Thursday, June 13, 2019

ကုန်ပစ္စည်းအုပ်စု ခုနစ်မျိုးကို နိုင်ငံခြားကုမ္ပဏီများအား တင်ပို့ခွင့်ပြု

ဆန်၊ ဆန်ကွဲနှင့် လယ် ယာထွက်ကုန်များ၊ ရေထွက်ကုန် များအပါအ၀င်ကုန်ပစ္စည်းအုပ်စု ခုနစ်မျိုးကို ထုတ်လုပ်သူများထံမှ တစ်ဆင့်ဝယ်ယူပြီး ပြည်ပသို့ တင်ပို့ခြင်းကို နိုင်ငံခြားကုမ္ပဏီများ အားလုပ်ကိုင်ခွင့်ပြုကြောင်း စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ဇွန်လ ၆ ရက် တွင်အမိန်ကြော်ငြာစာထုတ်ပြန် သည်။ အရည်အသွေးမြင့်ထုတ် ကုန်များပြည်ပဈေးထွက်သို့ချဲ့ ထွင်တင်ပို့နိုင်ရန်နှင့် နိုင်ငံခြား  ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ် ကြောင်း အဆိုပါဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင် မောင်လွင်က ပြောသည်။ ‘‘ပို့ကုန်တိုးမြှင့်နိုင်ရေးအ တွက်ဆောင်ရွက်ပေးတာပါ’’ ဟု  ၎င်းက ပြောသည်။



နိုင်ငံခြားသားများကို ပြည် ပသို့ပို့ကုန်တင်ပို့ခွင့်ပြုရာတွင် အ သား၊ ငါး၊ တစ်ဆင့်ပြုပြင်ထုတ် လုပ်ထားသော ကောက်ပဲသီးနှံ၊ ပျော့ဖတ်နှင့် စက္ကူအမျိုးမျိုး၊ မျိုး စေ့၊ သန့်စင်ထားသော သတ္တုရိုင်း များ၊ သစ်သီးမှ အဆင့်မြှင့်ထုတ် ထားသော ကုန်ချောများ၊ သစ် အခြေခံပရိဘောဂပစ္စည်းများ ပါဝင်သည်။

နိုင်ငံခြား ကုမ္ပဏီများအား ပြည်ပသို့ ပို့ကုန်တင်ပို့ခွင့်ပြုရာ တွင် ကုန်ပစ္စည်းအမည်အလိုက် သီးခြားသတ်မှတ်ချက်စည်းမျဉ်း  များပါဝင်သည်။

ပြည်ပသို့ အသား၊ ငါးတင် ပို့လိုသည့် နိုင်ငံခြားကုမ္ပဏီများ အနေဖြင့် မွေးမြူရေး၊ ကုသရေး နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ထောက်ခံချက်ပါမှ ပို့ကုန်လိုင် စင်ခွင့်ပြုမည်ဖြစ်သည်။

ဆန်နှင့် ဆန်ကွဲတင်ပို့ခြင်း နှင့် ပတ်သက်၍ ပြည်တွင်း ဘဏ် များတွင် ရင်းနှီးမြှုပ်နှံမှုအနည်း ဆုံးဒေါ်လာ သုံးသန်းလွှဲပြောင်း ထားရမည်ဖြစ်သည်။ ထို့အပြင် သိုလှောင်ရုံအထောက်အထား ပြနိုင်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အသင်း ၀င်ဖြစ်ရမည်ဟု သတ်မှတ်ထား သည်။

ထို့အပြင် ပဲမျိုးစုံ၊ ပြောင်းဖူး  စေ့၊ နှမ်းတို့ကို အသင့်စားသုံးနိုင် သည့် အဆင့်ပြုပြင်ထုပ်ပိုးခြင်း၊ အခွံချွတ်ပြီး အဆင့်မြင့်ထုပ်ပိုး ထားခြင်း၊ အစားအသောက်နှင့်  ဆေးဝါးကွပ်ကဲရေးဦးစီးဌာန  ထောက်ခံချက်များပါဝင်မှ လိုင် စင်ချထားပေးမည်ဖြစ်သည်။

သစ်အခြေခံပရိဘောဂ ပစ္စည်းများ ပြည်ပပို့ခွင့်နှင့်ပတ် သက်ပြီး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န် ကြီးဌာန မူဝါဒနှင့်အညီ မြန်မာ့ သစ်လုပ်ငန်းနှင့် သစ်တောဦးစီး ဌာနထောက်ခံချက်ဖြင့် ပို့ကုန် လိုင်စင်ခွင့်ပြုမည်ဖြစ်သည်။

‘‘ကုန်သွယ်ရေးကို နိုင်ငံခြား သားတွေလုပ်ပိုင်ခွင့်ပေးတာက ထိန်းကျောင်းမှုအပိုင်းကိုလည်း မူဝါဒတွေခိုင်မာဖို့လိုတယ်’’ ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်  တွဲဖက်အတွင်းရေးမှူး ဦးနေလင်း  ဇင်ကပြောသည်။

နိုင်ငံခြားကုမ္ပဏီများကို ပို့ ကုန်ကဏ္ဍတွင် လုပ်ကိုင်ခွင့်ပြု  ပေးခြင်းက ကာလတိုအတွင်းရင်း နှီးမြှုပ်နှံပြီး ပြန်လည်ထွက်ခွာ နိုင်သည့် အခြေအနေမဖြစ်စေ ရန်လိုကြောင်း မြန်မာနိုင်ငံ   ကုန်သည်များနှင့် စက်မှုလက်မှု  လုပ်ငန်းရှင်များအသင်းချုပ် ဒုတိ ယဥက္ကဋ္ဌ ဒေါက်တာမောင်မောင် လေးကပြောသည်။ ထုတ်လုပ်သူများထံမှ တစ် ဆင့်ဝယ်ယူပြီး ပြည်ပသို့ကုန် ပစ္စည်းများတင်ပို့ရာတွင် ဈေး ကွက်အခြေအနေနှင့် ပြည်တွင်း လုပ်ငန်းရှင်များ၏ အခြေအနေ ပေါ်မူတည်၍ လိုအပ်သလို ပြောင်းလဲပြင်ဆင်မည်ဟု  စီးပွား ကူးသန်းဝန်ကြီးဌာန  အမိန့် ကြော်ငြာစာတွင် ဖော်ပြသည်။

No comments:

Post a Comment