Thursday, June 13, 2019

ထိုင်းတောင်ပိုင်းက မူးယစ်ရာဇာ တစ်ဦးအား တာချီလိတ်တွင် ဖမ်းမိ

မူးယစ်ဆေးဝါး အမှုအပြင် တခြားအမှု (၆) မှုနဲ့  ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ ထိုင်း တောင်ပိုး စူလ ဌာနီ ခရိုင် သား နိုင်စေရီ ချွေ့ ချန ဟာ ၀ တောင်ပိုင်း လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တစ်ဦးရဲ့  သားသမက်ဖြစ်သူ ၀ီရ မန်ကျဒါ ရဲ့ အကူအညီနဲ့  မြန်မာနိုင်ငံ ၀ လူမျိုးစု လက်နက်ကိုင် နယ်မြေအတွင်း တနှစ်ကျော်ကြာနေထိုင်နေသူဖြစ်ပါတယ်။



တရားခံဟာ ထွက်ပြေး တိမ်းရှောင်နေစဉ် ထိုင်းမြန်မာနယ်စပ် မဲဆိုင်မြို့  တဖက်ကမ်း က တာချီလိတ် မြို့ ကနေ စိတ်ကြွဆေးတွေ ထိုင်းနိုင်ငံထဲ ဆက်ပို့ ပြီးထိုင်း တောင်ပိုင်းကိုဖြန့် နေခဲ့ပါတယ်။ ယခုရက်ပိုင်းအတွင်းက တရားခံ နိုင်စေရီ စီးလာတဲ့ ဆိုင်ကယ်ကို တာချီလိတ် ရဲကင်းကရပ့်တန့် စစ်ဆေးရင်း သူဟာ တရားခံပြေးဖြစ်တယ်ဆိုတာ စစ်ဆေးတွေ့ ရှိသွားတာပါ။

ထိုင်းနိုင်ငံ တောင်ပိုင်းမှာတော့ မူးယစ်ရာဇာ နိုင်စေရီ ရဲ့  မူးယစ်ဂိုဏ်းဝင် အနည်းဆုံး ၂၉ ဦးကို ဖမ်းဆီးခဲ့ပြီး ပိုင်ဆိုင်ပစ္စည်း ဘတ်ငွေ သန်းပေါင်း ၃၀ နီးပါး နိုင်ငံတော်ပိုင်အဖြစ်သိမ်းခဲ့ပါတယ်။
တရားခံကို မြန်မာနိုင်ငံအာဏာပိုင်တွေက ထိုင်းကို ပြန်လည်လွဲပြောင်းပေးဘို့  ချင်းရိုင် အာဏာပိုင်တွေက မြန်မာနိုင်ငံက တာဝန်ရှိသူတွေနဲ့  ဆွေးနွေး ညိနိုင်းနေပြီလို့  သိရပါတယ်။

No comments:

Post a Comment