Thursday, June 13, 2019

ငွေကြေးအရှုပ်အရှင်းနှင့်နာမည်ထွက်နေသော မြန်မာနိုင်ငံ သတင်းမီဒီယာကောင်ဝင်အား မြန်မာအမျိုးသမီး သတင်းသမားများအဖွဲ့က တာဝန်မှရပ်ဆိုင်း

ငွေကြေးအရှုပ်အရှင်းကိစ္စဖြင့် နာမည်ထွက်နေသော မြန်မာနိုင်ငံသတင်းမီဒီယာအဖွဲ့ဝင် ဒေါ်--အား အဖွဲ့ကိုယ်စားပြုပြီး ဆက်သွယ်ဆောင်ရွက်နေသော လုပ်ငန်းတာဝန်များမှ ရပ်ဆိုင်းလိုက်ကြောင်း မြန်မာအမျိုးသမီး သတင်းသမားများအဖွဲ့ (MWJS) ဇွန် ၁၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။ြ မန်မာအမျိုးသမီး သတင်းသမားများအဖွဲ့ (MWJS) ကိုယ်စားပြု သတင်းမီဒီယာကောင်စီဝင် ဒေါ်-- အနေဖြင့် သက်ဆိုင်ရာအလုပ်အမှုဆောင်အဖွဲ့ဝင်များအား အသိပေးခြင်းမရှိဘဲ အဖွဲ့အမည်အားအသုံးပြုပြီး ငွေကြေးလျှောက်ထားခဲ့ခြင်း၊ ငွေကြေးသုံးစွဲမှုများကိုစီမံခဲ့သည့်အတွက် အဖွဲ့၏ ဖွဲ့စည်းပုံဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် ရုံး လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို ချိုးဖောက်ရာရောက်ကြောင်း၊
ထို့ကြောင့် (MWJS) ကိုယ်စားပြု သတင်းမီဒီယာကောင်စီဝင် ဒေါ်--အနေဖြင့် လက်ရှိ ဆက်သွယ်ဆောင်ရွက်နေသော လုပ်ငန်းတာဝန်များကို ဆက်လက်လုပ်ကိုင်ခွင့်မပြုကြောင်း ဇွန် ၁၂ ရက်အစည်းအဝေးမှ ဆုံးဖြတ်လိုက်သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

အဆိုပါ သတင်းမီဒီယာကောင်စီဝင် ဒေါ်-- သည် သတင်းသမားများအတွက် အင်္ဂလိပ်စာသင်တန်းဖွင့်လှစ်ရန် ကောင်စီမှထောက်ပံ့ပေးခဲ့သောငွေကို အလွဲသုံးစားပြုလုပ်သည်ဟု သတင်းထွက်ပေါ်နေခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေဖြင့်လည်း အဖွဲ့ဝင် ၄ ဦးပါဝင်သော ကော်မတီဖြင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် အဖွဲ့ဝင် ၄ ဦးပါဝင်သည့် ကော်မတီကို ဇွန် ၁ဝ ရက်စွဲဖြင့် ဖွဲ့စည်းခဲ့သည်ဟု ကောင်စီ ဥက္ကဋ္ဌဟံသာဝတီဦးအုန်းကြိုင်က ဇွန် ၁၂ ရက်တွင် News Watch မှ သွားရောက်မေးမြန်းရာတွင် ပြောသည်။ ယင်းအဖွဲ့ဝင် ၄ ဦးမှာ ကောင်စီ၏ စာရင်းစစ်ဖြစ်သူ ဦးသိမ်းစိုးနှင့် ကောင်စီဝင်များဖြစ်သည့် ဦးကျော်ဇေယျ၊ ဒေါက်တာတင်လှိုင်၊ ဦးကိုကိုတို့ ဖြစ်သည်။

စုံစမ်းစစ်ဆေးမှုများကို ကော်မတီ ဖွဲ့စည်းခဲ့သည့်နေ့မှ နှစ်ပတ်အတွင်းအပြီးပြုလုပ်၍ကောင်စီသို့ ပြန်လည်တင်ပြရမည်ဖြစ်ပြီး စစ်ဆေးတွေ့ရှိချက်များအပေါ်အခြေခံကာ အရေးယူဆောင်ရွက်မှုများ ပြု လုပ်သွားမည်ဟုလည်း ဟံသာဝတီ ဦးအုန်းကြိုင်က ပြောသည်။ ငွေကြေးထောက်ပံ့ပေးခဲ့သည့် အခြေအနေများနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ပြောကြားရန် ဟံသာဝတီဦးအုန်းကြိုင်က ငြင်းဆန်ခဲ့သည်။

ဒေါ်-- ဆောင်ရွက်ခဲ့သည့် အင်္ဂလိပ်စာသင်တန်းကိစ္စနှင့် ပတ်သက်၍ MWJS က ဇွန် ၉ ရက်တွင်လည်း ရှင်းလင်းချက်တစောင်ထုတ်ပြန်ခဲ့သည်။ အဖွဲ့အနေဖြင့် အဖွဲ့ရုံးတွင် ပြုလုပ်သောလှုပ် ရှားမှုတခုဖြစ်သည့်အတွက် သင်တန်းပြုလုပ်နေသော ဓာတ်ပုံ၊ တက်ရောက်စာရင်းနှင့် အင်္ဂလိပ်စာသင်တန်းဆရာမအား သင်တန်းကြေးပေးသည့် ငွေရှင်းဖြတ်ပိုင်း မိတ္တူတစောင် မှတ်တမ်းအဖြစ် လက်ခံရရှိထားကြောင်း၊ အဖွဲ့အနေဖြင့် အဆိုပါ အင်္ဂလိပ်စာသင်တန်းအတွက် ဘတ်ဂျက်မည်မျှရခဲ့သည်ကို အစကတည်းက အသိပေးခံရခြင်းမရှိသလို သင်တန်းဘတ်ဂျက်သုံးစွဲမှုနှင့်ပတ်သက်၍ လုံးဝပါဝင်ပတ်သက်ခြင်း မရှိကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

No comments:

Post a Comment