Thursday, June 13, 2019

ခြစားတဲ့ ဗီယက်နမ် အရာရှိဟောင်း ထောင် ၁၃ နှစ် ချမှတ်ခံရ

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ တရားရုံးတစ်ရုံးက နိုင်ငံပိုင် သင်္ဘောတည်ဆောက်ရေးလုပ်ငန်းအဖွဲ့ရဲ့ ဥက္ကဋ္ဌဟောင်း Ngyyen Ngoc Su ငုယင် ငေါ့ စု ကို ရာထူးနဲ့ လုပ်ပိုင်ခွင့် အလွဲသုံးစားပြုလုပ်မှု ပုဒ်မနဲ့ စွဲချက်တင်ပြီး ထောင်ဒဏ် ၁၃ နှစ် မနေ့က ချမှတ်လိုက်ပါတယ်။



အဲဒီ အကျင့်ပျက်ခြစားမှုမှာပဲ အမှုတွဲဖြစ်ကြတဲ့ ညွန်ကြားရေးမှူးဟောင်း တစ်ဦးကို ထောင် ခုနှစ်နှစ်နဲ့ လက်ထောက် ညွန်ကြားရေးမှူး တစ်ဦးကိုတော့ ထောင် ခြောက်နှစ် ချမှတ်လိုက်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ အဲဒီ အရာရှိတွေဟာ ဘဏ်တစ်ခုနဲ့ ပူးပေါင်းပြီး နိုင်ငံပိုင်ငွေ ကန် ဒေါ်လာ လေးသန်းခွဲခန့်ကို မတရား ရယူခဲ့ကြတယ်လို့ ဆိုပါတယ်။

အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကို သံဓိဌာန်ချလုပ်ဆောင်မယ်လို့ ကတိပေးပြီး ၂ဝ၁၆ ခုနှစ်မှာ အာဏာရလာတဲ့ ဗီယက်နမ် အစိုးရသစ်ဟာ ဘဏ်လုပ်ငန်းရှင်တွေ၊ စီးပွားရေးသမားတွေနဲ့ အရင် အစိုးရလက်ထက်က အရာရှိဟောင်း မြောက်များစွာကို ထောင်ဒဏ်တွေချမှတ်ကာ အကျဉ်းထောင် ပို့ခဲ့ပါတယ်။

No comments:

Post a Comment