Thursday, June 13, 2019

လူမှုကူညီရေးအသင်းယာဉ်ပေါ်မှ တရားမ၀င် သစ်ခွဲသားများဖမ်းမိ

ချောင်းဦးမြို့နယ်၌လမ်း ဘေးရေမြောင်းအတွင်း ထိုးကျ သည့် လူမှုကူညီရေးအသင်း ယာဉ်ပေါ်မှ တရားမ၀င်တမလန်း သစ်ခွဲသားများ ဖမ်းဆီးမိကြောင်း  ချောင်းဦးမြို့နယ်သစ်တောဦးစီး ဌာန တောအုပ်ကြီးဦးစိုးထိုက်က ပြောသည်။ ချောင်းဦးမြို့မြောက်ဘက်  နှစ်မိုင်ခန့်အကွာ မုံရွာ - မန္တလေး  လမ်းပေါ်တွင် တောင်မှမြောက် သို့မောင်းနှင်လာသော မဟာ တံခွန်လူမှုကူညီရေးယာဉ်သည် ဇွန်လ ၁၁ ရက်ည  ၇ နာရီခန့်က အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ထိုးကျပြီး ယာဉ်ပေါ်၌တရားမ၀င်တမလန်းသစ်ခွဲသား  ၁၃ ချောင်း (အလေးချိန် ၀ ဒသမ  ၈,၂၂၀ တန်)ဖမ်းဆီးရမိသည်။


‘‘လမ်းဘေးထိုးကျနေတဲ့ လူ မှုကူညီရေးအသင်း ယာဉ်ပေါ်က  တရားမ၀င် တမလန်းသစ်ခွဲသား  ၁၃ ချောင်းကိုဖမ်းမိတာပါ။ယာဉ် မောင်းသူကတော့ ထွက်ပြေးတိမ်း ရှောင်နေပါတယ်’’ ဟု ဦးစိုးထိုက်  ကပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍   စုံစမ်းစစ်ဆေးနေပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူမည်ဖြစ် ကြောင်း ၎င်းကပြောသည်။ ‘‘သစ်တောက တရားလို လုပ်ပြီးအမှုဖွင့်မှာပါ။ အခုလော  လောဆယ် သစ်တောက ဖမ်းမိ တဲ့သစ်တွေကို မုံရွာနန္ဒ၀န်ရပ် ကွက်ထဲက သစ်တောရုံးကိုပို့ပြီး စစ်ဆေးနေပါတယ်’’ ဟု ချောင်း ဦးမြို့နယ် မြို့မရဲစခန်းမှ တာဝန် ကျရဲအရာရှိတစ်ဦးကပြောသည်။

No comments:

Post a Comment