Thursday, June 13, 2019

အဋ္ဌမတန်း မြန်မာစာတွင် ပယ်ဖျက်ခဲ့သည့် မယ်ခွေ၏ “လက်ဆောင်” ကဗျာကို ဒသမတန်း သင်ရိုးညွှန်းတမ်းတွင် ပြန်လည် ထည့်သွင်း ပြဋ္ဌဌာန်းမည်

အဋ္ဌမတန်း မြန်မာစာတွင် ပယ်ဖျက်ခဲ့သည့် စာဆိုမယ်ခွေ၏ “လက်ဆောင်” ကဗျာ ကို ဒသမတန်း သင်ရွှိုးညန်းတမ်းတွင် ပြန်လည်ထည့်သွင်း ပြဋ္ဌဌာန်းမည် ဖြစ်ကြောင်း ဇွန် ၁၂ ရက်တွင် ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ လက်ရှိ အဋ္ဌမတန်း မြန်မာဖတ်စာတွင် ယခင်ပြဋ္ဌဌာန်းခဲ့သော စာဆိုမယ်ခွေ၏ “လက်ဆောင်” ကဗျာကို ကျောင်းသူ ကျောင်းသားများ၏ အသက်အရွယ်၊ အတန်းအဆင့်နှင့် ပိုမိုသင့်လျော်မည့် စနစ်သစ် အခြေခံပညာ အထက်တန်း ဒသမတန်း (Grade 10) မြန်မာဖတ်စာတွင် အခြေခံပညာ မြန်မာစာ ဘာသာရပ်၊ သင်ရိုးညွှန်းတမ်း ကော်မတီဝင်များ၏ သဘောတူညီမှုဖြင့် ထည့်သွင်းပြဋ္ဌဌာန်းမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



အဆိုပါ “လက်ဆောင်” ကဗျာကို စာဆို မယ်ခွေက ရေးဖွဲ့ထားပြီး ထိုကဗျာသည် ခေတ်စနစ်နှင့် မညီသောကြောင့် လည်းကောင်း၊ ကဗျာထဲတွင် ပါဝင်သော ဆေးလိပ်သောက်သည့် အကြောင်းအား လူငယ်များ အတုယူ မမှားစေရန် ယခုနှစ်တွင် ပညာရေးဝန်ကြီးဌာနက သင်ရိုးညွှန်းတမ်းမှ ဖြုတ်ပစ်ခဲ့ပြီးနောက် လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုကဗျာတွင် ပါဝင်သော ဆေးလိပ်သောက်ခြင်း အကြောင်းအား လူငယ်များ အတုယူ မမှားစေရန်အတွက် အဖွဲ့အစည်းအချို့က သင်ရိုးမှ ဖြုတ်ပစ်ရန် တောင်းဆိုခဲ့ကြကြောင်း အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

စာဆိုမယ်ခွေ၏ “လက်ဆောင်” ကဗျာသည် မေတ္တာဖွဲ့ လေးချိုးကဗျာ တစ်ပုဒ်ဖြစ် ပြီး ယခုနှစ် အဋ္ဌဌမတန်း မြန်မာဖတ်စာတွင် “လက်ဆောင်”ကဗျာအစား စာဆို ဦးကြော့ သမီး မအိ၏ “လက်ဆောင်”ကဗျာဖြင့် အစားထိုးခဲ့သည်။

ထိုသို့ လက်ဆောင်ကဗျာကို အဋ္ဌဌမတန်း မြန်မာစာ သင်ရိုးညွှန်းတမ်းမှ ပယ်ဖျက်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ကဗျာဆရာ သစ္စာနီက ゞင်း၏ လူမှုကွန်ရက် စာမျက်နှာ (Facebook) တွင် “ဒီကဗျာလေးကို (၁) အချစ်ရှု ထောင့်၊ (၂) ဘဝရှုထောင့် ရှုထောင့်နှစ်မျိုးနဲ့ ဖွင့်ဆိုပြတာပါ။ ကဗျာဆိုတာ ကျယ်ဝန်းတော့ တခြားရှုထောင့်တွေကလည်း ဖွင့်ဆိုပြနိုင်ပါသေးတယ်။ ဆေးလိပ်သောက်ဖို့ တိုက်တွန်း လှုံ့ဆော်တာတော့ ရှာမတွေ့ပါခင်ဗျား” ဟု ရေးသား ဖော်ပြခဲ့သည်။

“လက်ဆောင်” ကဗျာကို အဋ္ဌဌမတန်း သင်ရိုးမှ ပယ်ဖျက်စေသူ၊ ပယ်ဖျက်ရန် တိုက်တွန်းသူတို့အား ပြင်းထန်စွာ ရှုတ်ချကြောင်း၊ ယင်းကိစ္စအတွက် တာဝန်ရှိသူများကိုလည်း သင့်လျော်သလို အရေးယူပေးစေလိုကြောင်း နှင့် ယင်းကဗျာကို အဋ္ဌဌမတန်း သင်ရိုးသစ်တွင် ခြွင်းချက်မရှိ ပြန်လည် ထည့်သွင်းပေးရန် တောင်းဆိုကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ဇွန် ၉ ရက် တွင် သဘောထားတစ်ရပ် ထုတ်ပြန် ကြေညာခဲ့သည်။ 

No comments:

Post a Comment