Thursday, June 13, 2019

မြန်မာလိဂ်-၂ ဒုတိယအကျော့ပြိုင်ပွဲကို ဇွန်လ ၁၃ နှင့် ၁၄ ရက်တွင် ပြန်လည်စတင်

 မြန်မာလိဂ်-၂ ပြည် တွင်း အမှတ်ပေးဘောလုံးပြိုင်ပွဲ ဒုတိယအကျော့ရာသီ အဖွင့်ပွဲစဉ် များကို ဇွန်လ ၁၃ ရက် နှင့် ၁၄ ရက်တွင် ပြန်လည်စတင်ကျင်းပ မည်ဖြစ်သည်။ အဆိုပါ ဒုတိယအကျော့ အ ဖွင့်ပွဲစဉ်များကို ပဒုမ္မာနှင့် စလင်း ကွင်း၌ ကျင်းပမည်ဖြစ်ပြီး ယခု တစ်ပတ်တွင် ထိပ်ဆုံးမှ အားကာ သိပ္ပံအသင်းက တတိယနေရာမှ ချင်းယူနိုက်တက်နှင့် ပွဲကျပ်ရင် ဆိုင်ရမည် ဖြစ်သည်။



အားကာသိပ္ပံနှင့် ချင်းယူ နိုက်တက်သည် လက်ရှိတွင် ရ မှတ်သုံးမှတ်သာ ကွာဟသဖြင့် ယင်းပွဲစဉ်သည် အမှတ်ပေးဇယား ထိပ်ဆုံးနေရာအတွက် ပြိုင်ဆိုင်မှု ပြင်းထန်ဖွယ်ရှိသည်။

ယင်းနှစ်သင်းသည် ယခုနှစ် မြန်မာလိဂ်-၂ ပထမအကျော့ တွေ့ဆုံချိန်၌ အားကာသိပ္ပံအ သင်းက ချင်းအသင်းကို ၂-၁ ဂိုး ဖြင့် အနိုင်ရခဲ့သည်။

အခြားပွဲစဉ်များတွင် ရွိုင် ရယ်သန်လျင်နှင့် ငွေကြယ်ပွင့်၊ ကချင်ယူနိုက်တက်နှင့် တက္က သိုလ်အသင်း၊ မြ၀တီနှင့် မောရ၀ တီအသင်းတို့ ယှဉ်ပြိုင်မည် ဖြစ် သည်။ ၂၀၁၉ မြန်မာလိဂ် - ၂ အ မှတ်ပေးဘောလုံးပြိုင်ပွဲ ပထမအ ကျော့အပြီးတွင် အားကာသိပ္ပံအ သင်းက ငါးပွဲနိုင်၊ နှစ်ပွဲသရေ၊ ရှုံး ပွဲမရှိစံချိန်ဖြင့် ရာသီဝက် ချန်ပီယံ ဖြစ်ခဲ့သည်။

မြ၀တီနှင့် ချင်းယူနိုက်တက် သည် ရမှတ် ၁၄ မှတ်စီ တူညီနေ သော်လည်း ဂိုးကွာခြားချက်အ သာရသည့် မြ၀တီကဒုတိယနှင့် ချင်းယူနိုက်တက်က တတိယနေ ရာတွင် ရပ်တည်နေသည်။ ငွေကြယ်ပွင့်များအသင်း သည် ပထမအကျော့ပြီးဆုံးချိန်၌  ခုနစ်ပွဲဆက် ရှုံးနိမ့်ကာ ရမှတ်မရ ရှိသေးဘဲ အမှတ်ပေးဇယား အောက်ဆုံးသို့ ကျရောက်နေ သည်။

No comments:

Post a Comment