Thursday, June 13, 2019

ဆူဒန်တွင် အရပ်ဘက်အုပ်ချုပ်ရေး ကူးပြောင်းရန် ကြိုးပမ်းမှု အမေရိကန် ထောက်ခံ

ဆူဒန်အတိုက်အခံတွေရဲ့ အရပ်ဘက်အုပ်ချုပ်ရေး ကူးပြောင်းဖို့ ကြိုးပမ်းမှုကို အမေရိကန်က ထောက်ခံအားပေးတယ်လို့ အဓိက အတိုက်အခံ မဟာမိတ်ခေါင်းဆောင်တယောက်က ဇွန်လ ၁၂ ရက်နေ့မှာ ပြောပါတယ်။ လွတ်လပ်ခွင့်နဲ့ ပြောင်းလဲရေး မဟာမိတ်တပ်ဖွဲ့ (DFCF) ခေါင်းဆောင်တဦးဖြစ်တဲ့ မာဒါနီ အာဘက်စ် မာဒါနီဟာ ဗုဒ္ဓဟူးနေ့က အာဖရိကဆိုင်ရာ အမေရိကန် ထိပ်တန်းသံတမန် တေဘိုနာဂျီနဲ့ တွေ့ဆုံအပြီး အခုလို ပြောလိုက်တာပါ။



ဇွန်လ ၃ ရက်နေ့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သပိတ်စခန်းတခုကို ဝင်စီးလို့ ဒါဇင်နဲ့ချီတဲ့ လူသေဆုံးခဲ့အပြီး အတိုက်အခံတွေနဲ့ စစ်တပ်အကြား အခြေအနေ တင်းမာခဲ့ပေမယ့် ပြန်ညှိနှိုင်း ဆွေးနွေးဖို့ နှစ်ဖက်အကြား သဘောတူခဲ့ကြတယ်လို့ အီသီယိုးပီးယား အထူးသံတမန် မာမွတ် ဒီရီယာက ဇွန်လ ၁၁ ရက်နေ့မှာ ကြေညာထားပါတယ်။

ဒါပေမယ့် စစ်ဘက်ကောင်စီနဲ့ ညှိနှိုင်းဆွေးနွေးတဲ့ နေရာမှာ တိုက်ရိုက်မဟုတ်ဘဲ တဆင့်ခံ ဆွေးနွေးပွဲတွေမှာသာ ပါဝင်မှာဖြစ်ပြီး တခြား ကန့်သတ်မှုတွေလည်း လုပ်သွားမယ်လို့ DFCF ခေါင်းဆောင် အာဘက်စ် မာဒါနီက ပြောပါတယ်။

အမေရိကန် ထိပ်တန်းသံတမန် တေဘိုနာဂျီဟာ ဆူဒန်နိုင်ငံရဲ့ ယာယီ ဒုနိုင်ငံခြားရေးဝန်ကြီး အိုင်ဟန် အီဘရာဟင်နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။

အမေရိကန်ဟာ ဆူဒန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် သံတမန်ဟောင်း ဒေါ်နယ်ဘုသ်ကို ဇွန်လ ၁၂ ရက်နေ့က ခန့်အပ်လိုက်ပါတယ်။

No comments:

Post a Comment