Thursday, June 13, 2019

ဖိလစ်ပိုင်လေတပ် ဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ရောက်ရှိ

ဖိလစ်ပိုင်လေတပ် ဦးစီးချုပ် Lieutenant General ROZZANO.D BRIGUEZ AFP နှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဇွန်လ ၁၂ ရက်နေ့ ညပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြခဲ့ကြသည်။ အဆိုပါ ကိုယ်စားလှယ်အဖွဲ့အား ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ)မှ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်စစ်သံမှူး Col. Vicente Mark Antony P.Blanco ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)မှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ သံရုံးမှ တာဝန်ရှိသူများက လေဆိပ်၌ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment