Thursday, June 13, 2019

မွန်ပြည်နယ်ရှိ တောင်တက်ယာဉ်များ ဥပဒေနှင့်အညီပြေးဆွဲရန် လွှတ်တော်တွင် ခေါ်ယူညှိနှိုင်း

မွန်ပြည်နယ်ရှိ တောင်တက်ယာဉ်များ ဥပဒေ နှင့်အညီပြေးဆွဲနိုင်ရန် မြို့နယ် တိုင်းရှိ တောင်တက်ယာဉ် အ သင်းများကို မွန်ပြည်နယ်လွှတ် တော်ဥပဒေပြုရေးကော်မတီက ခေါ်ယူညှိနှိုင်းခဲ့သည်။ြ ပည်နယ်အတွင်း ကျိုက်ထီး ရိုးတောင်တက်ယာဉ်အသင်း၊နွား လပို့တောင်တက်ယာဉ်အသင်း၊ ကျောက်ပိ-မဲလံတောင်တက် ယာဉ်အသင်း၊ ကေလာသတောင် တက်ယာဉ်အသင်းနှင့် ဇင်းကျိုက် တောင်တက်ယာဉ်အသင်းတို့ကို မွန်ပြည်နယ်လွှတ်တော်၌ ဇွန်လ ၁၁ ရက်တွင် တွေ့ဆုံညှိနှိုင်းခဲ့ သည်။



‘‘မော်တော်ယာဉ် အသင်း တွေ ပြဋ္ဌာန်းထားတဲ့ပုဂ္ဂလိက ယာဉ်လိုင်းများပြေးဆွဲရေး ဥပဒေ အတိုင်းလိုက်နာဖို့ လိုပါတယ်။ လိုက်နာမှုမရှိသေးတဲ့ တောင် တက်မော်တော်ယာဉ်အသင်းကို ဥပဒေဘောင်ထဲ စနစ်တကျဝင် ပြီး မှတ်ပုံတင်နဲ့ပြေးဆွဲဖို့အတွက် ခေါ်ယူညှိနှိုင်းတာဖြစ်တယ်’’ ဟု မွန်ပြည်နယ်လွှတ်တော်ဥပဒေပြု ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ သ ထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

ကျိုက်ထီးရိုးတောင်တက် ယာဉ်အသင်းသည် ပြည်နယ်အ စိုးရလမ်းညွှန်ချက်ဖြင့် ယာဉ်ကြံ့ ခိုင်မှုစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း  စစ်ဆေးသဖြင့် ယင်းအပေါ် တာဝန်ခံမှု၊ တာဝန်ယူမှုများရှိလာ ပြီး ခရီးသည်များလည်း ပိုမိုဘေး ကင်းလုံခြုံမှု ရှိလာမည်ဖြစ် ကြောင်း ဒေါ်ခိုင်ခိုင်လဲ့က ဆို သည်။

‘‘တောင်တက်မော်တော် ယာဉ်အသင်းတွေကို ခေါ်တွေ့ ဆုံပြီး စနစ်တကျမှတ်ပုံတင်ပြီး ပုဂ္ဂလိကယာဉ်လိုင်းများပြေးဆွဲ ရေးဥပဒေနဲ့အညီ ပြေးဆွဲဖို့ခေါ်ယူ တာပါ။ ကျွန်တော်တို့လည်း ဥပ ဒေနဲ့အညီ ဆောင်ရွက်ဖို့ဆုံးဖြတ် ထားတယ်’’ ဟု ဇင်းကျိုက်တောင် တက်ယာဉ်အသင်း အတွင်းရေး မှူးဦးကျော်ကျော်ဦးက ပြော သည်။ မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုး တောင်တက်ယာဉ်အသင်းနှင့်နွား လပို့ တောင်တက်ယာဉ်အသင်း သာ ပြည်နယ် ယထက (ယာဉ် လုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ)တွင် အသင်းဝင်ထား ပြီး တရားဝင်မှတ်ပုံတင်ထား ကြောင်း ကျန်တောင်တက်ယာဉ် များသည် ပြည်နယ်၊ မြို့နယ် ယထကသို့ မှတ်ပုံတင်မထား ကြောင်း မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးကော်မတီစာရင်း၌ ဖော်ပြသည်။

No comments:

Post a Comment