Thursday, June 13, 2019

စင်ကာပူကို နိုင်ခြင်းကြောင့် အဓိကပြိုင်ပွဲများအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေကြောင်း မြန်မာနည်းပြဆို

ဖီဖာနိုင်ငံတကာ ခြေ စမ်းပွဲတွင် အိမ်ရှင်စင်ကာပူအ သင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရ သဖြင့် အဓိကပြိုင်ပွဲများဖြစ်သည့် ဆူဇူကီးဖလားနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲများအတွက် ကြိုတင်ပြင် ဆင်ရန် စိတ်ဓာတ်ခွန်အားဖြစ်စေ ကြောင်း မြန်မာအသင်း နည်းပြ ချုပ်ရာဂျူလိုဗစ်က ပြောသည်။ ဇွန်လ ၁၁ ရက် ညက စင် ကာပူနိုင်ငံ အမျိုးသားအားကစား ကွင်း၌ ယှဉ်ပြိုင်သည့် စင်ကာပူ လက်ရွေးစင်နှင့် မြန်မာ့လက်ရွေး စင်အသင်းတို့ပွဲတွင် မြန်မာအ သင်းက အောင်သူ၊ ကျော်ကိုကို၊ ဇော်မင်းထွန်းစသည့် အဓိကက စားသမား အစုံအလင်ဖြင့် ပွဲ ထွက်ခဲ့သည်။



ပွဲအစ ၅ မိနစ်တွင် မြန်မာ အသင်းက တိုက်စစ်မှူးကျော်ကို ကို၏သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ သော်လည်း ၂၅ မိနစ်တွင် စင် ကာပူအသင်းက ပြန်လည်ချေပ သဖြင့် ပထမပိုင်း၌တစ်ဂိုးစီသရေ ဖြင့် ပြီးဆုံးခဲ့သည်။ ဒုတိယပိုင်း တွင် မြန်မာအသင်းက တန်ပြန် တိုက်စစ်ဖြင့်သာ ယှဉ်ပြိုင်ပြီး ၆၈ မိနစ်၌ ကျော်ကိုကိုက ဒုတိယဂိုးထပ်မံသွင်းယူခဲ့သည်။  လက် ကျန်မိနစ်များတွင် စင်ကာပူအ သင်းက ဖိအားပေးကစားနိုင်သော် လည်း ချေပဂိုးပြန်လည်သွင်းယူ နိုင်ခြင်းမရှိသဖြင့် မြန်မာအသင်း က ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

မြန်မာအသင်းသည် လက် ရွေးစင် အသင်းကြီးအဆင့်တွင် စင်ကာပူအသင်းကို ၁၉၉၃ နောက်ပိုင်း ပထမဆုံးပြန်လည် အနိုင်ယူနိုင်ခဲ့ပြီး နည်းပြသစ်ရာ ဂျူလိုဗစ်အတွက် ပွဲဦးထွက်နိုင်ပွဲ စတင်ရရှိခဲ့သည်။

ယင်းပွဲတွင် မြန်မာကစား သမားများ၏ စွမ်းဆောင်မှုကို အားရကျေနပ်ပြီး ရေရှည်လက် တွဲရန် ကြိုးပမ်းမည်ဖြစ်ကြောင်း နည်းပြချုပ် ရာဂျူလိုဗစ်က ပွဲအ ပြီး၌ ပြောကြားသည်။

‘‘ဒီနေ့ပွဲက ကျွန်တော့်အ တွက် မြန်မာအသင်းကို အနိုင်ရ လဒ်နဲ့ စတင်ပေးနိုင်ခဲ့ပါတယ်။ ဒီ ပွဲကြောင့် ပရိသတ်တွေပျော်ရွှင် ကြမှာပါ။ စင်ကာပူကို အနိုင်ရခဲ့ တဲ့အတွက် လာမယ့်အဓိကပြိုင် ပွဲတွေဖြစ်တဲ့ ဆူဇူကီးဖလားအ ပါအ၀င် ကမ္ဘာ့ဖလား ခြေစစ်ပွဲ တွေ ကြိုတင်ပြင်ဆင်ဖို့ စိတ်ဓာတ် ခွန်အား ဖြစ်ရပါတယ်’’ ဟု ၎င်းက ပြောသည်။ မြန်မာ့လက်ရွေးစင်အသင်း သည် ယခုနှစ်စက်တင်ဘာတွင် ကျင်းပမည့် ၂၀၂၂ ကာတာကမ္ဘာ့ ဖလား ခြေစစ်ပွဲဝင်ရောက်ယှဉ် ပြိုင်ရန် ပြင်ဆင်နေသည်။

No comments:

Post a Comment