Thursday, June 13, 2019

လွိုင်ကော်ဗိုလ်ချုပ်ရုပ်တု ကန့်ကွက်သူခြောက်ဦးကို တရားစွဲထားမှု အမြန်ရုပ်သိမ်းပေးရန် ထုတ်ပြန်

ကယားပြည်နယ်ဝန်ကြီး ချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ပြည် နယ်စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့၏ လုပ်ရပ်အပေါ် အပြင်းအထန်ရှုတ်ချပြီး တရားစွဲခံနေရသည့် လူငယ်ခြောက်ဦးအမှု အမြန်ဆုံး ရုပ်သိမ်းပေးရန် ကယား လီဖုလူ ငယ်ဗဟိုကော်မတီက ယမန်နေ့ တွင် ကြေညာချက်ထုတ်ပြန် သည်။  ပြည်နယ်အစိုးရအဖွဲ့က ဗိုလ်ချုပ်ရုပ်တု ကန့်ကွက်သည့် လူငယ်များကို နည်းလမ်းအမျိုးမျိုး ဖြင့် ဖိနှိပ်ခြင်းသည် နိုင်ငံသားတစ် ဦး၏ မူလအခွင့်အရေးကို ပိတ်ပင်သည်သာမက ဒီမိုကရေစီနည်း လမ်းနှင့် သတ်မှတ်စံနှုန်းများ လုံးဝဆန့်ကျင်နေကြောင်း ဇွန်လ ၁၂ ရက်စွဲဖြင့် ထုတ်ပြန်သည်။



ထို့အပြင် ကရင်နီလူငယ် ခြောက်ဦးအပေါ် ဝန်ကြီးချုပ်နှင့် ပြည်နယ်စီမံဘဏ္ဍာဝန်ကြီးတို့က မတရား တရားစွဲဆိုထားခြင်း သည် ၎င်းလူငယ်များအပေါ် မကျေနပ်ခြင်းနှင့် အငြိုးအတေး ကြီးခြင်းကို ဖော်ပြနေကြောင်း ရေးသားထားသည်။

ထို့ကြောင့် လက်ရှိ ကရင်နီ လူငယ်ခြောက်ဦးအပေါ် တရားစွဲ ဆိုမှု ပြည်နယ်အစိုးရက အမြန်ဆုံး ပြန်လည်ရုပ်သိမ်းပေးရန် ကြေညာချက်  ထုတ်ပြန်တောင်းဆို သည်။

‘‘ကျွန်တော်တို့ကတော့ ဒီလူ ငယ်ခြောက်ဦးအမှုကို ပြန်မရုပ် ချင်း ကျွန်တော်တို့ သူတို့လက် မှတ်ထိုးထားတဲ့ စာရွက်ပေါ်မှာ နောက်ထပ်၊ နောက်ထပ် လက် မှတ်ဆက်ထိုးသွားမယ်။ လှုပ်ရှား မှုတွေ ဆက်လုပ်ဖို့ရှိတယ်’’ဟု ကေ့ဖို့ဒူ ကယားလီဖုလူငယ်ဥက္ကဋ္ဌ ခူးတူရယ်က ပြောသည်။

မတ်လ ၂၅ ရက်စွဲဖြင့် ဗိုလ်ချုပ်ရုပ်တုကန့်ကွက်မှုတွင် ဦးဆောင်ပါဝင်သည့် လူငယ် ခြောက်ဦးက ဝန်ကြီးချုပ် အယ်လ် ဖောင်းရှိုနှင့် ပြည်နယ်စီမံဘဏ္ဍာ ဝန်ကြီး ဦးမော်မော်တို့ကို နိုင်ငံ ရေး ရာဇဝတ်ကောင်များအဖြစ် သတ်မှတ်ကြောင်း ကြေညာချက် ထုတ်ပြန်သည်။

 ယင်းကြေညာချက်ထုတ် ပြန်သော လူငယ်ခြောက်ဦးကို လက်ရှိတွင် ပြည်နယ်အစိုးရက လူ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု ဥပဒေပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ထားသည်။

အမှုဖွင့်ခံရသည့် လူငယ် ခြောက်ဦးအနက် တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းမိပြီး လွိုင်ကော်အကျဉ်း ထောင်၌ ထိန်းသိမ်းထားသည်။ အဖမ်းမခံဘဲ တိမ်းရှောင်နေသည့် ကျန်လူငယ်ငါးဦးကိုမူ တရားခံ ပြေးအဖြစ် ရဲတပ်ဖွဲ့က ကြေညာ ကာ ဖမ်းဆီးမှုများ လုပ်ဆောင်နေ သည်။ ဗိုလ်ချုပ်ရုပ်တုအရေး ဆွေး နွေးပွဲများ နှစ်ဖက်မပြေမလည်ဖြစ်ပြီးနောက် လက်ရှိတွင် ကယား ပြည်နယ် အစိုးရက တစ်ပြည်နယ် လုံးကို မေလ ၁၄ ရက်ကစ၍ အရေးကြီးကာလအဖြစ် သတ် မှတ်ကာ ဗိုလ်ချုပ်ရုပ်တု ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်မှုများကို လည်း ပိတ်ပင်ထားသည်။

No comments:

Post a Comment