Thursday, June 13, 2019

ဒေါက်တာလဲ့လဲ့မော် ကျန်းမာရေးမကောင်းဟု ဦးဝင်းထိန်ပြော

အဂတိလိုက်စားမှု ကြောင့် ထားဝယ်အကျဉ်းထောင် အတွင်း ထိန်းသိမ်းခံနေရသည့် တနင်္သာရီတိုင်း ၀န်ကြီးချုပ် ဟောင်းဒေါက်တာလဲ့လဲ့မော်ကို ထောင်ဝင်စာသွားတွေ့ရာ ကျန်း မာရေးမကောင်းကြောင်း တွေ့ရ သည်ဟု ဒီချုပ်ဗဟိုသဘာပတိအ ဖွဲ့ဝင် ဦးဝင်းထိန်က 7Day Daily သတင်းစာအား ယမန်နေ့ကပြော သည်။ ဦးဝင်းထိန်သည် ဒေါက်တာ လဲ့လဲ့မော်နှင့် ထောင်ဝင်စာတွေ့ ဆုံရန် ဇွန်လ ၁၀ ရက်တွင် ထား ၀ယ်မြို့သို့ ရောက်ရှိလာခဲ့ပြီး ဇွန်လ ၁၂ ရက်တွင် ဒေါက်တာလဲ့ လဲ့မော်၏ခင်ပွန်းနှင့် ခဲအိုဖြစ်သူ  ဒီချုပ်ဗဟိုအလုပ်အမှုဆောင်အ ဖွဲ့ဝင် ဦးအောင်စိုးတို့နှစ်ဦးနှင့်အ တူ ထားဝယ်အကျဉ်းထောင်အ တွင်း ထောင်ဝင်စာသွားရောက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။



‘‘ကျန်းမာရေးမကောင်းဘူး။ ရင်သားကင်ဆာဖြစ်တာက ခွဲ စိတ်ကုသထားတယ်။ တစ်ကိုယ် လုံးနာတာ၊ ကျင်တာ ဖြစ်နေ တယ်။ အဲဒီတော့လူကတော့မ ကျန်းမာဘူး။ စိတ်ကတော့ ရွှင် ရွှင်လန်းလန်းပါပဲ’’ဟု ဦးဝင်းထိန် က ၎င်းထောင်ဝင်စာသွားရောက် တွေ့ဆုံခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ ရှင်းပြသည်။

ဒေါက်တာလဲ့လဲ့မော်ထံ နောက်ထပ် ထောင်ဝင်စာတွေ့ မည့်အခြေအနေနှင့် ပတ်သက်၍ မူ ပြောဆို၍မရသေးကြောင်း ၎င်း က ဆိုသည်။ ဒီချုပ်ပါတီပြောရေးဆိုခွင့်ရှိ သူ ဒေါက်တာမျိုးညွန့်က ဦးဝင်း ထိန် ဒေါက်တာလဲ့လဲ့မော်ထံ ထောင်ဝင်စာ သွားတွေ့သည်မှာ ပါတီတာဝန်အရမဟုတ်ဘဲ လူ ပုဂ္ဂိုလ်ချင်းရင်းနှီးမှုအရ သွားတွေ့ ခြင်းသာဖြစ်သည်ဟု ပြောထား  သည်။ ဒေါက်တာလဲ့လဲ့မော်သည် ၀န်ကြီးချုပ်ရာထူးတာဝန်ကို အ လွဲသုံး၍ အဂတိလိုက်စားကြောင်း  အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးပေါ်ပေါက် သဖြင့်ကော်မရှင်က တနင်္သာရီ တိုင်း တရားလွှတ်တော်၌ အမှု လေးမှုဖြင့်  တရားစွဲဆိုထားသည်။

No comments:

Post a Comment