Thursday, June 13, 2019

ဆယ်ကျော်သက်လူငယ် ၄ ရာခိုင်နှုန်းကျော် အရက်သောက်သုံးနေ အရက်သောက်သုံးသော လူငယ်များ၏ ထက်ဝက်ခန့်သည် (၁၄) နှစ်အရွယ်ကပင် စတင်သောက်သုံးခြင်းဟုဆို

 မြန်မာနိုင်ငံရှိ အသက် (၁၃) နှစ်မှ (၁၇) နှစ် ကြား ဆယ်ကျော်သက်လူငယ် ၄ ဒသမ ၃ ရာခိုင်နှုန်းခန့်သည် အ ရက်သောက်သုံးနေပြီး ၎င်းတို့အ နက် ထက်ဝက်ခန့်သည် အသက် (၁၄) နှစ်ရွယ်ကပင် အရက်စတင် သောက်သုံးခြင်းဖြစ်ကြောင်း နိုင် ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။  ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများအရှိန်အ ဟုန်မြှင့်တင်ရေး အမျိုးသားအ ဆင့် နှီးနှောဖလှယ်ပွဲကို ဇွန်လ ၁၂ ရက်က နေပြည်တော်၌ ကျင်း ပရာ အဖွင့်မိန့်ခွန်းတွင် ဒေါ် အောင်ဆန်းစုကြည်ကထည့်သွင်း ပြောကြားခြင်းဖြစ်သည်။



Myanmar Global School Health Survey-GSHS အရ (၁၃) နှစ်နှင့် (၁၇) နှစ်အကြား ဆယ်ကျော်သက်များ အရက် သောက်သုံးခြင်းသည် ၂၀၀၇ တွင်  ၁ ဒသမ ၄ ရာခိုင်နှုန်းရှိရာမှ ၂၀၁၆ တွင် ၄ ဒသမ ၃ ရာခိုင်နှုန်း အထိ များလာသည်ကို တွေ့ရ ကာ ထက်ဝက်ခန့်သည် (၁၄) နှစ် မတိုင်ခင် အရက်ကိုစတင် သောက်သုံးနေသည်ဟု ၎င်းက ဆိုသည်။

ဆေးလိပ်သောက်သုံးခြင်း သည် ၂၀၀၇ တွင် ၂ ရာခိုင်နှုန်း ရှိရာမှ ၂၀၁၆ တွင် ၆ ဒသမ ၆ ရာခိုင်နှုန်းအထိ ဖြစ်လာသည်ကို တွေ့ရပြီး ကွမ်းယာစသည့်အငွေ့ မထွက်သည့် ဆေးရွက်ကြီးသုံးစွဲမှု သည် ၂၀၀၇ တွင် ၃ ဒသမ ၆ ရာခိုင်နှုန်းမှ ၂၀၁၆ တွင် ၈ ရာခိုင် နှုန်းအထိ မြင့်တက်လာသည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က GSHS ကို ကိုးကားပြောကြားသည်။

နိုင်ငံတော်တည်ငြိမ်အေး ချမ်းရေးအတွက် တရားဥပဒေစိုး မိုးရေးကို အလေးထားရန် လို သော်လည်း ၂၀၁၆ က ပြဋ္ဌာန်းခဲ့ သည့် ဆေးလိပ်၊ ဆေးရွက်ကြီး ထွက်ပစ္စည်းသောက်သုံးမှု ထိန်း ချုပ်ရေးဥပဒေ၌ ကျောင်းနှင့် တက္ကသိုလ်များတွင် ဆေးလိပ် သောက်ခွင့်မရှိသည့်အပြင် ကျောင်းပရိဝုဏ်အတွင်းနှင့် ကျောင်းပရိဝုဏ်မှ ပေ ၁၀၀ အ တွင်း ဆေးလိပ်ရောင်းချခြင်းမပြု ရ၊ အသက် (၁၈) နှစ်မပြည့်သေး သူကို ဆေးလိပ်ရောင်းချခြင်း (သို့မဟုတ်) ပေးကမ်းခြင်း မပြုရ ဟု ပါရှိသော်လည်းအရေးယူခြင်း အားနည်းနေသည်ဟုလည်း ဒေါ် အောင်ဆန်းစုကြည်ကဆိုသည်။

၂၀၀၇ မှ ၂၀၁၆ အထိ  ဆယ်နှစ်အတွင်း ဆယ်ကျော် သက်လူငယ်များ ကိုယ်လက်လှုပ် ရှားမှု လျော့နည်းလာသည်ကို တွေ့ရပြီး ခြောက်ဦးလျှင်တစ်ဦး သည် ဗီဒီယိုကြည့်ခြင်း၊ ဂိမ်းက စားခြင်းစသည့် Screen Time အသုံးပြုချိန် ပိုများလာသည်ဟု လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ဆို သည်။

ဆယ်ကျော်သက်များတွင် အာဟာရချို့တဲ့နှုန်း ၁၈ ရာခိုင် နှုန်းရှိပြီး ကိုယ်အလေးချိန်များ ခြင်းနှင့် အဝလွန်ခြင်း ၁၀ ရာခိုင် နှုန်းခန့်တွေ့ရသဖြင့် အာဟာရ ချို့တဲ့ခြင်းနှင့် အာဟာရလွန်ကဲ သည့် ပြဿနာများ (ဥပမာ- အဝ လွန်ခြင်း၊ သွေးတိုး၊ ဆီးချိုနှင့် အ ခြားသော မကူးစက်နိုင်သည့်ရော ဂါများ) ဖြစ်ပေါ်နေသည့်အပြင် ဆယ်ကျော်သက်အရွယ်များတွင်  ဆယ်ဦးအနက် တစ်ဦးသာတစ်နေ့ လျှင် အနည်းဆုံး တစ်နာရီ ကိုယ် လက်လှုပ်ရှားမှုရှိပြီး ဆယ်ကျော် သက်လူငယ်ဆယ်ဦးအနက် တစ် ဦးသည် အထီးကျန်ခံစားနေရ သည်ဟု GSHS သုတေသနတွင် ဖော်ပြထားသည်။

