Thursday, June 13, 2019

မောရစ်သျှနိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာဝင်ပြိုင်မည်

မောရစ်သျှနိုင်ငံ၌ကျင်း ပမည့် နိုင်ငံတကာကြက်တောင် ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူ ဇာ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ် သည်။ အာဖရိက ကြက်တောင်အ ဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် အ ဆိုပါနိုင်ငံတကာ ကြက်တောင် ပြိုင်ပွဲကို ဇွန်လ ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပမည် ဖြစ်သည်။  ပြိုင်ပွဲတွင် နိုင်ငံအသီးသီးမှ ကစားသမား ၅၀ ကျော်ပါဝင်ယှဉ် ပြိုင်မည်ဖြစ်ပြီး သက်ထားသူဇာ  ၀င်ပြိုင်မည့် အမျိုးသမီးတစ်ဦး ချင်းပြိုင်ပွဲတွင် အိမ်ရှင်မောရစ် သျှ၊ ဆလိုဗက်ကီးယား၊ အိန္ဒိယ၊ နိုင်ဂျီးရီးယား၊ ဖိလစ်ပိုင်နှင့် အီ ဂျစ်နိုင်ငံတို့မှ ကစားသမားများ ပါ ၀င်သည်။



ယင်းပြိုင်ပွဲတွင် မြန်မာကြက် တောင်မယ် သက်ထားသူဇာသည် အိမ်ရှင်မောရစ်သျှနိုင်ငံသူ လော် နာဘိုဒါနှင့် ရှုံးထွက်အဆင့်၌ စ တင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ကမ္ဘာ့ကြက်တောင်အဖွဲ့ ချုပ်က ယခုတစ်ပတ် ထုတ်ပြန် သည့် အဆင့်သတ်မှတ်ချက်တွင်  သက်ထားသူဇာသည် ရမှတ် ၁၂,၂၁၀ ဖြင့် အဆင့် (၁၃၅)တွင် ရပ်တည်နေသည်။

သက်ထားသူဇာနှင့်ယှဉ်ပြိုင် မည့် မောရစ်သျှနိုင်ငံသူလော်နာ ဘိုဒါက အဆင့် (၃၄၉) တွင် ရပ် တည်နေသည်။ သက်ထားသူဇာသည် ၂၀၁၈ မောရစ်သျှ နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲတွင် ၀င် ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယင်းပြိုင် ပွဲ အကြိုဗိုလ်လုပွဲ၌ လက်ရှိချန်ပီယံ မလေးရှားနိုင်ငံသူလက်ရှာနာကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရ သည်။

No comments:

Post a Comment