Thursday, June 13, 2019

သွေးလွန်တုပ်ကွေးဖြစ်ပွားမှု များပြားလာနိုင်သဖြင့် ကာကွယ်ရေးလုပ်ဆောင်ရန်တိုက်တွန်း

၂၀၁၉ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု များပြားနိုင်တဲ့အတွက် ကျန်းမာရေး ၀န်ထမ်းတွေအပြင် ပြည်သူတရပ်လုံးက ကာကွယ်ရေး လုပ်ငန်းတွေကို ကြိုးစား လုပ်ကိုင်ဖို့လိုတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက တိုက်တွန်းလိုက်ပါတယ်။



လတ်တလော ပဲခူးတိုင်းအတွင်းက ပဲခူး၊ ဝေါ၊ ဒိုက်ဦး၊ ဖြူး၊ ပြည်မြို့၊ ရွှေတောင်နဲ့ ပေါက်ခေါင်း စတဲ့မြို့ တွေမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူတွေရှိနေပြီး အရင်နှစ်တွေက ထက် အခုနှစ်မှာ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ပိုများနေတယ်လို့ ဆိုပါတယ်။

မိုးရာသီ ရောက်ပြီဖြစ်တဲ့အတွက် ဇွန်နဲ့ ဇူလိုင်လတွေမှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုက များပြားလာနိုင်တဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေအပြင် ပြည်သူတရပ်လုံးကပါ သွေးလွန် တုတ်ကွေးမဖြစ်ပွားရအောင် ပိုးလောက်လန်း နှိမ်နင်းရေးလုပ်ငန်းတွေကို စိတ်ပါဝင်စားစွာနဲ့ ကြိုးစားဖို့လိုတယ်လို့ ပဲခူးတိုင်း ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ပြောပါတယ်။

၂၀၁၉ ခုနှစ် ဇွန် ၁ ရက်အထိ ပဲခူးတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁၆၃ ဦးထိရှိခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment