Thursday, June 13, 2019

ဗီဒီယိုဈေးကွက်ပျက်သွားသဖြင့် သရုပ်ဆောင်အသစ်များ အခက်အခဲနှင့်ရင်ဆိုင်လာရဟု အကယ်ဒမီပြေတီဦး ပြော

မြန်မာ့ရုပ်ရှင်လောကတွင် သရုပ်ဆောင်အသစ်များမှာ အခက်အခဲနှင့်ရင်ဆိုင်လာရကြောင်း ပြေတီဦးက ပြောသည်။ မျိုးဆက်သစ်များကို မြေတောက်မြှောက်ပေးသည့်ဗီဒီယိုဈေးကွက်ပျက်စီးသွားသည့်အပေါ် ယခုကဲ့သို့ သုံးသပ်ပြောကြားခြင်း ဖြစ်သည်။  “ ဗီဒီယိုလောကက အသစ်တွေကိုမြေတောင်မြှောက်ပေးနေတဲ့နေရာ ဖြစ်ပါတယ်။ အခုက ဗီဒီယိုဈေးကွက် ပျက်စီးသွားတဲ့အတွက် အသစ်တွေအနေနဲ့အခက်အခဲရှိလာပါတယ်။ ရုပ်ရှင်မှာသရုပ်ဆောင်သစ်တွေ ပေါ်လာဖို့ အတွက်ကျတော့ ခက်ခဲနေတာအမှန်ပဲ။
အစတုန်းကဗီဒီယိုရှိတယ်။ဗီဒီယိုမှာရှိမှ ပရိသတ်တွေရင်ထဲကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့တုန်းကဗီဒီယိုရှိတယ်။ ဗီဒီယိုမှာနာမည်ရပြီဆိုရင် ရုပ်ရှင်ကားတွေဆီကို သွားရတာပါ။ အခုကျတော့ ကြားခံနယ်လိုရှိတဲ့ ကျွန်တော်တို့ ဗီဒီယိုကပျက်သွားတယ်။ နေရာရဖို့အတွက်တော့ နည်နည်းလေးခက်သွားတယ်။ သူတို့အတွက် နိုင်ငံခြားကလို အနုပညာသင်တန်းကျောင်းတွေရှိသင့်တယ်။ အနုပညာဝါသနာပါတဲ့လူငယ်တွေတိုင်းမှာ အတွေးသစ်တွေ၊ အမြင်သစ်တွေရှိတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ မျိုးဆက်သစ်ကလေးတွေကိုကြိုဆိုပါတယ်” ဟု ပြေတီဦးက ပြောသည်။

ထို့အပြင် ရုပ်ရှင်လောကတွင် အတွေးသစ်၊ အမြင်သစ်များနှင့် ပုံစံသစ်များလိုအပ်နေပြီး ယခင်အတိုင်းသာ ဆက်သွားပါက ရေရှညမတည်တံ့နိုင်ကြောင်းလည်း ၄င်းက ဆက်ပြောသည်။ မြန်မာနိုင်ငံတွင် ယခင်ခေတ်က ဖလင်ဈေးကြီးမြင့်မှုကို အကြောင်းပြုပြီး ဗီဒီယိုဈေးကွက်ပေါ်ထွက်လာခြင်း ဖြစ်ကာ နောက်ပိုင်းတွင် ဗီဒီယိုများ၏အရည်အသွေးကျဆင်းလာမှုအပေါ် ရုပ်ရှင်ကြည့်ပရိသတ်များက ဝေဖန်လာကြခြင်း ဖြစ်သည်။

No comments:

Post a Comment