Thursday, June 13, 2019

ဆိုင်ကယ်တူးဘောက်စ်အတွင်းမှ ဘဏ်ထုတ်ငွေများ ခိုးယူနေသူကို ပြည်သူများက ဖမ်းဆီးပြီး ရဲတပ်ဖွဲ့ထံ အပ်နှံ

ဆိုင်ကယ်တူးဘောက်စ်အ တွင်းမှ ဘဏ်ထုတ်ငွေများ ခိုး ယူနေသူကို ပြည်သူများက ဖမ်း ဆီးပြီး ရဲတပ်ဖွဲ့ထံအပ်နှံသည့်ဖြစ် ရပ် ပြည်မြို့တွင် ဖြစ်ပွားခဲ့ ကြောင်း ပြည်မြို့အမှတ် (၁) ရဲစ ခန်းမှူး ရဲအုပ်အောင်လှိုင်ဝင်းက ပြော သည်။ ဇွန်လ ၁၁ ရက် မွန်းလွဲက ပြည်မြို့ တီတွက်ကျေးရွာအုပ် စုနေအသက် (၄၆) နှစ်အရွယ် အ မျိုးသားသည် ကမ္ဘာ့ရတနာဘဏ် မှ ကျပ် ၁၀ သိန်းထုတ်ယူခဲ့သည်။ ယင်းနောက်ဘဏ်ထုတ် ငွေများ ကို ဆိုင်ကယ်တူးဘောက်စ်အ တွင်းထည့်ကာ လမ်းရှည်လမ်းအ တိုင်း မောင်းနှင်ခဲ့သည်။ လမ်း ရှည်လမ်း ရွှေစင်မုန့်တိုက်ရှေ့တွင် ဆိုင်ကယ်ခေတ္တရပ်ပြီး မုန့်ဝင် ဝယ်နေစဉ် ခိုးယူခံရခြင်းဖြစ် သည်။ ခိုးယူနေသည်ကို အနီးဝန်း ကျင်ရှိပြည်သူများ မြင်တွေ့ပြီး ဖမ်းဆီးခဲ့ကြောင်း ရဲမှတ်တမ်း၌ ဖော်ပြထားသည်။



‘‘ပိုက်ဆံသူခိုးဆိုပြီး ဖမ်း ထားတယ်။ သတင်းအရသွား ရောက်စစ်ဆေးတဲ့အခါ ဆိုင် ကယ်တစ်စီးရဲ့ တူးဘောက်စ်ထဲ က ငွေတချို့အပြင်ထွက်ကျပြန့် ကျဲ နေတယ်။ ခိုးယူတုန်းလူမိသွား တဲ့အခါ ထွက်ပြေးလို့ ထွက်ကျတဲ့ သဘောပါ။ ဖမ်းဆီးစစ်ဆေးနေပါ တယ်’’ ဟု ရဲအုပ်အောင်လှိုင်ဝင်း က ပြောသည်။

ခိုးမှုကျူးလွန်သူသည် မှော်ဘီ မြို့နယ် ရှမ်း (၁) ရဲဘော်ဈေးနေ (၄၃) နှစ်အရွယ် ကျော်ဇေယျဆို သူဖြစ်ပြီး အဆောက်အအုံပြင်ပ တွင် ခိုးယူမှုရာဇသတ်ကြီးပုဒ်မ ၃၇၉ အရ ပြည်မြို့အမှတ် (၁) ရဲစ ခန်း၌ အမှုဖွင့်အရေးယူထားသည်။

ပြည်မြို့တွင် ခိုးမှုကျူးလွန် သူများသည် ဘဏ်သို့ငွေထုတ် လာသူများကို တည်ကြက်ထား ကာ စောင့်ကြည့်တတ်ပြီး ငွေ ထုတ်ယူသွားသည်ဟု ယူဆရသူ များနောက်သို့ နောက်ယောင်ခံ လိုက်ကာ အခွင့်သာလျှင် ခိုးယူ တတ်ကြောင်း၊ ထိုသို့ခိုးယူခံရ သည့် သတင်းများ ကြားသိနေရ ကြောင်း ပြည်ဒေသခံကိုခင်ထွန်း က ပြောသည်။ ‘‘ဘဏ်ကငွေထုတ်လာတဲ့ သူတွေတင်မကပါဘူး။ ဆိုင်ကယ် တူးဘောက်စ်ထဲ ပစ္စည်းထည့်သယ် မယ်ဆိုရင် ပိုက်ဆံ၊ လက်ကိုင် ဖုန်းအစရှိတဲ့ တန်ဖိုးရှိပစ္စည်းတွေ ပဲ ထည့်သယ်ယူတာမျိုးဆိုရင် သ တိထားသင့်တယ်။ ဆိုင်ကယ်တူး ဘောက်စ်တွေက သော့ခတ်ထား လည်း ဖွင့်ရတာလွယ်ကူတယ်လို့ သိရတယ်။ အခုခိုးယူမှုမှာလည်း တာဝန်သိပြည်သူတွေနဲ့တွေ့လို့ ဖမ်းမိတာ။ နို့မို့ဆိုပါသွားမှာ သေ ချာတယ်’’ ဟု ၎င်းကပြောသည်။

No comments:

Post a Comment