Thursday, June 13, 2019

ကျပ်သိန်းတစ်ထောင်ကုန်သည့် ဥရုချောင်း မြေထိန်းနံရံ တစ်လခန့်အကြာတွင်ပြို လွှတ်တော်အမတ်နှင့် ဒေသခံများက ဝေဖန်၊ အသစ်ပြန်တည်ဆောက်ပေးရန် တောင်းဆို

ဖားကန့်၌ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေမှ ကျပ်သိန်းတစ် ထောင် အကုန်ကျခံတည်ဆောက် ခဲ့သော ဥရုချောင်းမြေထိန်းနံရံ သည် တည်ဆောက်ပြီး တစ်လ ခန့်အကြာတွင် ပြိုကျသွားသည့် အပေါ် တာဝန်ရှိသူများကို လွှတ် တော်ကိုယ်စားလှယ်များနှင့် ဒေ သခံများက ဝေဖန်ကာ အသစ် ပြန်တည်ဆောက်ပေးရန် တောင်း ဆိုထားသည်။ ဖားကန့်မြို့နယ်ကို  ဖြတ် သွားသည့် လုံးခင်းကျေးရွာအုပ်စု အနီး ဥရုချောင်းဘေးတွင် ပေ ၅၀၀ ရှည်သော ကျောက်စီမြေ ထိန်းနံရံကို နေထွန်းလင်းကုမ္ပဏီ က မေလပထမပတ်တွင် တည် ဆောက်ပြီးစီးခဲ့ပြီး ပေ ၂၀၀ ခန့် သည် ဇွန်လ ၁၁ ရက်က ပြိုကျခဲ့ သည်။
ယင်းမြေထိန်းနံရံကိုကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဟောင်း ဦးHလှအောင် လက်ထက်တွင် တင်ဒါခေါ်၍ ဆောက်လုပ်ခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအနေဖြင့် မည်သည့်အချက်မျှ မသိခဲ့ရဟု ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ပြောသည်။
‘‘ဝန်ကြီး (ဦးHလှအောင်) ကလည်း ဘာမှဆွေးနွေးတိုင်ပင် တာမရှိဘူး။ လွှတ်တော်ကိုယ်စား လှယ်တွေကိုလည်း ဘာမှချမပြ ဘူး။ သိန်းပေါင်းတစ်ထောင်လား မသိချထားပေးတယ်။ ဘယ်လိုချ ထားပေးတယ်၊ တင်ဒါဘယ်လို ခေါ်တယ်ဆိုတာ မသိရဘူး’’ ဟု မြေထိန်းနံရံတည်ဆောက်စဉ်က အခြေအနေကို ဦးတင့်စိုးက ပြန် ပြောသည်။

‘‘အဲဒီ CSR ရန်းဘုံးငွေဆို တာကြီးက ဘယ်သူကကိုင်ပြီး ဘယ်လိုချပေးတယ်ဆိုတာ  သိ လည်းမသိရ၊ တိုင်ပင်ချပြတာ လည်းမရှိ။ အစည်းအဝေးဆိုတာ နတ္ထိ။ ကိုယ့်တာဝန်ကိုယ်ယူကြ’’ ဟု ဦးတင့်စိုးက လူမှုကွန်ရက်စာ မျက်နှာတွင် မှတ်ချက်ပြုရေးသား ထားသည်။

ဖားကန့်ဒေသခံများကလည်း အချိန်တိုအတွင်း ပျက်စီးသွား သည့် မြေထိန်းနံရံနှင့်ပတ်သက်၍ တာဝန်ရှိသူများကို ဝေဖန်နေ သည်။

‘‘လုံးခင်းကျေးရွာတိုးတက် မယ့် ရန်ပုံငွေနဲ့ တည်ဆောက်ထား တယ်လို့ ကြားမိပါတယ်။ ဒါဆို ရင် လုံးခင်းကျေးရွာအတွက် ရန် ပုံငွေတွေ အဟောသိကံဖြစ်သွား ပြီလား’’ ဟု ဒေသခံ ဦးဇော်မိုးက လူမှုကွန်ရက်တွင် ရေးသားခဲ့ သည်။

ကျောက်စိမ်းတူးဖော်ရေးမှ ရရှိသည့် ငွေကြေးများမှ ကျပ်သိန်း တစ်ထောင်အသုံးပြုကာ တင်ဒါ အောင်သည့်နေထွန်းလင်းကုမ္ပ ဏီက တည်ဆောက်ခဲ့ခြင်းဖြစ် သည်ဟု ဖားကန့်မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ကျွန်တော်တို့ ပြန်ဆောက် ခိုင်းထားတယ်။ အမြန်ဆုံးပြန် ဆောက်ပေးရမှာပါ’’ ဟု အထက် ပါပုဂ္ဂိုလ်က ပြောသည်။

မြေထိန်းနံရံသည် အလျား ပေ ၅၀၀၊ အောက်ခြေထု ငါးပေ နှင့် အပေါ်ထုတစ်ပေခွဲရှိသော ၁၈ ပေအမြင့်ရှိကျောက်စီမြေထိန်းနံ ရံဖြစ်ပြီး ၂၀၁၉ အစောပိုင်းတွင် နေထွန်းလင်း ကုမ္ပဏီက ကျပ် သိန်းတစ်ထောင်ဖြင့်   တင်ဒါ အောင်မြင်ခြင်းဖြစ်သည်။ ယခု ကဲ့သို့ ပြိုကျခြင်းမှာ ဥရုချောင်းအ တွင်း တောင်မြေပြိုကျရာ ချောင်း ရေသည် ရေကြောင်းပြောင်းလဲပြီး မြေထိန်းနံရံကို တိုက်စားခြင်း ကြောင့်ဖြစ်ကြောင်း ကုမ္ပဏီတာ ဝန်ခံ ဦးဘိုဘိုက ပြောသည်။ ၂၀၁၉ မတ်လတွင် စတင်ဆောက် လုပ်ခဲ့ပြီး မေလ ပထမပတ်တွင် တည်ဆောက်ရေးပြီးစီးခဲ့သည်ဟု ကုမ္ပဏီက ပြောသည်။ တင်ဒါကို ကျပ်သိန်းတစ်ထောင်ဖြင့် အောင် ခဲ့ပြီး အမှန်တကယ်ဆောက်လုပ် ချိန်တွင် ခန့်မှန်းကုန်ကျငွေသိန်း ၁,၂၀၀ ခန့်ရှိသည်ဟု ဦးဘိုဘိုက ပြောသည်။

‘‘ပုံမှန်အားဖြင့်တော့ ခံနိုင် ပါတယ်။ ရာသီဥတုက မိုးဆက် ရွာပြီး ရေကတိုက်စားတဲ့ဒဏ်ခံ လိုက်ရတာ’’ ဟု ၎င်းကပြော သည်။ ဝန်ကြီးဟောင်း ဦးHလှ အောင်သည် ယခုအခါ လွှတ် တော်ကိုယ်စားလှယ်အဖြစ် ရှိနေ ပြီး ယခုသတင်းအတွက် ဆက် သွယ်မေးမြန်းရန် ဖုန်းခေါ်ဆို သော်လည်း မရပေ။ လက်ရှိ ကချင်ပြည်နယ် သယံဇာတနှင့်သ ဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးလာဆိုင်းထံ ဆက် သွယ်သော်လည်း မရခဲ့ပေ။

No comments:

Post a Comment