ရဟတ်ယာဉ် ကွင်းပါဝင်ပြီးကျပ်သန်းငါးထောင်ကုန်ကျမယ့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ရုံးတည်ဆောက်မယ့် လုပ်ငန်း ကို တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်လိုက်ပါတယ်။ ဒီနေရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာကန့်ကွက်ဆေွးနွေးခဲ့ကြတာပါ။ လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ရာမှာတော့ ရဲတပ်ဖွဲ့ ရုံးကို လွှတ်တော်ဝန်းထဲမှာ တည်ဆောက်မယ့်အရေးကို ပါ ထောက်ပြခဲ့ကြပါတယ်။
ဒါအပြင် ငွေကျပ်သန်းခြောက်ထောင်ကုန်ကျခံပြီး အင်းစိန်မှာ တည်ဆောက်မယ့် စုပေါင်း
ရာဇဝတ်ရုံးတည်ဆောက်မယ့်လုပ်ငန်းကိုလည်း ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြပါတယ်။
ဒီလို ရဲတပ်ဖွဲ့ရုံးနဲ့ စုပေါင်းရာဇဝတ်ရုံးတည်ဆောက်မယ့် လုပ်ငန်း တွေအတွက် ဘတ်ဂျက်တွေကို တော့ ရန်ကုန်တိုင်း ရဲ့ လာမယ့် ဘတ်ဂျက်ထဲမှာထည့်သွင်းတောင်းခံထားတာပါ။
လာမယ့် ဘတ်ဂျက်အတွက် ရန်ကုန်တိုင်းမှာအသုံးပြုဖို့ လျာထားတဲ့ဘတ်ဂျက်ဟာ ငွေကျပ် ဘီလီယံ ၇၀၀ ကျော် ရှိပါတယ်။
အဲဒီဘတ်ဂျက်အတွက်တောင်ခံထားတာတွေကို ကိုယ်စားလှယ်တွေက ဆွေးနွေးရာမှာ တင်ပြထားတဲ့ လုပ်ငန်းတွေကျန်ခဲ့တာ၊ ဒေသဖွံ့ဖြိုး လုပ်ငန်းတွေထက် အဆောက်အဦးတည်ဆောက်မယ့်လုပ်ငန်းတွေ များနေတာကိုလည်း ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြပါတယ်။
No comments:
Post a Comment