Thursday, June 13, 2019

မုံရွာတွင် ဆိုင်ကယ်ခိုးသူသုံးဦး ဖမ်းမိ၊ တစ်ဦးထွက်ပြေးနေ

 မုံရွာမြို့တွင် GPS တပ် ဆင်ထားသော ဆိုင်ကယ်နှစ်စီးခိုး ယူသူသုံးဦးကိုဖမ်းမိပြီး တစ်ဦး ထွက်ပြေးနေကြောင်း မုံရွာမြို့ နယ်မြေရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ် ဆန်းလင်းက ပြောသည်။ မုံရွာစီးပွားရေးတက္ကသိုလ် နယ်မြေတွင် ရပ်ထားသည့် စကူ ပီဆိုင်ကယ်နှစ်စီး ဇွန်လ ၉ ရက် က ခိုးယူခံရပြီး ခိုးယူသွားသော ဆိုင်ကယ်၌ တပ်ဆင်ထားသော GPS စနစ်ခြေရာခံ၍ ရဲတပ်ဖွဲ့က စုံစမ်းရာမှ ဖမ်းမိခဲ့သည်။



မုံရွာမြို့ ဆူးလေကုန်းရပ် ကွက်နေ အသက် (၂၈) နှစ်အ ရွယ် အမျိုးသမီးသည် မုံရွာစီးပွား ရေးတက္ကသိုလ်တွင် သင်တန်း တက်နေခိုက် စကူပီအနက်ရောင် ဆိုက်ကယ် ခိုးယူခံရ၍ မုံရွာမြို့ နယ်မြေရဲစခန်း၌ ခိုးမှုဖြင့်အမှုဖွင့် ခဲ့သည်။

ဆိုင်ကယ်တွင် တပ်ဆင် ထားသော GPS ဖြင့် ခြေရာခံစုံ စမ်းကာ ဝက်လက်မြို့နယ် ဆင် ဝက်မြောက်ကျေးရွာရှိ အိမ်တစ် အိမ်၌ ခိုးယူသွားသောဆိုင်ကယ် ဘီးပေါက်၍ အမျိုးသားတစ်ဦး လာရောက်ဖာထေးပြီး ၎င်းအမျိုး သားသည် ရဲတပ်ဖွဲ့ဝင်များကို တွေ့၍ ကျေးရွာအပြင်လယ်ကွင်း များဘက်သို့ ထွက်ပြေးခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များက လိုက် ဖမ်းရာ ဆင်ဝက်တောင်ကျေးရွာ  တောင်ဘက်တွင် ဆိုင်ကယ်ခိုး ယူသူ စဥ့်ကူးမြို့နယ် ကျည် တောက်ပေါက်ကျေးရွာနေ (၂၉) နှစ်အရွယ် အမျိုးသား တစ်ဦးကို ဖမ်းမိခဲ့သည်။ ရဲတပ်ဖွဲ့ စစ်ဆေးချက်အ ရ ပြစ်မှုကျူးလွန်ရာတွင် ဆိုင်ကယ် နှစ်စီးကို ၎င်းနှင့်အတူ အမျိုးသား တစ်ဦးကခိုးယူပြီး ယင်းအမျိုးသား သည် ရွှေဘို-မန္တလေး ကားလမ်း အတိုင်း စစ်ကိုင်းဘက်သို့ မောင်း သွားကြောင်း ထွက်ဆို၍ ဆား တောင်ကျေးရွာဈေးအနီး  ရဲတပ် ဖွဲ့က ပိတ်ဆို့ရှာဖွေကာဆိုင်ကယ် ထား၍ တောထဲထွက်ပြေးခဲ့ သည်။ ယင်းအမှုနှင့်ပတ်သက်၍ ရဲ တပ်ဖွဲ့က စဥ့်ကူးမြို့နယ် ကျည် တောက်ပေါက်ကျေးရွာသို့ သွား ရောက်ရှာဖွေရာ အသက် (၂၄) နှစ်အရွယ် အမျိုးသားနှင့် အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ် ဦးအား ထပ်မံဖမ်းမိခဲ့ကြောင်း ရဲ မှတ်တမ်း၌ ဖော်ပြထားသည်။

No comments:

Post a Comment