ နာရီမှာ ရန်​ကုန်​မြို့​တော်​ခန်းမမှာ ကျင်းပဖြစ်ပါတယ်။

No comments:

Post a Comment