Thursday, June 13, 2019

သက်တမ်း နှစ် (၁၈၀)ခန့်ရှိ ရှေးဟောင်းကျွန်းခုတင်နှင့် သေတ္တာကို ပုဂ္ဂလိကသို့ ပထမဆုံးအကြိမ် ကိုယ်ပိုင်ထိန်းသိမ်းစောင့်ရှောက်ခွင့်ပြု

မန္တလေးမြို့ရှိ မိသားစု တစ်စုက ၎င်းတို့ပိုင်ဆိုင်သောသက်တမ်း နှစ် (၁၈၀) ခန့်ရှိ ရှေး ဟောင်းကျွန်းခုတင်နှင့် သေတ္တာ ကို တရားဝင်ထိန်းသိမ်းစောင့် ရှောက်ရန် ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနသို့ လျှောက်ထားရာ ဌာနက ပထမအကြိမ် ခွင့်ပြုခဲ့သည်။ မင်းတုန်းမင်း၏ ငယ်ဆရာ ပခန်းမင်းကြီး ဦးရန်ဝေး အသုံးပြုသော ကျွန်းခုတင်နှင့် ကျွန်း သေတ္တာကို ယခင်က မကွေးတိုင်း ဒေသကြီး ရေစကြိုမြို့နယ် ပခန်းကြီးဒေသ၌ မျိုးဆက်ခြောက်ဆက် တိုင် ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး မန္တလေးမြို့သို့ ၂၀၁၅ တွင် ရွှေ့ ပြောင်းသယ်ယူခဲ့သည်။ ထို့နောက် ၂၀၁၉ တွင် ကိုယ်ပိုင်ထိန်း သိမ်းစောင့်ရှောက်ခွင့် ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ တင်ပြ လျှောက်ထားခဲ့ကြောင်း ယင်းရှေးဟောင်းပစ္စည်းပိုင်ရှင် ဦးစိုးဝင်း မြင့်က ပြောသည်။



မျိုးရိုးစဉ်ဆက် ထိန်းသိမ်း ထးသည့် ရှေးဟောင်းပစ္စည်းများ ကို ၂၀၁၅ တွင် ပြဋ္ဌာန်းသောဥပဒေအရ ထိန်းသိမ်းစောင့်ရှောက်ခွင့် လက်မှတ်ရယူ၍ သားစဉ်မြေး ဆက် ထိန်းသိမ်းစောင့်ရှောက်ခွင့် ရရှိမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေး) ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးဝင်းက ရှင်းပြသည်။

‘‘ဌာနက ကိုယ်ပိုင်ထိန်းသိမ်း ထားတဲ့ ပစ္စည်းတွေကို သိမ်းတာ မရှိပါဘူး။ ရောင်းဝယ်ဖောက် ကားရင်တော့ ဥပဒေအရ ဖမ်းဆီး အရေးယူခွင့်ရှိပါတယ်။ ထိန်း သိမ်းစောင့်ရှောက်ခွင့် လက်မှတ် ရယူစေချင်တယ်’’ဟု ဒေါ်စိုးစိုးဝင်းက ဆိုသည်။

အဆိုပါ ကိုယ်ပိုင်ထိန်းသိမ်း စောင့်ရှောက်ခွင့် ပေးအပ်ခြင်းအ ခမ်းအနားကို ဇွန်လ ၁၁ ရက်က ပိုင်ရှင်မိသားစုနေအိမ်တွင် ကျင်းပခဲ့ သည်။

ပုဂ္ဂလိကပြတိုက်များသို့ ရှေး ဟောင်းပစ္စည်းထိန်းသိမ်းစောင့် ရှောက်ခွင့် ပေးအပ်သော်လည်း လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သို့ ပေးအပ်ခြင်းသည် ပထမအကြိမ် ဖြစ်ကြောင်း သမိုင်းသုတေသန ပညာရှင် တမ္ပဝတီဦးဝင်းမောင်က ပြောသည်။

‘‘အရင်တုန်းက လူတွေသိ တာ ရှေးဟောင်းပစ္စည်းဆိုရင် သိမ်းတယ်။ ကိုယ့်မှာ ရှိနေတာကို အသိမခံရဘူး။ ဒါမှမဟုတ်လည်း ရောင်းပစ်ကြတယ်။ တကယ်က ရှေးဟောင်းက တရားဝင်ထိန်း သိမ်းခွင့်ပေးတယ်။ ရှေးဟောင်း ပစ္စည်းရှိသူတွေဟာ တရားဝင်ပိုင် ဆိုင်မှုရှိသင့်တယ်လို့ သက်သေပြ တဲ့ အခမ်းအနားပါ’’ဟု တမ္ပဝတီ ဦးဝင်းမောင်က ပြောသည်။ အဆိုပါ ရှေးဟောင်းကျွန်း ခုတင်နှင့် ကျွန်းသေတ္တာကို ရေ ရှည်တည်တံ့စေရန် ကမ္ဘာ့ရှေး ဟောင်း အမွေအနှစ်ထိန်းသိမ်း ရေး ရန်ပုံငွေအဖွဲ့ (WMF)မှ သစ် သားပညာရှင်များက ထိန်းသိမ်း စောင့်ရှောက်ရေး နည်းပညာ ကူညီခဲ့သည်။

No comments:

Post a Comment