ကျောင်းသား၊ ကျောင်းသူ များကို ကျန်းမာရေး အသိပညာ ပေးနိုင်သည့် ‘ဘဝတွက်တာကျွမ်း ကျင်စရာဘာသာရပ်’ ကို ၁၉၉၈ ကစတင်ကာ တွဲဖက်သင်ရိုးဝင် ဘာသာရပ်အဖြစ် သတ်မှတ် ပြဋ္ဌာန်းခဲ့ရာမှ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်ကစတင်ကာ မသင် မနေရ သင်ရိုးဝင်ဘာသာအဖြစ်  သင်ကြားနေသော်လည်း ဝန် ထမ်းနှင့်သင်ကြားမှု အထောက် အကူပြုပစ္စည်းများ လိုအပ်ချက်၊ ဆရာ၊ ဆရာမ၊ မိဘပြည်သူများ ၏ စိတ်ပါဝင်စားမှု မမြင့်မားခြင်း ကြောင့် အားနည်းနေသေးသည် ဟု ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသည်။

ထို့ပြင်  မိသားစု၊ သူငယ် ချင်း၊ ချစ်သူဆက်ဆံရေးများ၊ တန်ဖိုးထားမှု၊ အခွင့်အရေး၊ ယဉ် ကျေးမှု၊ ကျား/မရေးရာ၊ အကြမ်း ဖက်မှုနှင့် လုံခြုံမှု၊ နေကောင်း ကျန်းမာနိုင်ရန် မိမိကိုယ်ကိုယ် ဂရုစိုက်မှုများ၊ ယောက်ျားလေး များ၊  မိန်းကလေးများ၏ကိုယ်ခန္ဓာ တည်ဆောက်ပုံ၊ အစိတ်အပိုင်း များနှင့်  ၎င်းတို့အဆင့်ဆင့်ကြီး ထွားဖွံ့ဖြိုးလာပုံ၊ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အပြုအမူ များပါဝင်သည့် Comprehensive Sexuality Education ကိုလည်း ကျောင်းများတွင် သင် ကြားရမည်ဟု  အတိုင်ပင်ခံပုဂ္ဂိုလ် က ဆိုသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် ကျန်းမာ ရေးနှင့်ညီညွတ်သည့် ကျောင်းနှင့် ကျောင်းဝန်းကျင်များ ပေါ်ထွန်း လာစေရန် ၁၉၉၆ က စတင် ဆောင်ရွက်နေသော်လည်း အ ခြေခံပညာ ကျောင်းများ၏ ၄၂ ရာခိုင်နှုန်းသာ ကျန်းမာရေးအ ဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များ ကို ပြည့်မီအောင်ဆောင်ရွက်နိုင် သည်ဟုလည်း ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။

ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန တစ်ခုတည်းနှင့် အောင်မြင်မှုရရှိနိုင်မည် မဟုတ် ဘဲ ပညာရေးဝန်ကြီးဌာန၏ ဦး ဆောင်ပါဝင်မှု၊ မိဘပြည်သူများ၊  ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ပါဝင်စား စွာလှုပ်ရှားမှု၊ ပြည်တွင်းနှင့် နိုင်ငံ တကာ အဖွဲ့အစည်းများ၏ ထောက်ပံ့ပေးမှုများ လိုသည်ဟု ၎င်းကဆိုသည်။  ကျန်းမာရေး အဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အ ဟုန်မြှင့်တင်ရေး အမျိုးသားအ ဆင့်နှီးနှောဖလှယ်ပွဲကို နှစ်ရက် ကြာ ကျင်းပမည်ဖြစ်ပြီး အခြေခံ ပညာကျောင်းများနှင့် တက္ကသိုလ် များတွင် မူးယစ်ဆေးဝါးအန္တရာယ်  ကင်းစင်ပပျောက်ရေး၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ကွမ်းယာသုံးစွဲမှု ကင်းစင်ပပျောက်ရေး၊ အရက်အ လွန်အကျွံ သောက်သုံးခြင်းနှင့် နောက်ဆက်တွဲ အန္တရာယ်များ လျှော့ချရေး၊ကျန်းမာရေးနှင့် ညီ ညွတ်သည့် လူနေမှုဘဝပုံစံများ လိုက်နာကျင့်သုံးဆောင်ရွက်ရေး၊ ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ် ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းပပျောက်ရေး၊ မျိုး ဆက်ပွား ကျန်းမာရေးဆိုင်ရာ အ သိပညာဗဟုသုတများထည့်သွင်း သင်ကြားနိုင်ရေးနှင့် ကျောင်း သား၊ ကျောင်းသူများတွင် ဂိမ်းအ လွန်အကျွံ စွဲလမ်းမှုပပျောက်ရေး လုပ်ငန်းစဉ်များကို  အရှိန်အဟုန် မြှင့်ဆောင်ရွက်နိုင်ရန် နှစ်ရက် တာပြုလုပ်မည့် နှီးနှောဖလှယ်ပွဲ တွင် ဆွေးနွေးမည်ဖြစ်သည်။

No comments:

Post a Comment