Thursday, June 13, 2019

လာလီဂါက ထွက်ခွာနိုင်ခြေရှိဟု ဂရစ်ဇ်မန်း အရိပ်အမြွက်ပြောကြား

လီဂူးဝမ်းချန်ပီယံ ပီအက်စ် ဂျီနှင့် လာလီဂါချန်ပီယံဘာစီလို နာတို့နှင့် ချိတ်ဆက်ပြောဆိုမှုများ ရှိနေစဉ် မိမိအနေဖြင့် လာလီဂါ တွင်ဆက်နေရန် မသေချာဟု ပြင် သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းက ပြောသည်။ ဂရစ်ဇ်မန်းသည် အက်သ လက်တီကိုမက်ဒရစ်တွင် ငါးနှစ် ကြာကစားပြီး နောက် ပြောင်းရွှေ့ မည်ဟု ပြောကြားထားပြီးဖြစ်ကာ ဘာစီလိုနာသို့ ရောက်ရှိမည်ဟု တစ်ပေးခံထားရသည်။ သို့သော် နေမာ၊ မက်ဘီတို့ နှင့်ပတ်သက်၍ မရေရာမှုကြုံနေရ သော ပီအက်စ်ဂျီသို့ပြင်သစ်တိုက် စစ်မှူး ရောက်ရှိနိုင်သည့်အခြေ အနေလည်း ရှိနေသည်။



ဂရစ်ဇ်မန်းကိုယ်တိုင်က ၎င်း၏အနာဂတ်နှင့် ပတ်သက်၍ စိတ်ရှည်ရန် တောင်းဆိုထားပြီး နွေရာသီတွင်စပိန်မှ ထွက်ခွာနိုင် ခြေကိုအရိပ်အမြွက် ပြောသည်။

‘‘စောလွန်းနေသေးတဲ့အ တွက် စိတ်ရှည်ဖို့လိုပါတယ်။ ကျွန်တော်က တခြားလူတွေထက် ပိုပြီး အနာဂတ်ကိုရှင်းရှင်းလင်း လင်း ဖြစ်ချင်ပါတယ်။ ဒါပေမဲ့ စောင့်ဆိုင်းဖို့လိုနေပါတယ်။ ကျွန် တော်စပိန်မှာ ဆက်ရှိမလားဆို တာကို မသိပါဘူး။ လာမယ့်သီ တင်းနှစ်ပတ်လောက်ဆိုရင်တော့ တစ်ခုခုသိရမယ်ထင်ပါတယ်’’ ဟု ဂရစ်ဇ်မန်းက ပြင်သစ်ကအန် ဒိုရာကို ၄-၀ ဂိုးဖြင့် နိုင်ပွဲအပြီး တွင် သတင်းထောက်များအား ပြောကြားသည်။

အက်သလက်တီကိုမက်ဒ ရစ်ဥက္ကဋ္ဌ အင်းနရစ်စီရီဇိုကလည်း ဂရစ်ဇ်မန်း မည်သည့်အသင်း ရောက်မည်ကို မသိကြောင်းနှင့် ဘာစီလိုနာက မိမိကိုဆက်သွယ် လာခြင်းမရှိဟု ပြောကြားထား သည်။ ပြင်သစ်နိုင်ငံတွင် မွေးဖွား သော ဂရစ်ဇ်မန်းသည် ၎င်း၏ ဘောလုံးသမားဘဝ ကာလအ များစုကို စပိန်တွင် ဖြတ်သန်းခဲ့ ပြီး ၂၀၁၄ က ရီးရဲလ်ဆိုစီဒက်မှ အက်သလက်တီကိုမက်ဒရစ်သို့ ရောက်ရှိခဲ့သည်။ အက်သလက်တီကိုနှင့်အ တူ ယူရိုပါလိဂ်၊ ဥရောပစူပါဖ လား၊ စပိန်စူပါဖလားများ ရရှိခဲ့ သည်။

No comments:

Post a Comment