Thursday, June 13, 2019

အင်းလျားကန်ပေါင်တွင် လက်ပစ်ဗုံးနှင့်ပုံစံတူ မီးခြစ်တွေ့၍ အလုပ်ရှုပ်

ရန်ကုန်မြို့ အင်းလျား ကန်ပေါင်တွင် လက်ပစ်ဗုံးနှင့် ပုံသဏ္ဌာန်တူပြုလုပ်ထားသော ဂက်စ်မီးခြစ်တစ်လုံး တွေ့ရှိမှု ကြောင့် ဗုံးလန့်မှုဖြစ်ပွားခဲ့သည်။ ယမန်နေ့ နေ့လယ် ၁ နာရီ တွင် အင်းလျားကန်ပေါင် မြက် ခင်းပြင်လှေကားအနီး၌ လက်ပစ် ဗုံးနှင့် ပုံသဏ္ဌာန်တူပြုလုပ်ထား သည့် ဂက်စ်မီးခြစ်တွေ့ရှိ၍ အ မှတ်(၂)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်လင်း၊ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှူး ရဲမှူးချုပ်မျိုးမင်းထိုက်နှင့် အ မှတ်(၉၀၅)စစ်မြေပြင်အင်ဂျင်နီ ယာတပ်ရင်း (ညောင်တုန်း)မှ ဒုဗိုလ်မှူးကြီးမြတ်သိန်းတို့ လာ ရောက်စစ်ဆေးခဲ့သည်။



လက်ပစ်ဗုံးဟုယူဆရသော အရာကို စစ်ဆေးရာဂက်စ်မီး ခြစ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ၍ စစ်မြေပြင်အင်ဂျင်နီယာတပ် ရင်းက သိမ်းဆည်းခဲ့ကြောင်း အ နောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ တာ ၀န်ရှိသူတစ်ဦးက ပြောသည်။
 ‘‘လက်ပစ်ဗုံးမဟုတ်ပါဘူး။ လက်ပစ်ဗုံးနဲ့ ပုံစံတူလုပ်ထားတဲ့ မီးခြစ်ပါ’’ ဟု ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့ရဲမှူးသိန်းဟိန်က ပြော သည်။ ယင်းလက်ပစ်ဗုံးပုံစံတူမီး ခြစ်ကို အင်းလျားကန်ပေါင်တွင် မြက်ရှင်းလင်းနေသည့် သန့်ရှင်း ရေးဝန်ထမ်းတစ်ဦးက တွေ့ရှိခြင်း ဖြစ်ကြောင်း အနောက်ပိုင်းခရိုင်ရဲ တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

No comments:

Post a Comment